Skip to main content

ဝက်ထီးကန်နဲ့ သိန်း ၁,၁၀၀ အရှုပ်အရှင်း

စက်တင်ဘာ ၂၇

ပြည်ခရိုင်၊ ဝက်ထီးကန်မြို့ ဒေသခံ ၃ဝဝ ကျော်က မြို့အုပ်ချုပ်ရေးမှူးကို ရာထူးက ဖယ်ရှားပေးဖို့   ကြာသပတေးနေ့ နံနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

  ရှေးဟောင်းသမိုင်းဝင်ရေကန်ကြီးဖြစ်တဲ့ ဝက်ထီးကန်ဆိုတာကို အစွဲပြုပြီး မြို့ရဲ့နာမည်ကိုပါ ဝက်ထီးကန်  လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။



ရေကန်ကြီးကို ပြန်လည် ပြုပြင်မွန်းမံဖို့အတွက် ၂၀၁၄ နှစ်စမှာပဲ ကျပ်သိန်းပေါင်း ၁,၁၀၀ ကို အစိုးရက ချပေးခဲ့ပါတယ်။

ဝက်ထီးကန်မြို့မိမြို့ဖတဦးဖြစ်တဲ့ ဦးမျိုးချစ်က  အုပ်ချုပ်ရေးမှူးဟာ ငွေကြေးသုံးစွဲမှု စာရင်းရှင်းတန်းလည်း မပြုလုပ်သလို ကန်ပြုပြင်မွန်းမံမှုတွေလည်း ကျန်ရှိနေသေးတယ်၊ ဒါကြောင့်  ငွေကြေး စီမံခန့်ခွဲတဲ့ အုပ်ချုပ်ရေးမှူးကို စုံစမ်း စစ်ဆေးမှုတွေပြုလုပ်ပေးဖို့ ဗဟိုအစိုးရအဆင့်၊ တိုင်းဒေသကြီးအစိုးရအဆင့်တို့ သိရအောင် တိုင်ကြားခဲ့တယ်၊
သို့သော်လည်း ထူးခြားမှု မရှိတဲ့အတွက် လမ်းပေါ်ထွက် ဆန္ဒပြရခြင်းဖြစ်တယ်လို့   ပြောပါတယ်။

“သမ္မတနဲ့ ဝန်ကြီးချုပ်ကို တိုင်ကြားထားတာလည်း ဘာမှ အရေးယူမပေးဘူး၊
သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ငွေစာရင်းရှင်းဖို့ တောင်းဆိုတာလည်း ခုထိမရှင်းဘူး၊
 အဲဒါကြောင့် အခုလို လမ်းပေါ်ထွက် ဆန္ဒပြတဲ့အထိဖြစ်လာတာ။
ဆန္ဒပြလို့ ဒီပြဿနာ ပြေလည်သွားမှာ မဟုတ်ပေမဲ့ အရေးမယူမချင်း ကျနော်တို့ကတော့ ဆက်လုပ်သွားမှာပဲ”

ဝက်ထီးကန်မြို့ရဲ့ န၀င်းလမ်း၊ ဗိုလ်ရုံလမ်းနဲ့ ဦးဝိစာရလမ်းလို့ခေါ်တဲ့
ဝက်ထီကန်ပတ်လမ်းတလျှောက် ...
-  ပြည်သူက ရွေးချယ်တင်မြှောက်ပေးပြီးပြည်သူ့သစ္စာ မစောင့် ပြည်သူကို စေတနာမထားတဲ့ အုပ်ချုပ်ရေးမှူးကို ချက်ချင်းဖြုတ်ပစ်၊
-  မဟုတ်တာလုပ်တဲ့၊ ပြည်သူဘဏ္ဍာကို အလွဲသုံးစားလုပ်တဲ့ အုပ်ချုပ်ရေးမှူးကို ဘယ်သူကမှ အရေးယူမပေးလည်း ပြည်သူတွေအားလုံးသိရင် ပြည်သူတွေအရေးယူတာကိုခံရမယ်
စတဲ့ ပိုစတာတွေကို ကိုင်ဆောင်ထားကြတာပါ။

ပိုစတာထဲကအတိုင်း ကြွေးကြော်သွားကြတာလည်း တွေ့ရပါတယ်။ 

ဆန္ဒပြဦးဆောင်သူ မြို့မိမြို့ဖ ဦးမျိုးချစ်က  ...

“သိန်း ၁,၁၀၀ ချပေးတယ်။
ရပ်မိရပ်ဖတွေနဲ့ ကော်မတီဖွဲ့ပြီး ဒါလုပ်ရမှာ။
ဒါပေမယ့် အုပ်ချုပ်ရေးမှူးက သူ့လူတွေနဲ့ ကော်မတီဖွဲ့ပြီး လုပ်တယ်။
ငွေစာရင်းရှင်းတမ်းကို ပွင့်လင်း မြင်သာစွာ ချမပြဘူး။
တကယ်လုပ်တာက သိန်း ၃၀၀ လောက်ပဲ ကုန်ပြီး သိန်း ၈၀၀ လောက် ပျောက်နေတယ်။
ရပ်မိရပ်ဖတွေက စာရင်းရှင်းပေးဖို့ ပြောတယ်။
ရှင်းမပေးဘူး။ ကန်ကိုလည်း ပြီးအောင် မလုပ်ဘူး။ လုပ်ဖို့က တစ်မိုင်ခွဲလောက် ကျန်နေသေးတယ်”

ဆန္ဒအပြခံရတဲ့ ဝက်ထီးကန်မြို့ အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်ကတော့ ဆန္ဒပြသူတွေရဲ့ စွပ်စွဲချက်ကို ငြင်းပါတယ်။

ဦးသန်းထိုက်ဟာ အုပ်ချုပ်ရေးမှူး မလုပ်ခင်ကတော့ ဝက်ထီးကန်မြို့ရဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက စည်းရုံးရေးမှူး တယောက်ပါ။

ငွေကြေး အလွဲသုံးစား မလုပ်ဘူးလို့ သူက ပြောပါတယ်။

“ပုဂ္ဂိုလ်ရေး တိုက်ခိုက်နေတာပါ။
ကျပ်သိန်း ၃၀၀ ထဲနဲ့ စီမံကိန်းကြီးတစ်ခုလုံး လုပ်လို့ မရပါဘူး။
ကျပ်သိန်း ၁,၁၀၀ မှာ ကျပ်သိန်း ၁၁၀ ပဲ ပိုတာပါ”

 ငွေစာရင်းနဲ့ ပတ်သက်လို့လည်း သေချာ လုပ်ထားကြောင်း သူက ပြောပါတယ်။

“ငွေစာရင်းရှင်းတမ်းတွေနဲ့ ပတ်သက်ပြီး ၆ ကြိမ်လောက် ရှင်းပြီးပြီ။
ဝန်ကြီးချုပ်ထိလည်း ရှင်းလင်း တင်ပြပြီးပြီ။
ကျန်ငွေကိုလည်း ဘဏ်မှာ အပ်ထားပါတယ်”

ဒါကတော့ အငြင်းပွားဖွယ် ဖြစ်နေတဲ့ ကျပ်သိန်းပေါင်း ၁,၁၀၀ နဲ့  ရေကန်ပြန်လည်မွန်းမံရေး  စီမံကိန်းအကြောင်း နှစ်ဘက် ပြောဆိုချက်တွေပါ။
 
ဒီရေကန်ကြီးဟာ တကောင်းခေတ်ကတည်း တည်ရှိခဲ့တယ်လို့ ယူဆနေကြပါတယ်။



 ကောင်းမြတ်မင်း

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...