Skip to main content

Posts

Showing posts from September, 2014

အနည်းဆုံး ရွေးကောက်ပွဲစနစ် ၇ မျိုး ပြန်တင်ပြဖို့ သူရဦးရွှေမန်း ဆုံးဖြတ်

စက်တင်ဘာ ၃၀ မြန်မာနိုင်ငံနဲ့ သင့်တော်မယ့် ရွေးကောက်ပွဲ စနစ် လေ့လာသုံးသပ်ရေး ကော်မရှင်အနေနဲ့ အနည်းဆုံး ရွေးကောက်ပွဲစနစ် ၇ ခုကို ရွေးချယ်ပြီး လာမယ့် အောက်တိုဘာလ ၂၁ ရက်နေ့ နောက်ဆုံး ထားပြီး လွှတ်တော်ထံတင်ပြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီနေ့ ပြောကြားလိုက်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဌထံ ပေးပို့ထားတဲ့ ရွေးကောက် ပွဲစနစ် လေ့လာသုံးသပ်ရေးကော်မရှင်ရဲ့ အစီရင်ခံစာ မှာ ရွေးကောက်ပွဲစနစ် ၃ မျိုးသာ ရွေးချယ်ထားတဲ့

မုဒိန်းပြုကျင့်ရန်ကြိုးပမ်းသူအား သတ်ခဲ့သည့်အမျိုးသမီး ကွက်မျက်ခံရဖွယ်ရှိ

စက်တင်ဘာ ၃၀ အီရန်နိုင်ငံတွင် မိမိအား မုဒိန်းပြုကျင့်ရန်ကြိုးပမ်းခဲ့သူအား သတ်ခဲ့သည့် အမျိုးသမီးတဦး ယနေ့တွင် ကွက်မျက်ခံရဖွယ်ရှိနေသည်။ အသက် ၂၆နှစ်ရှိ ရေဟာနားဂျက်ဘရီဆိုသူ အမျိုးသမီးသည် အီရန်ထောက်လှမ်းရေးဝန်ကြီးဌာန၏ ၀န်ထမ်းဟောင်းဖြစ်သူ မော်တီဇာအဗ္ဗဒိုလာလီဆာဘန်ဒီ ဆိုသူကို ၎င်းအား အဓ္ဓမပြုကျင့်ရန် ကြိုးစားခဲ့သည်ဟုဆိုကာ သတ်ခဲ့သောကြောင့် ၂၀၀၇ခုနှစ်က ဖမ်းဆီးခံခဲ့ရသည်။

ဘင်္ဂ္လားဒေ့ရှ်နဲ့ မြန်မာမှာ IS အတွက် လူစုသူ ဖမ်းမိ

စက်တင်ဘာ ၃၀ ဘင်္ဂ္လားဒေ့ရှ်နိုင်ငံမှာ IS Islamic State အစ္စလာမ်မစ် နိုင်ငံ အဖွဲ့အတွက် အဖွဲ့ဝင် စုဆောင်းဖို့ ကြိုးပမ်းတယ်လို့ သံသယရှိသူ ဘင်္ဂါလီ လူမျိုး ဗြိတိန် နိုင်ငံသားကို ဖမ်းဆီး ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ ဆာမီယွန် ရာမန် Samiun Rahman ဆိုတဲ့ အဲဒီလူဟာ ဆီးရီးယားမှာ အချိန်အတော်ကြာ နေခဲ့ပြီး IS စစ်သွေးကြွ အဖွဲ့နဲ့ ဆီးရီးယားက အယ်ကိုင်းဒါး အဖွဲ့ခွဲ the Al-Nusra Front မှာ ပါဝင်မယ့် လူတွေ ကို စုဆောင်းဖို့ ကြိုးပမ်း နေတယ်လို့ထိပ်တန်း ရဲအရာရှိ တစ်ယောက်ဖြစ်တဲ့ ဘင်္ဂ္လားဒေ့ရှ် ထောက်လှမ်းရေး အဖွဲ့က အရာရှိကြီး မာဆာဒူ ရာမန် Masadur Rahman က

လူ့အခွင့်အရေး တိုးတက်မှုကြောင့် ကုလအစီအစဉ်မှာ ထည့်သွင်းဆွေးနွေးခြင်းမပြုဖို့ မြန်မာတောင်းဆို

စက်တင်ဘာ ၃၀ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေဟာ တိုးတက်နေပြီ ဖြစ်တဲ့ အတွက် ဒီကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ အစီအစဉ်ထဲမှာ ဆက်ပြီး ထည့်သွင်း ဆွေးနွေးဖို့ မသင့်တော့ဘူးလို့ မြန်မာနိုင်ငံ ခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောလိုက်ပါတယ်။ ဒါ့အပြင် ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးနိုင်ငံအဆင့် သတ်မှတ်ထားတာကနေ ပယ်ဖျက်ဖို့အတွက် စတင်လုပ်နေပြီလို့လည်း ဦးဝဏ္ဏမောင်လွင်က ပြောပါတယ်။ စက်တင်ဘာလ ၂၉  ရက်၊ တနင်္လာနေ့က ၆၉  ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးက အဲဒီလို ပြောသွားတာပါ။

အီရန်ဟာ IS ထက်ကမ္ဘာကို ခြိမ်းခြောက်နေလို့ ဆို

စက်တင်ဘာ ၃၀ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟု က အီရန်ဟာ အစ္စလာမ္မစ် နိုင်ငံ တပ်တွေ ထက် ပိုပြီး ကမ္ဘာကို ခြိမ်းခြောက် နိုင်တယ်လို့ ပြောကြား လိုက်ပါတယ်။ အီရန်သာ အဏုမြူ ဗုံး လုပ်နိုင်ပြီ ဆိုရင် ဟန်လုပ် ထားတဲ့ အပြုံးတွေ ပျောက်ကွယ် သွားလိမ့်မယ်လို့ ကုလ သမဂ္ဂ အထွေထွေ ညီလာခံမှာ မစ္စတာ နေတန်ညာဟုက ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

ကွမ်းခြံကုန်း လျှပ်စစ်ဓါတ်အားစက်ရုံ ဒေသခံရွာသားများ ကန့်ကွက်

စက်တင်ဘာ ၃၀ ရန်ကုန်တိုင်း ဒေသကြီး ကွမ်းခြံကုန်းမြို့နယ် သောင်ခုံ ကျေးရွာမှာ တည်ဆောက်မယ့် ကျောက်မီး သွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ကန့်ကွက်ကြောင်း ကျေးရွာသားတွေက ပြောကြား လိုက်ပါတယ်။ ရန်ကုန်မြို့ မြန်မာ ဂျာနယ်လစ် ကွန်ရက်ရုံးမှာ ဒီနေ့ သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ကြရာမှာ သောင်ခုံ ကျေးရွာသား ကိုဇော်မင်းထိုက်က ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံ စီမံကိန်းကြောင့် ရေလုပ်ငန်းနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေ

ရဲတပ်ဖွဲ့ လုပ်ငန်းဆောင်ရွက်ပုံ ပြောင်းလဲဖို့ တိုက်တွန်း

စက်တင်ဘာ ၃၀ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းမှု ရှိဖို့အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်း ဆောင်ရွက်ပုံ ကို ပြောင်းလဲဖို့ လိုအပ်ကြောင်း ပြည်သူ့ လွှတ်တော်က ဖွဲ့စည်း ထားတဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မတီက ဒီနေ့ ပြည်သူ့ လွှတ်တော်ထံ တင်ပြ ခဲ့ပါတယ်။ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မတီ အစီရင်ခံစာကို ကော်မတီ အတွင်းရေးမှူး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က အခုလို တင်သွင်း ခဲ့တာ ဖြစ်ပါတယ်။

မဘသ ဟောပြောပွဲ စီစဉ်သူ ပွင့်ဖြူမြို့နယ် NLD တရားစွဲ

စက်တင်ဘာ ၃၀ မကွေးတိုင်း ဒေသကြီး ပွင့်ဖြူမြို့မှာ ပြီးခဲ့တဲ့ ဧပြီလက ကျင်းပခဲ့တဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက် ရေး ဟောပြောပွဲမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ ဗီနိုင်းတွေ ဓာတ်ပုံတွေ ဖြန့်ဝေ ခဲ့တယ်ဆိုပြီး ပွဲဖြစ်မြောက်ရေး ဦးဆောင်သူကို အသရေ ဖျက်မှု၊ ဂုဏ်သရေ ထိခိုက်စေမယ့် ပုံနှိပ် ဖြန့်ဝေမှု၊ ဘာသာ အချင်းချင်း အကြား ပြစ်မှု ကျူးလွန်အောင် လှုံ့ဆော်မှု ပုဒ်မတွေနဲ့ စွဲချက်တင် သင့်ကြောင်း ပွင့်ဖြူမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် ဦးအောင်ဝင်းက ဒီနေ့ မြို့နယ် တရားရုံးကို လျှောက်ထား ခဲ့ပါတယ်။

ဟောင်ကောင်မှာ အာဏာဖီဆန်ဆန္ဒပြမှု ဆက်ဖြစ်

စက်တင်ဘာ ၃၀ ဟောင်ကောင်မှာ ပြည်သူတွေပြန်လည်သွားလာနိုင်ရေး ဆန္ဒပြသူတွေအနေနဲ့ လမ်းမတွေကနေ ဖယ်ပေးကြဖို့ အစိုးရရဲ့တောင်းဆိုမှုကို သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေက မလိုက်နာဘဲ အံတုနေကြပါတယ်။ ဒီနေ့ အစိုးရထုတ်ပြန်တဲ့ကြေညာချက်မှာ ဆန္ဒပြသူတွေအနေနဲ့ လက်ရှိဆန္ဒပြတဲ့နေရာတွေကနေ ငြိမ်းချမ်းစွာ ဖယ်ပေးကြဖို့ တောင်းဆိုထားပါတယ်။ ဒီကြေညာချက်ထဲမှာပဲ  ဒီမိုကရေစီအရေးဆန္ဒပြပွဲတွေ ပြန်ငြိမ်လာတဲ့အတွက် လမ်းမတွေပေါ်က

ဂျပန်မီးတောင်ပေါက်ကွဲ လူခန္ဓာ ၃၀ ရှာတွေ့

စက်တင်ဘာ ၃၀ ဂျပန်နိုင်ငံမှာ စနေနေ့က အွန်တာဂေး (Ontake) တောင်ထိပ်နားမှာ မီးတောင်ပေါက်ကွဲချိန်မှာ ရှိနေခဲ့တဲ့ တောင်တက်သမား ၃၀ ကျော်ရဲ့ ခန္ဓာကိုယ်တွေကို တွေ့ခဲ့ရကြောင်း ဂျပန်နိုင်ငံ အလယ်ပိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီလူ ၃၀ ကျော် တကယ်သေဆုံးပြီဆိုတာ တာဝန်ရှိသူတွေက အတည်မပြုသေးပေမယ့် အဲဒီလူတွေ နှလုံးခုန်ရပ်သွားပြီလို့ ကယ်ဆယ်ရေးအဖွဲ့က ဖော်ပြခဲ့ပါတယ်။

မိကျောင်းကန်သပိတ်စခန်း ဖျက်ပေးရန် ရန်ကုန်စည်ပင်အကြောင်းကြား

စက်တင်ဘာ ၂၉ ဘိုးဘွားပိုင်မြေရရှိရန် အသေခံဆန္ဒပြမည်ဆိုကာ သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေသော မိကျောင်းကန်ဆန္ဒပြသူများ၏ ဆန္ဒပြရက်ပေါင်း ၁၉၀ ပြည့်ရက်တွင် ယင်းသပိတ်စခန်းကို ဖယ်ရှားပေးရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ကျောက်တံတားမြို့နယ် အုပ်ချုပ်ရေးမှုးက ယနေ့ စက်တင်ဘာ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြောင်းကြားစာလာရောက်ကပ်ခဲ့ကြောင်း သိရသည်။

အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှု နောက်ပြန်ဆုတ်နေကြောင်း NCCT ပြော

စက်တင်ဘာ ၂၉ ယခုလက်ရှိ ပြုလုပ်လျှက်ရှိသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ သည် ရှေ့တိုးသွားသည့် အခြေအနေ မဟုတ်ဘဲ နောက်ပြန်ဆုတ် နေကြောင်း အရပ်ဘက်လူမှု အဖွဲ့အစည်း CSO များ တွေ့ဆုံပွဲ တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက လွတ်လပ်သော မွန်သတင်း အေဂျင်စီ IMNA သို့ ပြောသည်။ နိုင်ဟံသာက “ဒီတစ်ခေါက် တွေ့ဆုံပွဲက တစ်ဆို့မှု နည်းနည်းတော့ ရှိနေတယ်၊ ဒီလိုဖြစ်ရတာ ကလည်း တပ်မတော်ဘက်က ကျနော်တို့ကို အဆိုးမြင်တာတွေ များနေတယ်၊ သူတို့ဘက်ကလည်း UNFC အပေါ် ဝေဖန်မှု တွေလည်း ရှိနေတယ်” ဟု ဆိုသည်။

အကြမ်းဖက်မီးရှို့မှု ပါဝင်ခဲ့သူ တစ်သက်တစ်ကျွန်း စီရင်ခံရ

စက်တင်ဘာ ၂၈ ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မီးရှို့မှုတွေနဲ့ ဆက်နွယ်ပြီး ဆင်ခေါင်းရွာသား ကိုဇော်ဇော်ထွန်းကို သံတွဲခရိုင်တရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း အမိန့်ချမှတ်လိုက်ပြီး ဆင်ခေါင်း၊ သပြုချိုင်နဲ့ ညောင်ခြေထောက်ကျေးရွာက ဒေသခံ ၉ ဦးကို ထောင်ဒဏ် ၅ နှစ်စီ အသီးသီးချမှတ်လိုက်ပါတယ်။ စက်တင်ဘာလ ၂၄ ရက်နေ့က နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တဲ့အပေါ် အထက်တရားရုံးအဆင့်ဆင့်ကို အယူခံဝင်သွားမယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ခဲ့တဲ့ ရှေ့နေဒေါ်နွဲ့နွဲ့ငြိမ်းက ပြောပါတယ်။

NLD ပါတီဝင်ဟောင်းများ စုစည်းပြီး ပါတီသစ် ဖွဲ့စည်း

စက်တင်ဘာ ၂၈ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်ဟောင်းတွေ စုစည်း ပြီးတော့ ညီညွတ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ကို ရန်ကုန်မြို့ ယုဒဿန်ခမ်းမမှာ ဒီနေ့ အစည်းအဝေး ကျင်းပပြီး ဖွဲ့စည်း လိုက်ပါတယ်။ အဲ့ဒီပါတီမှာ နာယကအဖြစ် ဦးဆောင်မယ့် ဦးစောနိုင်းနိုင်းက အဖွဲ့ဖွဲ့လိုက်တာနဲ့ ပတ်သက်ပြီး RFA ကို ပြောပါတယ်။

ပီအာစနစ် တင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ်ကို ကန့်ကွက်ဆန္ဒပြ

စက်တင်ဘာ ၂၈ ပီအာလို့ ခေါ်တဲ့ အချိုးကျ ကိုယ်စားပြုစနစ်ကို ပြည်သူ့လွှတ်တော်မှာ တင်သွင်းတဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်ကို ပုဇွန်တောင်မြို့နယ် ပြည်သူတွေက ဒီကနေ့ စက်တင်ဘာ ၂၈ ရက်နေ့မှာ ကန့်ကွက် ဆန္ဒပြသွားမှာ ဖြစ်ပါတယ်။ လူဦးရေ ၃၀၀ ပါဝင်ဖို့ ခွင့်ပြုမိန့် တောင်းထားပြီး ပုဇွန်တောင်ပန်းခြံကနေ စတင်လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်ဟာ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီကို ကိုယ်စားပြုပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ပုဇွန်တောင်မြို့နယ်ကနေ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ By ဒီဗွီဘီ http://burmese.dvb.no/archives/66262 ဓာတ်ပုံ – အေးမမမျိုး

နေ့ခင်းကြောင်တောင် စစ်ယာဉ်တန်း အပစ်ခံရ၍ မြ၀တီတွင် လုံခြုံရေး တိုးမြင့်ကာ တပ်လှန့်ထား

စက်တင်ဘာ - ၂၈ - ၂၀၁၄ြ မ၀တီမြို့ တွင် ယမန်နေ့က တပ်မတော် စစ်ယာဉ်တန်း ပစ်ခတ်ခံရ၍ လုံခြုံ ရေးကို တိုးမြှင့်ထားပြီး မြို့ တွင်းသို့ ၀င်ရောက်လာသည့် ခရီးသည်များနှင့် ကားကြီး ကားငယ်များကို အထူးကြပ်မတ်ကာ စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိသည်။ ယမန်နေ့နံနက် ၁၁ နာရီကျော်က မြ၀တီမြို့အတွင်းသို့ ၀င်ရောက်လာသည့် ၅ စီးပါစစ်ယာဉ်တန်းကို မြို့ တွင်းအာရှလမ်းမကြီးပေါ်တွင် ကရင်လက်နက်ကိုင်အဖွဲ့တခုမှ တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

RSO ရိုဟင်ဂျာလက်နက်ကိုင် ၃ ဦး မောင်တောနယ်စပ်မှာ ဖမ်းဆီးရမိ

စက်တင်ဘာ ၂၈ ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ကျီးကန်းပြင် စစ်ဆေးရေးဂိတ်မှာ RSOလို့ခေါ်တဲ့ ရိုဟင်ဂျာ သွေး စည်း ညီညွတ်ရေး လက်နက်ကိုင်အဖွဲ့က တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးရမိကြောင်း သတင်းရရှိပါတယ်။ သူတို့ ၃ ဦးကို စက်တင်ဘာလ ၂၆ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့တာဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲမှုးချုပ် စိုးမြိုင်က RFA ကို အခုလို အတည်ပြု ပြော ပါတယ်။

သခင်သိန်းမောင် ကွယ်လွန်

စက်တင်ဘာ ၂၈ မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူလည်းဖြစ်၊ မြန်မာ့ဒီမိုကရေစီရေးမှာဆိုလည်း ၀ါရင့်နိုင်ငံရေးသမားဟောင်းကြီးများအဖွဲ့မှာ ပါဝင်ခဲ့သူလည်း ဖြစ်တဲ့ သခင်သိန်းမောင်ဟာ မနေ့ စနေညပိုင်းက ကွယ်လွန်သွားခဲ့ပါပြီ။ သခင်သိန်းမောင်ဈာပနကို မနက်ဖြန် တနင်္လာနေ့ ညနေ ၅ နာရီ ရေဝေး သုသာန်မှာပြုလုပ်မှာပါ။ သခင်သိန်းမောင် ကွယ်လွန်တဲ့သတင်းနဲ့ပတ်သက်လို့တော့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဇာနီကြီး – တရုပ်ဆီက ငွေမချေးပါနဲ့တော့၊ ဂျပန်၊ဂျာမဏီတွေဆီကပဲ ချေးပါခင်ဗျာ ၂၈၊၀၉၊၁၄

စက်တင်ဘာ ၂၈ ဇူလိုင်လအတွင်းက အစိုးရ၏ ထုတ်ပြန်ထားချက်အရ ပြည်ပကြွေးမြီး အများဆုံးပေးဆပ်ရန်ရှိသည့် နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်နေပြီး ဒေါ်လာ ၄၁၇၃ သန်းကျော်ရှိကြောင်း၊ ကြွေးမြီအများဆုံး ၀န်ကြီးဌာနမှာ စွမ်းအင်ဝန်ကြီးဌာနဖြစ်ပြီး ဒေါ်လာ ၂၆၃၄ သန်းကျော်ရှိနေပြီး၊ စွမ်းအင်ဝန်ကြီးဌာနဖြစ်ပြီး ဒေါ်လာ ၂၆၃၄ သန်းကျော်ရှိနေကြောင်း သိရသည်။     – မြန်မာနိုင်ငံအကြောင်း CIA Factbook

တူမောင်ညို – ဦးစံလင်း နဲ့ ဗိုလ်အောင်မင်းတို့ ဘာကြောင့် အောင်မြင်တဲ့ အကျိုးရလဒ် မရရှိခဲ့သလဲ ၂၈၊၀၉၊၁၄

စက်တင်ဘာ ၂၈ Design – Aung Htet ဗိုလ်အောင်မင်းနဲ့ နောက်ပါ (MPC)တစ်သိုက်ရဲ့ အဖြစ်က “ကြိုပွိုင့်”တွေ အချီကြီးပေးမိတဲ့ “လေပတ်ကား” ပဲပွဲစားတွေနဲ့သွား တူနေပါတယ်။ “အချက်(၁၀၄)ချက်နဲ့ စပြီးညှိခဲ့ကြပြီး မူကြမ်းအချက် (၅) ချက်သာကျန်တော့တဲ့အတွက် ယခုတစ်ကြိမ်ဆွေးနွေးပွဲမှာ အပြီး သတ်လက်မှတ်ရေးထိုးနိုင်ကြလိမ့်မယ်”ဆိုတဲ့ စိတ်ကူးယဉ်မှုလေးဟာ လေထဲမှာ ကျေပျက်သွားပြီဖြစ်ပါတယ်။ ဦးစံလင်းတို့အုပ်စု “ဓမ္မစေတီ ခေါင်းလောင်း” ဆယ်မရသလိုပဲ။ ဗိုလ်အောင်မင်းတို့အုပ်စုလည်း “အပစ်အခတ်ရပ်စဲရေးစာချုပ် ဆိုတဲ့ ခေါင်းလောင်း” ဆယ်လို့မရခဲ့ပါဘူး။ ဦးစံလင်းနဲ့ဗိုလ်အောင်မင်းတို့မှာ ဘာကြောင့် အောင်မြင်တဲ့ အကျိုးရလဒ်မရခဲ့သလဲ။

အာဖဂန်မှာ ခရိုင် တခုကို တာလီဘန်တွေ သိမ်း

 စက်တင်ဘာ ၂၇ အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ပိုင်းမှာ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေနဲ့ တာလီဘန် စစ်သွေးကြွတွေ အကြား တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေရာမှာ Ghazni ပြည်နယ်ထဲက မဟာဗျူဟာ ကျတဲ့ Ajrestan ခရိုင်ကို ကြာသပတေးနေ့ ညက လက်လွှတ်လိုက်ရကြောင်း အာဖဂန် အရာရှိတွေက ပြောပါတယ်။ တာလီဘန်တွေက Ajrestan ခရိုင်ကို သိမ်းပိုက် အပြီးမှာ ဒေသခံ ၇၀ လောက်ကို သတ်ဖြတ် ခဲ့တယ်လို့ သိရပါတယ်။

IS အပေါ် လေကြောင်း တိုက်ဖို့ ယူကေ အတည်ပြု

စက်တင်ဘာ ၂၇  အီရတ် နိုင်ငံထဲက IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ စစ်သွေးကြွတွေ အပေါ် လေကြောင်းကနေ စစ်ဆင်ရာမှာ ဗြိတိန် နိုင်ငံလည်း ပါဝင် တိုက်ခိုက်ဖို့ ယူကေ ပါလီမန်က အတည်ပြု လိုက်ပါတယ်။ လေကြောင်း စစ်ဆင်ရေးမှာ ပါဝင်ဖို့ ကိစ္စကို ယူကေ ပါလီမန်မှာ ၇ နာရီ ကြာအောင် အကြိတ် အနယ် ဆွေးနွေးပြီးနောက် မဲခွဲ ဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၅၂၄ မဲ၊ ကန့်ကွက်မဲ ၄၃ မဲနဲ့ အတည်ပြု နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဝက်ထီးကန်နဲ့ သိန်း ၁,၁၀၀ အရှုပ်အရှင်း

စက်တင်ဘာ ၂၇ ပြည်ခရိုင်၊ ဝက်ထီးကန်မြို့ ဒေသခံ ၃ဝဝ ကျော်က မြို့အုပ်ချုပ်ရေးမှူးကို ရာထူးက ဖယ်ရှားပေးဖို့   ကြာသပတေးနေ့ နံနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။   ရှေးဟောင်းသမိုင်းဝင်ရေကန်ကြီးဖြစ်တဲ့ ဝက်ထီးကန်ဆိုတာကို အစွဲပြုပြီး မြို့ရဲ့နာမည်ကိုပါ ဝက်ထီးကန်  လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။

အန်အယ်ဒီပါတီ ၂၆ နှစ်ပြည့်ပြီ

စက်တင်လာ ၂၇ ၁၉၈၈ ခုနှစ် တနိုင်ငံလုံး လူထု အုံကြွမှုကြီး ဖြစ်ပွား ခဲ့ပြီးတဲ့ နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဆိုတဲ့ အမည် နဲ့ နိုင်ငံရေး ပါတီကြီး တရပ် ပေါ်ပေါက်လာခဲ့ တာဖြစ်ပါတယ်။ ဒီပါတီကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တတ်သိ ပညာရှင်တွေ၊ တပ်မတော် တပ်မှူးဟောင်းကြီး တွေ ပါဝင်တဲ့ မျိုးချစ် ရဲဘော်ဟောင်းများ အဖွဲ့ နဲ့ တော်လှန်ရေး ကောင်စီ ဒုတိယ ခေါင်းဆောင် ဖြစ်ခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး တို့ ၃ ဦး စုပေါင်း တည်ထောင် ခဲ့တာ ဖြစ်ပါတယ်။

အင်အယ်ဒီ ၂၆ နှစ်မြော်ကအဖွဲ့ချုပ်သဘောထာ

စက်တင်ဘာ ၂၇ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်ခြင်း ၂၆နှစ်ပြည့် အခန်းအနားကို ရန်ကုန်၊ ရွှေဂုံတိုင်က အဖွဲ့ချုပ်ရုံးခန်းမှာ ကျင်းပပြုလုပ်ခဲ့ပြီး အဖွဲ့ချုပ်ရဲ့ သဘောထားကြေညာချက် တစောင်လည်း ထုတ်ပြန်ခဲ့ပါတယ်။ အဖွဲ့ချုပ် ၂၆ နှစ်ပြည့် အခမ်းအနားကို ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခြင်းမရှိဘဲ နာယကဦးတင်ဦးပဲ တက်ရောက်ပြီး မိန့်ခွန်းပြောခဲ့ပါတယ်။ အခမ်းအနားကို နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ ၀ါရင့်နိုင်ငံရေးသမားကြီးတွေနဲ့ အဖွဲ့ချုပ်နဲ့ လုပ်ဖော်ကိုင်ဘက် နိုင်ငံရေး အင်အားစုတွေ၊ နိုင်ငံရေးသမားတွေ စုစုပေါင်း ၃၀၀ လောက် တက်ရောက်ခဲ့ကြ ပါတယ်။

ပါလက်စတိုင်းအကြီးအကဲမိန့်ခွန်း ကန် ရှုတ်ချ

စက်တင်ဘာ ၂၇ ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ်စ် - ကုလသမဂ္ဂမှာ သောကြာနေ့က ပြောသွားတဲ့မိန့်ခွန်းကို အမေရိကန်ကပယ်ချပြီး အဲဒီမိန့်ခွန်းမှာ သူများအပေါ် ရန်စတဲ့ သဘောမျိုးတွေ ပါဝင်တယ်လို့ ပြောပါတယ်။ ပါလက်စတိုင်းနယ်မြေတွေမှာ ဝင်ရောက်နေရာယူထားတာတွေကို အစ္စရေးက စွန့်ခွာပေးဖို့ တိကျတဲ့အချိန် သတ်မှတ်ပေးပါလို့ မစ္စတာအာဘတ်စ်က

မြ၀တီတွင် ပစ်ခတ်မှု ဖြစ်ပွား

စက်တင်ဘာ ၂၇ ကရင်ပြည်နယ် မြ၀တီမြို့မှာ ဒီနေ့ မနက်ပိုင်းက ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့ပြီး ခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် စာသင်ကျောင်းတချို့ ပိတ်လိုက်ပြီး မြို့ခံလူထုတချို့ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။ မြန်မာအစိုးရစစ်တပ်မှ မြ၀တီမြို့ပေါ်ရှိ နေရာတချို့တွင် လုံခြုံရေး ရယူထားလိုက်ပါတယ်။ စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကရင်တောကျေးရွာ အနီးမှာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (ဒီကေဘီအေ) နဲ့ အစိုးရတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုလမ်းပေါ် မရောက်သေးဘူးလို့ အဖွဲ့ချုပ် ၂၆ နှစ်ပြည့်နေ့မှာ ပြည်သူထံ သတင်းစကားပါး

စက်တင်ဘာ ၂၇ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်ခြင်း ၂၆နှစ်ပြည့် အခန်းအနားကို ရန်ကုန်၊ ရွှေဂုံတိုင်က အဖွဲ့ချုပ်ရုံးခန်းမှာ ကျင်းပပြုလုပ်ခဲ့ပြီး အဖွဲ့ချုပ်ရဲ့ သဘောထားကြေညာချက် တစောင်လည်း ထုတ်ပြန်ခဲ့ပါတယ်။ အဖွဲ့ချုပ် ၂၆ နှစ်ပြည့် အခမ်းအနားကို ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခြင်းမရှိဘဲ နာယကဦးတင်ဦးပဲ တက်ရောက်ပြီး မိန့်ခွန်းပြောခဲ့ပါတယ်။ အခမ်းအနားကို နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ ၀ါရင့်နိုင်ငံရေးသမားကြီးတွေနဲ့ အဖွဲ့ချုပ်နဲ့ လုပ်ဖော်ကိုင်ဘက် နိုင်ငံရေး အင်အားစုတွေ၊ နိုင်ငံရေးသမားတွေ စုစုပေါင်း ၃၀၀ လောက် တက်ရောက်ခဲ့ကြ ပါတယ်။

NLD ပါတီ ၂၆ နှစ်ပြည့် ကြေညာချက်နဲ့ သဘာပတိမိန့်ခွန်း

စက်တင်ဘာ ၂၇   ဒါကြောင့် NLD ပါတီမွေးနေ့ ကို ရန်ကုန်မှာ ရှိတဲ့ပါတီရုံးချုပ်မှာ မနက် ၁ဝ နာရီက စတင်ကျင်းပရာမှာ နာယက ဦးတင်ဦးကလည်း သဝဏ်လွှာပေးပို့ ပါတယ်။  

ရွှေဝါရောင် တော်လှန်ရေးနှစ်ပတ်လည်နဲ့ ဒိတ်လိုင်း ဧရာဝတီ

စက်တင်ဘာ ၂၇ ဒီတပတ် ဒိတ်လိုင်း ဧရာဝတီ အစီအစဉ်ကတော့ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးနေ့ ၇ နှစ်ပြည့် နဲ့ပတ်သက်ပြီး သုံးသပ်ဆွေးနွေး တင်ပြထားပါတယ်။  ဒီတပတ် အစီအစဉ်မှာ တော်လှန်ရေးကာလက ဦးဆောင်ပါဝင်ခဲ့တဲ့ သံဃာတော်တွေရဲ့ အခန်းကဏ္ဍနဲ့ ယနေ့ လက်ရှိ သံဃာ တော်တွေရဲ့ အခန်းကဏ္ဍတွေ ဘယ်လို ကွာခြားမှုရှိတယ်ဆိုတာနဲ့ ၂၀၀၇ ခုနှစ် 

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD ပါတီ ၂၆နှစ်ပြည့် ကြေညာချက်ထုတ်ပြန်

စက်တင်ဘာ ၂၇     စက်တင်ဘာ ၂၇ တွင် မြန်မာပြည်၏ အတိုက်အခံပါတီကြီးတရပ်ဖြစ်သော NLD ပါတီ

အပစ်ရပ်ရေး စာချုပ် စတုတ္ထမူကြမ်း သဘောတူ

စက်တင်ဘာ ၂၆   တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆွေးနွေး မှုတွေ ကနေ သဘောတူ စာချုပ် စတုတ္ထ မူကြမ်းကို အတည်ပြု နိုင်ခဲ့ ကြောင်း နှစ်ဘက် ဆွေးနွေး သူတွေ ကနေ တနင်္လာ နေ့က ပူးတွဲ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မတီ နဲ့ တိုင်းရင်သား လက်နက်ကိုင် အဖွဲ့ အစည်း တွေရဲ့ NCCT အဖွဲ့အကြား အခုလ ၂၆ ရက်နေ့ ကနေ ၂၆ အထိ ၅ ရက်ကြာ ပြုလုပ် ခဲ့တဲ့ ဆွေးနွေး ပွဲ အပြီး အခုလို ပူးတွဲ ကြေညာချက် ထွက်ရှိ လာတာ ဖြစ်ပါတယ်။

DKBA နဲ့ အစိုးရတပ် တင်းမာ

စက်တင်ဘာ ၂၆ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား အပစ်အခတ် ရပ်စဲရေး ရှေ့ မတိုး နောက်မဆုတ်ဖြစ်နေချိန်မှာပဲ ဒီမိုကရေစီကရင် အကျိးပြု တပ်မတော်DKBA နဲ့ မြန်မာစစ်တပ်တို့ ဒီရက်ပိုင်းအတွင်း တင်းမာမှုတွေဖြစ်နေပါတယ်။  ဒီရက်ပိုင်း အတွင်း တင်းမာမူတွေဖြစ်နေတဲ့  ဒီကေဘီအေ နဲ့ မြန်မာစစ်တပ်တို့  စက်တင်ဘာ ၂၆ရက်နေ့မှာ  မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ထဲမှာ ပစ်ခတ်မူ ၃ကြိမ်ဖြစ်ခဲ့ပြီး  စစ်တပ်နဲ့ ရဲတပ်သား ၃၀ လောက်ကို ဒီကေဘီအေက ထိန်းသိမ်းပြိး လက်နက်များ သိမ်းယူလိုက်ပါတယ်။

မန်မာ့ပညာရေး စမ်းသပ်မှာလား ပြောင်းမှာလား ၂၆၊၀၉၊၁၄

စက်တင်ဘာ ၂၆ အခုရက်ပိုင်း ပညာရေးနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ ထူးခြားတဲ့ သတင်းတစ်ပုဒ်ကတော့ အခြေခံပညာ အထက်တန်းအဆင့်မှာ လက်ရှိ အင်္ဂလိပ်ဘာသာနဲ့ပဲ သင်ကြားနေတဲ့ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ နဲ့ သင်္ချာ ဘာသာရပ်တွေကို မြန်မာဘာသာနဲ့ ပြောင်းလဲ သင်ကြားတော့မယ် ဆိုတဲ့ သတင်းပါ။ ချက်ခြင်းကြီးတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ ပညာရေး ရဲ့ အခြေခံအဆင့်ကို လက်ရှိ စုစုပေါင်း ၁၁ နှစ် သတ်မှတ် သင်ကြားနေရာကနေ နောင် နိုင်ငံတကာ နည်းတူ ၁၂ တန်းအဖြစ်

အမျိုးသားပညာရေး ဥပဒေကြမ်း ပြည်ထောင်စု လွှတ်တော် အတည်ပြု

စက်တင်ဘာ ၂၆ နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်တွေ နဲ့ ပြန်လည်ပေးပို့ထားတဲ့ အမျိုးသားပညာရေး ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ အတည်ပြုလိုက်ပါတယ်။ အဲ့ဒီဥပဒေကြမ်းကို လွှတ်တော်မှာ အတည်ပြုထားတဲ့ အတိုင်းပြင်ဆင်ပြီး နိုင်ငံတော်သမ္မတထံ ပေးပို့သွား မှာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးရွှေမန်းက အခုလို ပြောပါတယ်။

အစိုးရစီမံကိန်းတွေ အရည်အသွေးညံ့ဖျင်းရင် တင်ပြဖို့ လွှတ်တော်ဥက္ကဌ ညွှန်ကြား

စက်တင်ဘာ ၂၆ အစိုးရဘတ်ဂျက်ငွေကြေးနဲ့ ဆောက်လုပ်နေတဲ့ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ အဆောက်အဦးတွေနဲ့ လမ်းတံတားတွေမှာ အရည်အသွေး မပြည့်မီတာတွေတွေ့ရှိရင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အချက်အလက်တွေပေးပို့ကြဖို့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ဒီနေ့ ညွှန်ကြားချက်ထုတ်ခဲ့ပါတယ်။

ယခင်အစိုးရက လယ်သမားများဒုက္ခရောက်အောင် မလုပ်ခဲ့ဟု သူရဦးရွှေမန်းပြော

 စက်တင်ဘာ ၂၅ အရင် အစိုးရအနေနဲ့ တောင်သူ လယ်သမားတွေကို ဒုက္ခရောက်အောင် မလုပ်တာကို ရဲရဲကြီး တာဝန်ခံရဲတယ်လို့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောပါတယ်။ ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းခံရမှုကြောင့် ပြည်သူတွေ နစ်နာမှုမရှိစေရေး လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အပေါ် ဖြေရှင်း ဆောင်ရွက်မှု အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဆွေးနွေးစဉ်မှာ ပြောလိုက်တာပါ။

ရန်ကုန်မြို့သစ် စီမံကိန်း ရပ်ဆိုင်း

စက်တင်ဘာ ၂၆ ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ရပ်ဆိုင်းလိုက်ကြောင်း ရန်ကုန်မြို့တော် ၀န် ဦးလှမြင့်က ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

Colorectal cancer အူမကြီး ကင်ဆာ

         အူမကြီး ကင်ဆာ           Tue, Jun 19, 2012 at 12:55 AM ဒေါက်တာခင်ဗျာ ကျွန်တော် အူကင်ဆာနဲ့ပက်သက်တဲ့အကြောင်းလေး သိချင်ပါတယ်ခင်ဗျာ။ Bowel cancer အူကင်ဆာလို့ ခေါ်တာဟာ Colorectal cancers ဖြစ်တယ်။ Colon cancer အူမကြီး-ကင်ဆာ နဲ့ Rectal cancer အစာဟောင်းအိမ်-ကင်ဆာကို ပေါင်းခေါ်ထားတာ ဖြစ်တယ်။ အမျိုးသားတွေမှာ တတိယမြောက် နဲ့ အမျိုးသမီးတွေမှာ စတုတ္ထမြောက် အဖြစ်အများဆုံး ကင်ဆာဖြစ်တယ်။ ဖွံ့ဖြိုးတိုးတက်နိုင်ငံတွေမှာ ပိုဖြစ်တယ်။ ၆ဝ% ရှိတယ်။ ၂ဝဝ၈ လေ့လာမှုအရ တကမ္ဘာလုံးမှာ

ကလေးစစ်သား ၁၀၀ ကျော် မြန်မာ စစ်တပ်က ထွက်ခွင့်ပြု

စက်တင်ဘာ ၂၅ မြန်မာစစ်တပ်က ကလေးစစ်သား ၁၀၉ ယောက်ကို တပ်ထဲက ထွက်ခွင့်ပြု လိုက်တယ် လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ ကလေးစစ်သား စုဆောင်း အသုံးပြုတာ ရပ်ဆိုင်းဖို့ လွန်ခဲ့တဲ့နှစ်နှစ်မှာ အစိုးရက သဘောတူထားပြီး ကတည်းကဆိုရင် ဒါဟာ အရေအတွက် အများဆုံး ထွက်ခွင့်ပြုလိုက်တာပါ။

အိန္ဒိယ ဂြိုဟ်တု အင်္ဂါဂြိုဟ် ဓာတ်ပုံတွေ ပေးပို့

စက်တင်ဘာ၂၅ အိန္ဒိယ နိုင်ငံက အင်္ဂါဂြိုဟ်ပတ် လမ်းထဲကို လွှတ်တင် နိုင်ခဲ့တဲ့ Mangalyaan ဂြိုဟ်တုကနေ ပထမဆုံး အနေနဲ့ ရိုက်ယူ ပေးပို့ခဲ့တဲ့ အင်္ဂါဂြိုဟ်ရဲ့ ပုံရိပ်တွေကို အိန္ဒိယ အာကာသ အေဂျင်စီက ထုတ်ပြန်လိုက်ပါတယ်။ အင်္ဂါဂြိုလ်မှာ သက်ရှိ အထောက်အထား ရှိမရှိ ကိုလည်း အဲဒီ ဂြိုဟ်တုက လေ့လာ စူးစမ်းသွားမယ်လို့ ဆိုပါတယ်။

သူရရွှေမန်းကို ထောက်ခံမည်ဆိုသည့် ဒီချုပ်သတင်း ရိုက်တာ ပြင်ဆင်ချက်အချို့ ပြန်လုပ်

စက်တင်ဘာ ၂၅ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့် တားမြစ်ခံရရင် အန်အယ်လ်ဒီက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းကို သမ္မတ နေရာအတွက် ထောက်ခံမယ်ဆိုတဲ့ ရိုက်တာ သတင်းဌာနရဲ့ ရေးသားထားတဲ့ သတင်းကို ပြန်လည် ပြောင်းလဲ ရေးသားလိုက်ပါတယ်။

အမျိုးသမီးတစ်ဦး လျှို့ဝှက်စွာရိုက်ကူးခဲ့သော ဗီဒီယိုတစ်ခုအရ IS များ ထိန်းချုပ်ထားရာ နယ်မြေတွင် အမျိုးသမီးများပါ လက်နက်ကိုင်ဆောင်ကာ သွားလာလျက်ရှိ

စက်တင်ဘာ ၂၅ IS ထိန်းချုပ်ထားရာ နယ်မြေမှ အမျိုးသမီးများ၏ ဘ၀ကို ကမ္ဘာသို့ သိစေလိုသော ဆီးရီးယား အမျိုးသမီး တစ်ဦးက IS များ ထိန်းချုပ်ထားပြီး လွန်ခဲ့သည့် မေလ မှ စတင်ကာ အစ္စလာမ်မစ် ဥပဒေပြဌာန်း ထားသော ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ ရပ်ကာ မြို့အတွင်းမှ အခြေအနေများကို လျှု့ဝှက်ရိုက်ကူး ထားသော ဗီဒီယိုတစ်ခု ထွက်ပေါ်လာရာ ၎င်းဒေသရှိ အမျိုးသမီးများမှာ လူ့အခွင့်အရေးများ ဆုံးရှုံးလျက်ရှိပြီး မိမိတို့၏ အသက်အန္တရာယ်နှင့် အခြား အန္တရာယ်များမှ ကာကွယ်နိုင်ရန်အလို့ငှာ သေနတ်ကိုယ်စီဖြင့် လမ်းလျှောက်ထွက် နေရကြောင်း တွေ့ရသည်။

စစ်တပ်က မနှိပ်စက်ကြောင်း အနှိပ်စက်ခံ ရွာလူကြီး ( ၇) ဦးအား အတင်းလက်မှတ်ထိုးခိုင်း

စက်တင်ဘာ ၂၅ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် သြဂုတ်လ နောက်ဆုံးပတ်က ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ နယ်၊ ကုန်ပြင် ကျေးရွာ လူကြီးများအား  ခမရ (၃၄၄) တပ်ရင်းမှူး ဗိုလ်မှူးတင်ထွဋ်ဦး နှင့် အဖွဲ့ မှ ချင်းအမျိုး သားတပ်မတော် (CNA) နှင့် ပါတ်သက်သည် ဆိုပြီး ရိုက်နှက်၊ ဖမ်းဆီး ချုပ်နှောင်သည်ကို စစ်တပ် က နှိပ်စက်ခြင်းမပြုကြောင်း  ဗျူဟာမှူးက ယခုလ စက်တင်ဘာ ၂၀ ရက်နေ့ တွင် အတင်း လက်မှတ်ရေး ထိုးခိုင်း သည်ဟု သိရသည်။

ကျးတမာနဲ့ ပေဖူးလွှာ ကွယ်လွန်ပြီ

စက်တင်ဘာ ၂၅ နာမည်ကျော် ဘီဘီစီ ၀န်ထမ်းဟောင်း ဦးနေ၀င်း ဟာ လန်ဒန်မြို့ Cromwell ဆေးရုံမှာ ဗုဒ္ဓဟူးနေ့ ညက ကွယ်လွန် သွားပါတယ်။ ဦးနေ၀င်းဟာ ဘီဘီစီရဲ့ လူကြိုက်များတဲ့ ဆေးမြီးတို၊ မေးပါများ စကားရ၊ ကျေးတမာနဲ့ ပေဖူးလွှာ၊ သော်ကနဲ့ ပေါ်စ၊ စတဲ့အစီအစဉ်တွေကို စတင် စီစဉ်တင်ဆက် ခဲ့သူ ဖြစ်ပါတယ်။ သူဟာ အသက် ၇၉ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပြီး၊ ဇနီး ဒေါ်ခင်ဝင်းမြနဲ့ သားသမီး ၆ ဦး ကျန်ရစ် ပါတယ်။ BBC Burmese https://www.facebook.com/bbcburmese?fref=nf

ပြည်သူသန်း ၅၀ ကျော်ကို ဦးစံလင်း လိမ်ခဲ့တယ်လို့ ပြောပြီ

စက်တင်ဘာ ၂၅ ဓမ္မစေတီခေါင်းလောင်းကို ဦးဆောင်ရှာဖွေခဲ့သည့် မြေပုံဦးစံလင်းမှ ဓမ္မစေတီခေါင်းလောင်းကြီး ရှာတွေ့ပြီဟု သတင်းထုတ်ပြန်ချက် ထုတ်ခဲ့ခြင်းမှာ ပြည်သူအားလုံးကို လိမ်ခဲ့တာလို့ ခေါင်းလောင်းရှာဖွေရာမှာ အလှူငွေမတည် ပါဝင်ခဲ့တဲ့ ရွှေအုန်းပင်ဦးဝင်းမြင့်က ပဲခူးမြို့၊ရန်ကုန်-မန္တလေးကားလမ်းမဘေး၊ရပ်ကွက်ကြီး(၉)၊  ရွှေအုန်းပင်ထမင်းဆိုင် အပေါ်ထပ်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ  ပြောလိုက်ပါတယ်။

ဓားစာခံ ပြင်သစ်နိုင်ငံသားကို Algeria အစွန်းရောက်တွေ ကွပ်မျက်

စက်တင်ဘာ ၂၅ IS အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့နဲ့ ဆက်စပ်နေတဲ့ အယ်လ်ဂျီးရီးယားနိုင်ငံ စစ်သွေးကြွအဖွဲ့က အခုသီတင်းပတ် စောစောပိုင်းမှာ ဖမ်းဆီးသွားတဲ့ ပြင်သစ်လူမျိုး အပျော်ခြေလျှင် ခရီးသွား တယောက်ကို ခေါင်းဖြတ် သတ်လိုက်ကြပါတယ်။

ပုဂ္ဂလိကလုပ်ငန်း မကြီးထွားရတဲ့အကြောင်း ၂၅၊၀၉၊၁၄

စက်တင်ဘာ ၂၅ ဈေးကွက်စနစ် ကျင့်သုံးတယ်ဆိုပေမဲ့ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကလုပ်ငန်းတွေ စီးပွားရေးလုပ်ရတာ ခက်ခဲကြောင်း သုံးသပ်ထားတဲ့ Doing Business 2014 ကမ္ဘာ့ဘဏ်အစီရင်ခံစာ ထွက်လာပြီး မကြာမီမှာ အာဆီယံသုတေသနဌာနရဲ့  ASEAN SME Policy Index ထွက်လာပါတယ်။ သြဂုတ်လနှောင်းပိုင်းရောက်တော့ Unlocking the Potential ဆိုတဲ့ မြန်မာပြည်ဆိုင်ရာ အစီရင်ခံစာကို ADB အာရှဖွံ့ဖြိုးရေးဘဏ်က

အစွန်းရောက်နှိမ်နင်းရေး ဆုံးဖြတ်ချက် လုံခြုံရေးကောင်စီ အတည်ပြု

စက်တင်ဘာ ၂၅   Islamic State အစွန်းရောက် အကြမ်းဖက်အဖွဲ့လို စစ်သွေးကြွ အဖွဲ့အစည်းတွေဆီ နိုင်ငံခြားသား တိုက်ခိုက်ရေးသမားတွေ သွားရောက်တာကို နှိမ်နင်းဖို့ ဆုံးဖြတ်ချက်တရပ်ကို အမေရိကန်သမ္မတ အိုဘားမားကိုယ်တိုင် ဥက္ကဌပြုလုပ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ တညီတည်း အတည်ပြုလိုက်ပါပြီ။ စစ်သွေးကြွတွေနဲ့ ပူးပေါင်းဖို့ စစ်သွေးကြွတွေအတွက်