Skip to main content

ဘာတေးလစ်တနာ ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်

၁၉၈၈ လူထု အုံကြွမှု ကြီး ဖြစ်ပေါ်နေစဉ် အတွင်း
ပြည်ပ စာနယ်ဇင်းများနဲ့ ဒေါ်အောင်ဆန်းစုကြည်
တွေ့ ဆုံစဉ်မှာ ပြောခဲ့တဲ့ စကားက ထိုအချိန်က
အတော်လေး ရေပန်းစားသွားခဲ့ရပါတယ်။
(အနာဂါတ်မှာ ပေါ်ပေါက်လာမယ့် အစိုးရ အဖို့ ပြသာ
နာ ပေါင်း သောင်းခြောက်ထောင်ကို ရင်ဆိုင်ရတော့
မှာမို့ အေးအေး သက်သာ အုပ်ချုပ်သွားနိုင်လိမ့်မှာ
မဟုတ်ဖူး ) ဆိုတာပဲ ဖြစ်ပါတယ်။
ထိုကဲ့သို့ ပြောဆိုခဲ့ရသည့် အကြောင်းက တိုင်းပြည်
ကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့ကြတဲ့ စစ်တပ်ကို
တင်မဟုတ်ပဲ လူထုဆီက မကျေနပ်ချက်တွေ စုပြုံ ပွင့်
အန်ထွက်လာမယ့် အရေးကြောင့်
"စိတ်မသက်မသာ ကာလ" တွေ သူမ အတွက်
ဖြစ်လာမယ့်အရေးကိုပါထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
နောက်နှစ်ပေါင်းသုံးဆယ်အကြာသူမတွေးထင်ထား
သလိုဖြစ်လာခဲ့ပါတယ်။
သို့သော် ....
သူမကြိုတင်တွက်ဆမထားခဲ့မှုနဲ့ရင်ဆိုင်ခဲ့ရတာကတော့
စစ်တပ်ရဲ့ လူ့အခွင့်အရေး ကို ထုံးစံ အတိုင်း ပြု ကာ လက်လွတ်စပါယ် ပြု ကျင့်လာမှုများကြောင့် သူမအား နိုင်ငံတကာ က ပွင့်ပွင့်လင်းလင်းဝေဖန်ပြောဆိုလာတာ
ခံခဲ့ရခြင်း ပဲ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မှ တိုင်းပြည် ငြိမ်းချမ်းရေး အား ထိပ်တန်း ဦးစားပေး အဖြစ် ရှေ့မှ အားသွန်ခွန်စိုက်
လုပ်နေသော်လည်း နယ်စပ်ဒေသများမှာ တိုက်
ပွဲတွေက အကြောင်း အမျိုးမျိုး နဲ့ ယခင်ကထက်တောင်
ပို ဖြစ်လာနေတာ တွေ့ရပါတယ်။
ယခုအခါ အိုးအိမ် စွန့်ခွာ ထွက်ပြေးသွားရသူများ တသိန်းခန့် ပင်ရှိခဲ့တယ်လို့ သိရပါတယ်။
ထိုကဲ့သို့ ဖြစ်ပေါ်နေမှုများကို ဒေါ်အောင်ဆန်းစုကြည်
မှ ကာကွယ် ပြောဆိုမှုများ ရှိလာနေသဖြင့် စစ်တပ်
နှင့် ပုံမှန်ဆက်ဆံမှု တည်ဆောက်နိုင်ရေးသည် အခြား
အရာများထက် ဦးစားပေးနေရပြီလောဟု စွပ်စွဲမှုတွေ
ထွက်ပေါ်လာခဲ့ရပါတယ်။
တိုင်းပြည်အတွင်း မငြိမ်သက်မှုတွေ ရှိလာသည်နှင့်
အမျှ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု များ နဲ့ မီဒီယာ လွတ်လပ်
ခွင့် များ ကျဆင်းလာခဲ့ရပါတယ်။
ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်ကို
တန်ပြန်နိုင်ရန် နဲ့ ဒီမိုကရေစီ အခွင့်အလန်းများ ပိုမို
ဖေါ်ဆောင်နိုင်ရေး ဘယ်လောက်အထိ အာဏာ လက်ဝယ်ပိုင်ဆိုင်နေသလဲ ဆိုတဲ့ မေးခွန်း ထွက်ပေါ်
လာခဲ့ရပါတယ်။
လက်ရှိမှာ အားလုံးသိထားကြတဲ့ အတိုင်း စစ်တပ်၊ ရဲ နဲ့ မြို့ နယ် ရပ်ကွက် အုပ်ချုပ်ရေးမှုး အထိ အားလုံးက ၎င်းတို့ ခန့်ထားတဲ့ ၀န်ကြီး များရဲ့အမိန့်ကို တိုက်ရိုက်
နာခံနေကြပြီး အရပ်ဖက် ၀န်ကြီး များ နဲ့ လွှတ်တော်
ကော်မီတီများ အဖို့ ဟန်ပြ သက်သက်သာ ဖြစ်နေ
ပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို စစ်တပ်ရဲ့
အခွင့်အရေးတွေ ချိုးဖေါက်နေမှုများ အား ဝေဖန်ပြော
ဆိုနေမှုများကို တဦးတည်း ခါးစီးခံနေရတာ ဘယ်လိုမှ တရားမမျှ တ ဖူး" လို့ ဘန်ကောက်ရှိ မြန်မာအရေး သုံးသပ်သူ တဦးက ပြောဆိုခဲ့ပါတယ်။
သူမအနေနဲ့ က တိုင်းပြည်အနေနဲ့ ဒီမိုကရေစီ လမ်း
ကြောင်းပေါ် အမြဲတမ်း လျောက်လှမ်းသွားနိုင်ရေး ဆိုတဲ့ ရေရှည် မဟာဗျု ဟာ ကို ကျင့်သုံးခဲ့ပေမယ့် စစ်မှန်တဲ့ ဒီမိုကရေစီ ဘယ်တော့မှ ပေါ်ထွန်းမလာနိုင်
လောက်တဲ့ အတိုင်းအတာ အထိ ရောက်အောင် ၀ိုင်းပြီး
ပညာပြနေကြတာလားဆိုတဲ့သံသယတွေဖြစ်လာမိ
တယ်လို့ ဆိုပါတယ်။
နောက်တကြိမ် ပြုလုပ်မယ့် ၂၀၂၀ ရွေးကောက်ပွဲ မှာ ဒေါ်အောင်ဆန်းစုကြည် ၇၅ နှစ် ရှိနေပြီ ဖြစ်ပေမယ့် လောလောဆယ် သူ့မနေရာကို ဆက်ခံနိုင်မယ့် မျိုးဆက်သစ်တွေ ထဲက ပေါ်ထွန်းလာခြင်း မရှိသေး
တဲ့အပြင် မြေတောင်မြှောက်တာမျိုးလည်း မတွေ့ရသေး
ပါဖူး။
တိုင်းပြည်ကိုအရပ်သားဝတ်စုံပြောင်းဝတ်ပြီးအုပ်ချုပ်လာတဲ့ ပြည်ခိုင်ဖြိုး ပါတီအဖို့လည်း ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အထိအနာကြီးနာသွားခဲ့ရတာမို့ပြန်လည်ခေါင်းထောင်လာနိုင်စရာမရှိသေးတဲ့ အနေအထား ဖြစ်နေပါတယ်။
သို့သော်လည်း စစ်တပ်အနေနဲ့ရှေ့လျောက်တိုင်းပြည်ကို
၎င်းတို့ အလိုကျ ဆက်လက်အုပ်ချုပ်သွားနိုင်ရေးအတွက်
အခြား သော အလားအလာတွေ ရှိနေတယ်လို့ အဆိုပါ လေ့လာသူ ကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ အခွင့်အရေး
တွေ ပိုမို ရရှိအောင် ပြုလုပ်လာနိုင်ပေမယ့် ခက်နေရ
သည်က အဆိုပါ အခွင့်အလမ်းတွေကို အလျင်အမြန်
ပိတ်ဆို့ကာဆီးလာနေတယ်လို့ ပြောလို့ရတဲ့ အနေ
အထား မှာ ဖြစ်လာနေတာ တွေ့ရပါတယ်။
ဒီအတွက် စစ်တပ်ရဲ့ အာဏာကို ပြန်လည် ထိမ်းညှိ
ဖို့ ကြိုးပမ်းမှု တရပ်အဖြစ် ၀ါရင့် သံတမန်တဦးဖြစ်သူ
ဦးသောင်းထွန်းကို အမျိုးသား လုံခြုံရေး အကြံပေး
အဖြစ် ခန့်အပ်ခဲ့ပါတယ်။
ဒီလုပ်ရပ်ကို
ယခင် ပြန်ကြားရေး ၀န်ကြီးဟောင်း ဦးရဲထွဋ်က အပြင်းအထန်ဝေဖန် ပြောဆိုခဲ့ပါတယ်။
၎င်းက ဦးသောင်းထွန်းကို ခန့်လိုက်ခြင်းသည် အလွန်
အန္တရာယ်များသော အကွက်ရွေ့ မှု တခု ဖြစ်ပြီး
ဝန်ကြီးချုပ် ဦးနု မှသည် သမ္မတ ဦးသိန်းစိန် အထိ
အရပ်သား အစိုးရကို နိုင်ငံတော် လုံခြုံရေး နဲ့ပါတ်
သက်ပြီး အကြံပေးဖို့ ကာကွယ်ရေး ဦးစီးချုပ်ကိုသာ
လျင် တာဝန် အရှိဆုံးလို့ သတ်မှတ်ခဲ့တာ ဖြစ်တယ်လို့ စင်္ကာပူ မှာ ဇန်န၀ါရီ ၂၁ ရက်နေ့ က ထုတ်ဝေတဲ့ တူဒေး သတင်းစာမှာ ရေးသားခဲ့ပါတယ်။
အဆိုပါ ရေးသားချက်ကြောင့် ဦးသိန်းစိန်ကကော
တကယ်တမ်း အရပ်သား အစိုးရ စစ်စစ်ကို ဦးဆောင်
နိုင်ခဲ့လားလို့ မေးခွန်းထုတ်လာခဲ့ကြပါတယ်။
တကယ်တော့ ဦးနုရဲ့ အစိုးရ အဖွဲ့ တခုသာ စစ်တပ်
အမိန့် ကို နာခံစရာ မလိုပဲ တိုင်းပြည်ကို အုပ်ချုပ် နိုင်
ခဲ့တာ ဖြစ်ပါတယ်။
၁၉၄၇ ဖွဲ့စည်းပုံထဲမှာ စစ်တပ်မှ ကြည်း၊ ရေ၊ လေ
စစ်အင်အားကို တိုးချဲ့ရင်တောင် ပါလီမန်ရဲ့ ခွင့်ပြုချက်
မရရှိပဲ လုပ်လို့ မရဟုပင် ကန့်သတ်ထားခဲ့ပါတယ်။
ဦးနုရဲ့ နိုင်ငံရေး ခြေလှမ်းအမှားကြောင့်သာ မြန်မာ
ပြည်ရဲ့ ပထမဆုံးသော အစစ်အမှန် ဒီမိုကရေစီ အုပ်
ချုပ်ရေး စနစ် ချုပ် ငြိမ်း သွားခဲ့ရခြင်း ဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲ အား General election လား၊ Generals' election လား ဟု ပင် နိုင်ငံတကာက
လှောင်ပြောင်တာ ခံခဲ့ရပြီး ဖြစ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲကိုပင် ယခင်ကထက် ပိုပြီး ဒီမိုကရေစီသဘော သက်ဝင်လာခဲ့ပေမယ့် Generals' election လောဟုပင် မေးခွန်း ထုတ်လာခဲ့ကြပါတယ်။
စစ်တပ်က ယခုပုံစံအတိုင်းသာ အာဏာကို ကိုင်စွဲ
သွားလိုပြီး နိုင်ငံတကာရဲ့ ဘက်ပေါင်းစုံမှ စီးပွားရေး
ပြန်လည် ပိတ်ဆို့ ခံရမယ့် အရေးကြောင့် ဒေါ်အောင်
ဆန်းစုကြည် အစိုးရကို ဖြုတ်ချမှာ မဟုတ်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ကလည်း အမျိုးသား ရင်ကြား
စေ့ရေး မူ ကြောင့်သာ ၎င်းတို့ရဲ့ အာဏာ တည်
ဆောက်ထားပုံကို ပြောင်းလဲဖို့ လိုလားဟန် မပြသေး
ပေမယ့် အခုလို သူမကဲ့သို့ ပြည်တွင်း ပြည်ပ မှ
ထောက်ခံမှုတွေ အလျှံ ပါယ် ရနေသူတဦးက မကိုင်
တွယ် နိုင်ဖူးဆိုရင် အခြား ဘယ်သူမှ လုပ်နိုင်တော့
မှာ မဟုတ်ပါဘူး။
၂၀၂၀ မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အသက်
အရွယ်လည်း ရလာပြီး တဖြေးဖြေး နဲ့ နိုင်ငံရေး မြင်
ကွင်း က မှေး မှိန် သွားခဲ့လို့ ရှိရင် တိုင်းပြည်အဖို့
ဒီမိုကရေစီ အဆောင်အယောင်များ အောက်မှာ စစ်
တပ်ရဲ့ ဆက်လက် အုပ်ချုပ် သွားမယ့် အန္တရာယ် နဲ့
တလျောက်လုံး ရင်ဆိုင် သွားရဖို့ ရှိနေပါတယ်။
(၂၀၁၇ ဂ္ဈန်လ ၂၁ ရက်နေ့
Asia Times တွင် ဘာတန် လစ်တနာ ရေးသားသော
"When will Suu Kyi challenge military"
ဆောင်း ပါး မှ ကောက်နှုတ် တင်ပြပါသည်)
ကျနော်ဖီလော်ဆိုဖာမောင်မြသာပါ
HSW
Via:....Brainwave

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...