စက်တင်ဘာ၂၅
အိန္ဒိယ နိုင်ငံက အင်္ဂါဂြိုဟ်ပတ် လမ်းထဲကို လွှတ်တင် နိုင်ခဲ့တဲ့ Mangalyaan ဂြိုဟ်တုကနေ ပထမဆုံး အနေနဲ့ ရိုက်ယူ ပေးပို့ခဲ့တဲ့ အင်္ဂါဂြိုဟ်ရဲ့ ပုံရိပ်တွေကို အိန္ဒိယ အာကာသ အေဂျင်စီက ထုတ်ပြန်လိုက်ပါတယ်။
အင်္ဂါဂြိုလ်မှာ သက်ရှိ အထောက်အထား ရှိမရှိ ကိုလည်း အဲဒီ ဂြိုဟ်တုက လေ့လာ စူးစမ်းသွားမယ်လို့ ဆိုပါတယ်။
အိန္ဒိယရဲ့ Mangalyaan ဂြိုဟ်တု လွှတ်တင်တဲ့ ခရီးစဉ်ဟာ တစ်ကြိမ်တည်းနဲ့ အောင်မြင်ခဲ့တာ ဖြစ်ပြီး ဈေးအသက်သာဆုံး ဖြစ်ကာ အမေရိကန် အာကာသ အေဂျင်စီ နာဆာရဲ့ နောက်ဆုံး တစ်ခေါက် အင်္ဂါဂြိုဟ် ခရီးစဉ်က အခုထက် ၁၀ ဆလောက် ပိုမို ကုန်ကျခဲ့ပါတယ်။
မန်ဂါလီယန် ဂြိုဟ်တု ကနေ အင်္ဂါဂြိုဟ် ဓာတ်ပုံ ၁၀ ပုံခန့် ရိုက်ယူ ပေးပို့ခဲ့တယ်လို့ ဟိန္ဒူ သတင်းစာက ဖော်ပြခဲ့ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/09/140925_india_mars_prob_first_images

Comments
Post a Comment