Skip to main content

အပစ်ရပ်ရေး စာချုပ် စတုတ္ထမူကြမ်း သဘောတူ

စက်တင်ဘာ ၂၆

 
တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆွေးနွေး မှုတွေ ကနေ သဘောတူ စာချုပ် စတုတ္ထ မူကြမ်းကို အတည်ပြု နိုင်ခဲ့ ကြောင်း နှစ်ဘက် ဆွေးနွေး သူတွေ ကနေ တနင်္လာ နေ့က ပူးတွဲ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မတီ နဲ့ တိုင်းရင်သား လက်နက်ကိုင် အဖွဲ့ အစည်း တွေရဲ့ NCCT အဖွဲ့အကြား အခုလ ၂၆ ရက်နေ့ ကနေ ၂၆ အထိ ၅ ရက်ကြာ ပြုလုပ် ခဲ့တဲ့ ဆွေးနွေး ပွဲ အပြီး အခုလို ပူးတွဲ ကြေညာချက် ထွက်ရှိ လာတာ ဖြစ်ပါတယ်။

နောက်ထပ် ဆွေးနွေးပွဲ ကိုတော့ ရှေ့လာ အောက်တိုဘာလမှာ ထပ်မံ ပြုလုပ်မှာ ဖြစ်ကြောင်း ကြေညာချက် ထဲမှာ ဖေါ်ပြထား ပါတယ်။

နောက်ပြီး တနိုင် ငံလုံး အပစ် ရပ်ရေး အမြန်ဆုံး သဘောတူ စာချုပ် နိုင်ဖို့ နဲ့ နိုင်ငံရေး ဆွေးနွေး ပွဲတွေကို အမြန်ဆုံး ကျင်းပကာ၊ ရေရှည် ငြိမ်းချမ်းရေး ရရှိရေး အတွက် ကြိုပမ်း လုပ်ဆောင်မယ် လို့လည်း နှစ်ဘက် စလုံးက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Comments