Skip to main content

အမျိုးသမီးတစ်ဦး လျှို့ဝှက်စွာရိုက်ကူးခဲ့သော ဗီဒီယိုတစ်ခုအရ IS များ ထိန်းချုပ်ထားရာ နယ်မြေတွင် အမျိုးသမီးများပါ လက်နက်ကိုင်ဆောင်ကာ သွားလာလျက်ရှိ

စက်တင်ဘာ ၂၅

IS ထိန်းချုပ်ထားရာ နယ်မြေမှ အမျိုးသမီးများ၏ ဘ၀ကို ကမ္ဘာသို့ သိစေလိုသော ဆီးရီးယား အမျိုးသမီး တစ်ဦးက IS များ ထိန်းချုပ်ထားပြီး လွန်ခဲ့သည့် မေလ မှ စတင်ကာ အစ္စလာမ်မစ် ဥပဒေပြဌာန်း ထားသော ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ ရပ်ကာ မြို့အတွင်းမှ အခြေအနေများကို လျှု့ဝှက်ရိုက်ကူး ထားသော ဗီဒီယိုတစ်ခု ထွက်ပေါ်လာရာ ၎င်းဒေသရှိ အမျိုးသမီးများမှာ လူ့အခွင့်အရေးများ ဆုံးရှုံးလျက်ရှိပြီး မိမိတို့၏ အသက်အန္တရာယ်နှင့် အခြား အန္တရာယ်များမှ ကာကွယ်နိုင်ရန်အလို့ငှာ သေနတ်ကိုယ်စီဖြင့် လမ်းလျှောက်ထွက် နေရကြောင်း တွေ့ရသည်။


လျို့ဝှက်ဗီဒီယိုကိုရိုက်ကူးခဲ့သည့်အမျိုးသမီးမှာ အစ္စလာမ်ဥပဒေအရ၀တ်ဆင်ရသည့် မျက်နှာထိဖုံးအုပ်ထားရသည့်အ၀တ်အစား 'နီကတ်' ကိုဝတ်ဆင်ကာ လျို့ဝှက် ကင်မရာ သယ်ဆောင်ပြီး မြို့အတွင်းရှိ အခြေအနေများကိုရိုက်ကူးခဲ့ခြင်းဖြစ်သည်။ သူမရိုက်ကူးခဲ့သော ဗီဒီယို၏ဖော်ပြချက်အရ မြို့အတွင်းရှိ လမ်းများမှာ သေနတ်ကိုင် ဆောင်ထားသော အမျိုးသား၊ အမျိုးသမီးများဖြင့် ပြည့်နှက်လျက်ရှိပြီး အချို့အမျိုးသမီးများမှာ ' နီကတ်' ၀တ်စုံကိုဝတ်ဆင်ထားပြီး နောက်ကျောတွင်လည်း ရိုင်ဖယ်သေနတ်များကို ချိတ်ဆွဲထားကြသည်။ ဗီဒီယိုပြကွက် တစ်ခုတွင် 'နီကတ် ' ၀တ်စုံဝတ်ဆင်ထားပြီး AK 47 မောင်းပြန်သေနတ်ကို ကျောသိုင်းလွယ်ထားသော အမျိုးသမီးတစ်ဦးမှာ သူမ၏ သားဖြစ်သူကိုလက်ဆွဲလျက် ကလေးကစားကွင်းအတွင်းသို့ဝင်ရောက်သွားခဲ့သည်။

သူမ ဗီဒီယို ရိုက်ကူးနေစဉ်အတွင်းမှာပင် သေနတ်ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦးက ကားဖြင့် သူမအနားသို့ရောက်ရှိလာပြီး " ' နီကတ် ' ၀တ်စုံကို သေချာ ၀တ်ဆင်ရန်၊ သူမ၀တ်ဆင်ထားသော ၀တ်စုံမှာ မျက်နှာအနည်းငယ်ပေါ်နေသောကြောင့် သေချာဝတ်ဆင်ရန်၊ အရှင်က မျက်နှာကို ဖုံးထားသော အမျိုးသမီးကိုသာ ချစ်တယ်" ဟုပြောဆိုကာ ဆူပူကြိမ်းမောင်းသွားခဲ့သည်။ လျှို့ဝှက်စွာရိုက်ကူးခဲ့သည့် ၎င်းဗီဒီယိုကို ပြင်သစ်သတင်းရုပ်သံလိုင်း "France 2" တွင်ထုတ်လွှင့်ပြသသွားခြင်းဖြစ်ပြီး၊ ဖျော်ဖြေရေး၊ ပညာရေးနှင့် အစစအရာရာကို ခံစားခွင့်မရှိသော အစ္စလာမ်မစ် ဥပဒေအောက်မှ ဆီးရီးယားအမျိုးသမီးများ၏ဘ၀အခြေအနေများကို ဖော်ပြသွားခဲ့သည်။

အောင်ဟိန်းခိုင် ၊ စက်တင်ဘာ ၂၅
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal



Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...