Skip to main content

အင်အယ်ဒီ ၂၆ နှစ်မြော်ကအဖွဲ့ချုပ်သဘောထာ

စက်တင်ဘာ ၂၇

ဓာတ်ပုံ - NLDအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်ခြင်း ၂၆နှစ်ပြည့် အခန်းအနားကို ရန်ကုန်၊ ရွှေဂုံတိုင်က အဖွဲ့ချုပ်ရုံးခန်းမှာ ကျင်းပပြုလုပ်ခဲ့ပြီး အဖွဲ့ချုပ်ရဲ့ သဘောထားကြေညာချက် တစောင်လည်း ထုတ်ပြန်ခဲ့ပါတယ်။
အဖွဲ့ချုပ် ၂၆ နှစ်ပြည့် အခမ်းအနားကို ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခြင်းမရှိဘဲ နာယကဦးတင်ဦးပဲ တက်ရောက်ပြီး မိန့်ခွန်းပြောခဲ့ပါတယ်။ အခမ်းအနားကို နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ ၀ါရင့်နိုင်ငံရေးသမားကြီးတွေနဲ့ အဖွဲ့ချုပ်နဲ့ လုပ်ဖော်ကိုင်ဘက် နိုင်ငံရေး အင်အားစုတွေ၊ နိုင်ငံရေးသမားတွေ စုစုပေါင်း ၃၀၀ လောက် တက်ရောက်ခဲ့ကြ ပါတယ်။

အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းကို ပါတီ ၂၆ နှစ်ပြည့်နေ့မှာ ပြည်သူကို ပေးချင်တဲ့ သတင်းစကားက ဘာဖြစ်မလဲလို့မေးကြည့်တော့ သူက အခုလို ပြောပါတယ်။
“အခုတိုင်းပြည် ထူထောင်ရေး ဒီမိုကရေစီရေးမှာ တကယ့် အရေးကိစ္စထက်ကို မိမိ လက်ဦးမှု ရရှိရေး၊ မိမိအနိုင်ရရှိရေး၊ ဒီလိုစိတ်ဓာတ်တွေနဲ့ သွားနေကြတယ်။ ဒီလိုသွားနေရင်တော့ တိုင်းပြည်အတွက် အကျိုးမရှိဘူး။ ပြည်သူအတွက် အကျိုးမရှိဘူး။ အဲဒီ အချက်အလက် ကျနော်တို့ ပေးတာပါ။ ပြုပြင်ပြောင်းလဲမှု။ တိုင်းပြည် ပြုပြင်ပြောင်းလဲမှု၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လမ်းပေါ်ကို မရောက်သေးပါဘူး။ အရွေ့တော့ ရှိတယ်၊ ဒါပေမယ့် အားရစရာ အခြေအနေ မရှိသေးဘူးဆိုတာ ကျနော်တို့ ပြည်သူတွေကို ပြောပါတယ်။” အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်တဲ့ ဦးဝင်းထိန်ကို အဖွဲ့ချုပ်တည်ထောင်ခါစက အမှတ်ရစရာတချို့ မေးကြည့်တော့
“ဦးအောင်ကြီးရယ် ဦးတင်ဦးရယ် ဒေါ်အောင်ဆန်းစုကြည်ပါလို့ အောင်စုတင် ဆိုပြီးတော့ သတင်းဌာနတွေကတောင် ခေါ်ရတဲ့ အလေ့အထရခဲ့တယ်။ အဲဒီကနေပြီး ဦးအောင်ကြီး ထွက်သွားတဲ့အခါမှာ အောင်စုတင် ပျောက်သွားပြီးတော့ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် ၂ ယောက်ပဲ ဦးဆောင်လာတယ်။ အဲဒီလို ပြောင်းလဲ ဦးဆောင်လာပေမယ့် ပြည်သူလူထုက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံတဲ့အရှိန်အဟုန်က ကျမသွားတဲ့အပြင် ပိုတောင် တိုးလာပါသေးတယ်။ အဲဒီလိုတိုးလာတဲ့ သာဓက အဲဒီတုန်းက ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျတယ်။ ကျနော်ကိုယ်တိုင်လည်း ထောင်ထဲမှာ အဲဒီလို ဖြစ်နေတဲ့ ကြားထဲက စစ်အစိုးရက စစ်အုပ်ချုပ်ရေး မရုပ်သိမ်းသေးတဲ့ ကာလမှာ လုပ်တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ ကျနော်တို့ အဖွဲ့ချုပ်က ၈၆ ရာခိုင်နှုန်းကျော်ကျော် နိုင်ခဲ့တယ်ဆိုတာက ကျနော်တို့အဖွဲ့ချုပ်ရဲ့ အင်အား၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးရဲ့ အင်အားလို့ ကျနော်တို့ ပြောနိုင်ပါတယ်။ ရုန်းကန်ခဲ့တာဗျာ ဥပမာဆိုရင် ကျနော်က ၁၉၈၉ ကနေ ၁၉၉၅ အထိ ထောင်ကျခဲ့တယ်။ ၁၉၉၅ ကနေလွတ်ပြီးတော့မှ ၁၉၉၆ ခုနှစ် မေလမှာ အပြင်မှာ ကျန်တနေတဲ့ လွှတ်တော်အရွေးချယ်ခံပုဂ္ဂိုလ်တွေ တော်တော်များများ ထောင်ထဲရောက်ပြီး တချို့လည်း နိုင်ငံခြား ထွက်ပြေးတာတွေ ရှိတယ်။ အပြင်မှာကျန်ခဲ့တဲ့ အရွေးချယ်ခံပုဂ္ဂိုလ်တွေကို အစည်းအဝေး လုပ်မယ်လို့ ခေါ်လိုက်တဲ့အချိန်မှာ ၂၀၀၆ ခု မေလ အဲဒီမှာ တနိုင်ငံလုံး လူဖမ်းပွဲကြီး စတင်ကျင်းပတဲ့အချိန်မှာ ကျနော်ကိုယ်တိုင်လည်း ထောင်ထဲ ပြန်ရောက် သွားတာပါပဲ။ အဲဒါက အင်မတန် မှတ်သားစရာ ကောင်းတဲ့ကိစ္စပါ။ တချို့ဆိုရင် ထောင်ထဲ ရောက်တယ်။ တချို့ဆိုရင် တပ်တွေမှာ ထိန်းထားတယ်။ တချို့ဆိုရင် ရဲစခန်းတွေမှာ ထိန်းထားတယ်။ တနိုင်ငံလုံးမှာ ထောင်နဲ့ချီပြီး အဖမ်းခံရတာပါ။”
အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အကြိမ်ကြိမ် အကျယ်ချုပ်ချခံခဲ့ရပြီး နောက်ဆုံးအကြိမ် နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာချိန်မှာ အဖွဲ့ချုပ်အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲဝင်ပြီး ဥက္ကဋ္ဌအပါအ၀င် အဖွဲ့ချုပ်ကိုယ်စားလှယ်တချို့ လွှတ်တော်ထဲ ရောက်ခဲ့ပါတယ်။
မနှစ်က ပြုလုပ်ခဲ့တဲ့ အဖွဲ့ချုပ် ၂၅ နှစ်မြောက် ငွေရတုအခမ်းအနားကို ရန်ကုန်က တော်ဝင်နှင်းဆီခန်းမမှာ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပပြုလုပ်ခဲ့ပြီး ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လည်း တက်ရောက်ခဲ့ပါတယ်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...