Skip to main content

သူရရွှေမန်းကို ထောက်ခံမည်ဆိုသည့် ဒီချုပ်သတင်း ရိုက်တာ ပြင်ဆင်ချက်အချို့ ပြန်လုပ်

စက်တင်ဘာ ၂၅

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့် တားမြစ်ခံရရင် အန်အယ်လ်ဒီက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းကို သမ္မတ နေရာအတွက် ထောက်ခံမယ်ဆိုတဲ့ ရိုက်တာ သတင်းဌာနရဲ့ ရေးသားထားတဲ့ သတင်းကို ပြန်လည် ပြောင်းလဲ ရေးသားလိုက်ပါတယ်။


စက်တင်ဘာလ ၂၃ ရက်နေ့စွဲနဲ့ ရိုက်တာ သတင်းဌာနရဲ့ မြန် မာနိုင်ငံ ဆိုင်ရာ ဗျူရိုအကြီးအကဲ Mr. Paul Mooney ရေးသားတဲ့ သတင်းမှာ အဓိပ္ပာယ်လွဲ မှားဖော်ပြချက်တွေနဲ့ ပတ်သက်လို့ ကိုးကားဖော်ပြခံရသူ တဦးဖြစ်တဲ့ အဖွဲ့ချုပ်ဗဟို အလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်က ပြန်လည်ဖြေရှင်းပေးဖို့ စာရေးသား တောင်းဆိုခဲ့ပြီးမှာ ပြင်ဆင်ပေးလိုက်တာဖြစ်ပါတယ်။

သတင်းမှာ ဦးဟံသာမြင့်က ပါတီမှာ တရားဝင်ရွေးချယ်ထားတဲ့ ဒုတိယ ခေါင်းဆောင် မရှိတဲ့ ပြောဆိုချက်ကို အန်အယ်လ်ဒီ ကိုယ်စားလှယ်မဟုတ်ပေမယ့် မူဝါဒခြင်းတူတဲ့ ပါတီ အပြင်က တခြားတယောက်ကို ထောက်ခံတာ၊ လွှတ်တော်ပြင်ပက အန်အယ်လ်ဒီ ပါတီဝင်တဦးကို ဒုသမ္မတအဖြစ် အဆိုပြုတာတွေ လုပ်သွားမယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပြင်ဆင်ပေးလိုက်တာ ဖြစ်ပါတယ်။

ဦးရွှေမန်းကို သမ္မတအဖြစ် ပါတီက ထောက်ခံနိုင်ဖွယ်ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပါတီရဲ့ ဗဟိုအဖွဲ့ဝင်တဦးက ပြောဆိုခဲ့တယ်ဆိုတဲ့ စာသားကိုတော့ ဆက်လက်ထားရှိပါတယ်။

ဒီဗွီဘီမေးမြန်းချက်ကို ရိုက်တာ ပြောခွင့်ရက ပြန်လည်ဖြေကြားတဲ့ စာမှာတော့ သတင်းမှာ အန်အယ်လ်ဒီက ဦးရွှေမန်းကို သမ္မတအဖြစ် ထောက်ခံနိုင်ဖွယ် ရှိတယ်လို့ ပြောဆိုတဲ့သူနဲ့ ပတ်သက်ပြီး ရှုပ်ထွေးနေတာကို ဖယ်ထုတ်ပြီး သတင်းကို ပြန်ရေးထားတယ်လို့ ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရန်ကုန်အခြေစိုက် ၀ါရင့်သတင်းစာဆရာကြီး ဖိုးသောကြာက “အဘထင်တာက ကိုဟံသာမြင့်က တကယ်ပြောတယ်။ ဒါပေမယ့် ကိုဟံသာမြင့်မပြောဘဲနဲ့ သူတို့ ကောက်ယူခြင်တဲ့ အဓိပ္ပာယ်မျိုး ယူပြီး ဖော်ပြလိုက်ရင်တော့ ရိုက်တာက တောင်းပန်ရမှာပဲ။ ကိုဟံသာမြင့်ကို တောင်းကိုတောင်းပန်ရမယ်။ အကယ်၍ ကိုဟံသာမြင့်က တကယ်ပြောပြီးမှ သူ့ဟာသူ ပါတီရဲ့ ပေါ်လစီနဲ့ သွားပြီးငြိလို့၊ ပါတီက ဝေဖန်လို့၊ ဟာ ခင်ဗျား ဘာလို့ အဲလိုပြောတာလဲ ဘာညာဆိုပြီး ဝေဖန်လို့များ ကိုဟံသာမြင့်က ပြန်ပြင်ပြောတယ်ဆိုရင်တော့ ရိုက်တာက ကိုဟံသာမြင့်ကို တောင်းပန်စရာ မလိုဘူးပေါ့။ ”

ဦးရွှေမန်းကိုထောက်ခံမယ်ဆိုတဲ့ ရိုက်တာ သတင်းထွက်လာပြီးတဲ့နောက် လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ အန်အယ်လ်ဒီကို တိုက်ခိုက်ဝေဖန်မှုတွေ ရှိခဲ့သလို အန်အယ်လ်ဒီ မူဝါဒနဲ့ ပတ်သက်ပြီးေ၀၀ါးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ရိုက်တာအနေနဲ့ ရေးသားချက်ကိုသာ ပြင်ဆင်ပေးခဲ့ပေမယ့် သတင်းကြောင့် ဖြစ်ပွားခဲ့တဲ့ အကျိုးသက်ရောက်မှုကိုတော့ တောင်းပန်ခဲ့ခြင်း မရှိပါဘူး။

By ကို​ထွေး​ (ဒီဗွီဘီ)
http://burmese.dvb.no/archives/66015

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...