Skip to main content

Posts

နေပြည်တော် တည်ဆောက်ရေး ကုန်ကျစရိတ် မေးမြန်းချက်အပေါ် ဦးရဲထွဋ်မှ ဖြေကြားရန် ငြင်းဆန်လိုက်ပြီး

1,000 Million Strong For Daw Aung San Suu Kyi in 2015 12 မေ 2014 · နေပြည်တော် တည်ဆောက်ရေး ကုန်ကျစရိတ် မေးမြန်းချက်အပေါ် ဦးရဲထွဋ်မှ ဖြေကြားရန် ငြင်းဆန်လိုက်ပြီး နေပြည်တော် တည်ဆောက်ရေး ကုန်ကျစရိတ်များနှင့်ပတ်သတ်၍ စုံစမ်းနေသောသတင်းထောက်များရှိပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက် (နေပြည်တော် သတင်းရပ်ဝန်း) (သတင်းထောက်) ဦးရဲထွဋ်ခင်ဗျား နေပြည်တော် တည်ဆောက်ရေး နဲ့ ပတ်သတ်ပြီး အရင် အစိုးရကရော အခုအစိုးရကပါ ကုန်ကျ စရိတ် ဘယ်လောက်ရှိသလဲဆိုတာ တစ်ခါမှ ထုတ်ဖော် ပြောကြားတာမတွေ့ရပါဘူး ၊ အဲဒါ နဲ့ ပတ်သတ်လို့ ဦးရဲထွဋ် အနေနဲ့ (ဦးရဲထွဋ်) ကျနော့် အနေနဲ့ ဒီကိစ္စနဲ့ ပတ်သတ်လို့ ဘာမှပြောစရာမရှိပါဘူး ၊ (သတင်းထောက်) ဒီလိုပါ ဦးရဲထွဋ်ခင်ဗျား ၊ ပြည်သူတွေက ဒီ နေပြည်တော် ဆိုတဲ့ စီမံကိန်းကို ဘယ်သူတာဝန်ခံ ဆုံးဖြတ်ခဲ့တာလဲ ၊ ပိုက်ဆံတွေ ဘယ်လောက်ကုန်သွားသလဲ ၊ တန်ရာတန်ကြေးကုန်တာ ဟုတ်ရဲ့လား စသဖြင့် သိချင်နေကြပါတယ် ၊ တရားဝင် တိတ်ကျကျ ထုတ်ပြန်ထားတာတွေ ဘာမှ မရှိဘူးဆိုတော့ ပြည်သူတွေ ကြားမှာ မလိုလားအပ်တဲ့ ကောလဟာလတွေ ဖြစ်နေမှာစိုးလို့ပါ ၊ (ဦးရဲထွဋ်) ကျနော့်အနေနဲ့ ဘာမှ ပြောစရာမရှိဘူးလို့ပဲ ထပ်...

အစိုးရက သတ်မှတ်သည့် မြန်မာနိုင်ငံသားတစ်ဦး၏ တန်ဖိုး

လူတစ်ဦးတစ်ယောက်၏ အသက်တန်ဖိုးဆိုသည်က ပစ္စည်းဥစ္စာငွေကြေး တို့ ဖြင့် ပိုင်းဖြတ် ၍ မရစကောင်းပါ။ သို့သော် နိုင်ငံအသီးသီး၌ ဘေးပယောဂတစ်ခုခုကြောင့် အသက် အန္တရာယ် ထိခိုက်သူများ၊ သေဆုံးသွားကြ သူများကို စာနာမှုရှေ့ထား၍ နိုင်ငံ ၏ နိုင်ငံသားများ၏ အခွင့်အရေးကို

မုသားမြောက်တဲ့ သမ္မတစကားကို ဘယ်သူ တာဝန်ယူမလဲ

သမ္မတ ဦးသိန်းစိန်နဲ့ ဘီဘီစီ ပြီးခဲ့တဲ့ ရက်ပိုင်းက အင်တာဗျူးမှာ ပုဒ်မ ၅၉ (စ) နဲ့ ပတ်သက်လို့ သမ္မတရဲ့ ပြောဆိုချက်ဟာ မှန်ကန်မှု မရှိပါဘူး။ သမ္မတအနေနဲ့ အမှတ်မှားလို့ ပြောခဲ့သလား၊ ဒါမှမဟုတ် မရိုးမသား ပြောခဲ့သလား ဆိုတာ သမ္မတက လွဲလို့ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒီနေရာမှာ မေးစရာ မေးခွန်းက မြန်မာပြည်မှာ

စစ်ဖိနပ်အောက်မှ မလွတ်သေးပါ … ထူးခြားလာသည်က ဗြောင်လိမ်ခြင်း ဖြစ်သည် – ကျော်ကျော်မင်း

ကာကွယ်ရေး ဦးစီးချုပ်၏ ရွေးချယ်မှုဖြင့် ခန့်ထားသော လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက ပြည်သူတို့ဖြစ်ချင်သော ဆန္ဒကို စွမ်းစွမ်းတမံ တားမြစ်နိုင်ဆဲဖြစ် … ပြည်သူ ၅ သန်းကျော် လက်မှတ် ရေးထိုးထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး အလုပ်မဖြစ်သေးသည်ကို ကြည့်လျှင် သိနိုင် …

ကန့်ကွက်မှုများကြားက သံလွင် ရေအားလျှပ်စစ် စီမံကိန်းများ၊ မတ် ၂၇

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်းများအားလုံး ရပ်ဆိုင်းပေးရန် ဒေသခံ ပြည်သူများက တောင်းဆိုနေကြ သော်လည်း အစိုးရဘက်က တုံ့ပြန်မှု တစုံတရာ မရှိသေးပေ။ ထို့အပြင် အစိုးရက ရေကာတာ စီမံကိန်း တည်ဆောက်ရန် အတွက်ဟုဆိုပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှု အကဲဖြတ်ချက် နှင့် လူမှုဘဝ ထိခိုက်နစ်နာမှု အကဲဖြတ်ချက် (EIA/SIA)များကို ဆက်လက်စစ်ဆေး လုပ်ဆောင်နေရာ ယင်း လုပ်ဆောင်ချက် အပေါ် တွင်လည်း ဒေသခံများက သဘောမတူကြချေ။

မြန်မာ့တပ်မတော်ကို အမှန်အတိုင်း ရှုမြင်ခြင်း၊ မတ် ၂၆

မြန်မာနိုင်ငံခံစားနေရသည့် ဝေဒနာများကိုအလုံးစုံ ပျောက်ကင်းသွားစေနိုင်သည့် ဖြေဆေးမှာ မြန်မာ့တပ်မတော်ကို ပရော်ဖက်ရှင်နယ် တပ်မတော်တခု ဖြစ်လာအောင် ပြုလုပ်ပေးခြင်း ဖြစ်သည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်းက အခိုင်အမာ ပြောနေကြသည်ကို လတ်တလော ကြားနေရခြင်းက စိတ်မသက်သာစရာ ဖြစ်သည်။ တကယ်တမ်းတွင်မူ ဗမာလူမျိုး အများစုက ကြီးစိုးထားသည့် တပ်မတော်ကို ရက်စက်သည့် လက်နက်ကိုင် စီးပွားရေးလုပ်ငန်း တခု အဖြစ်နှင့်ရော၊ အကျိုးအမြတ် ရှာဖွေသည့်

အပစ်ရပ်ရေး ဆွေးနွေးမှု ၄ ချက်သာကျန်၊ လက်မှတ်ရေးထိုးရေး ခက်ခဲနိုင်သေး၊ မတ် ၂၄

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းရေးဆွဲနေသည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) မူကြမ်းတွင် ဆက်လက် ဆွေးနွေးညှိနှိုင်းရန် အချက် ၄ ချက်သာ ကျန်ရှိတော့သော်လည်း အမှန်တကယ် လက်မှတ်ထိုးနိုင်ရန်မှာမူ ထင်သလောက် မလွယ်ကူနိုင်သေးကြောင်း သိရသည်။ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန

“သမ္မတကြီးစကား ပြည်သူတွေ နားခါးရော့မယ်” မတ် ၂၃

အခုရက်ပိုင်း သတင်းစာ၊ ဂျာနယ်တွေနဲ့ ပြည်သူတွေအကြား အပြောအများဆုံး သတင်းကတော့ လက်ပံတန်းမှာ ဆန္ဒပြကျောင်းသားတွေ၊ ပြည်သူတွေနဲ့ သတင်းရယူနေတဲ့ သတင်းထောက်တွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးလိုက်တာနဲ့ ပတ်သက်ပြီး ဘီဘီစီသတင်းဌာနနဲ့ တွေ့ဆုံစဉ် သမ္မတ ဦးသိန်းစိန် ပြောခဲ့တဲ့ မှတ်ချက်စကားပါ။ အင်တာဗျူးမှာ သမ္မတ ဦးသိန်းစိန်က လက်ပံတန်းမှာ ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေဟာ ကျောင်းသားတွေနဲ့ ပြည်သူတွေဘက်က ခဲနဲ့ပေါက်လို့ ရဲတပ်ဖွဲ့ဝင်တွေဘက်က ပြန်ကာကွယ်ရတာဖြစ်တယ်။ ဟိုကရိုက်လို့ ဒီကပြန်ရိုက်ရတယ် ဆိုတဲ့သဘောလောက်ပဲ ရှိတာပါဆိုပြီး ဖြေလိုက်လို့ပါ။ သူ့ဖြေကြားချက်နဲ့ ပတ်သက်ပြီး အဖြစ်မှန်ကို မျက်ကွယ်ပြုတဲ့ ပြောဆိုချက်အဖြစ် ပြည်သူတွေရဲ့

ပုဒ်မ ၅၀၀ နဲ့ထောင် နှစ်လ မတ်လ ၂၁

ကိုမျိုးသန့်ရေကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ဖြစ် တဲ့မြန်မာပို့စ်ဂျာနယ် အယ်ဒီတာချုပ် ကိုသန်းထိုက်သူနဲ့ ဒု -သတင်းထောက်ချုပ် ကိုဆန်းမိုးထွန်း တို့နှစ်ယောက် ဂျာနယ်မှာဖော်ပြခဲ့တဲ့ နယ်သတင်း တစ်ပုဒ်နဲ့ ပတ်သက်ပြီး မွန်ပြည်နယ်မော်လ မြိုင်မြို့နယ် တရားရုံးမှာ ပုဒ်မ ၅၀၀အသရေဖျက် မှုမြောက်တယ် ဆိုပြီးထောင် ဒဏ်နှစ်လ ချမှတ်ခံလိုက် ရတယ်ဗျာ။ တကယ့်အဖြစ်မှန်က သူတို့နှစ်ယောက်စလုံး ဒီကိစ္စမှာ ဘာမှမကျူးလွန် ခဲ့သူတွေပါ။ ကျွန်တော်က အဲဒီကိစ္စ သူတို့ရှင်းပြ လို့အစအဆုံး သိနေရတော့ဒီကိစ္စကနေ ဘာတွေ သင်ခန်းစာယူ ရမလဲပြောပြ ချင်မိတယ်ဗျာ။ ပြီးခဲ့တဲ့ ၂၀၁၄ ဇန်န၀ါရီကမော်လမြိုင်မြို့က အလွတ်တန်း သတင်းထောက် သံလွင်မောင်မောင် ဟာမြန်မာပို့စ်

“ဦးသိန်းညွန့်က စကိုင်းနက်အကျိုးစီးပွားကို အကာအကွယ် ပေးချင်တာလား၊ ရုပ်သံမီဒီယာကို အမှောင်ချချင်တာလား” မတ် ၂၀

ပြီးခဲ့တဲ့မတ်လ ၁၈ ရက်အစည်းအဝေးမှာ သင်္ဃန်းကျွန်းအမတ် ဦးသိန်းညွန့်က ပြည်ပကနေ တင်သွင်းလာပြီး ပြည်တွင်းမှာ ပြည်သူတွေ တပ်ဆင်ကြည့်ရှုနေကြတဲ့ ရှစ်ပေစလောင်း၊ အနက်ရောင်နဲ့ လိမ္မော်ရောင် ဂြိုဟ်တုစလောင်းတွေကို ဘယ်လို ဖမ်းဆီးအရေးယူပေးနိုင်မလဲ ဆိုတဲ့မေးခွန်းတစ်ခု မေးမြန်းခဲ့ပါတယ်။ သူ့မေးခွန်းမှာ ပါတာက အဲဒီဂြိုဟ်တုစလောင်းတွေဟာ ခိုးသွင်းလာတာတွေ ဖြစ်တယ်။ ပြည်သူတွေ အဲဒီစလောင်း တွေကို ကြည့်ကြတဲ့အတွက် ပြည်တွင်းမှာ တရားဝင် ရင်းနှီးမြှုပ်နှံမှုပြုပြီး လုပ်ကိုင်နေတဲ့ စကိုင်းနက်လို ကုမ္ပဏီတွေ နစ်နာ နေတယ်။ အဲဒါကို အကာအကွယ်ပေးဖို့ လိုအပ်တယ်ဆိုပြီး မေးသွားတာပါ။ မြန်မာနိုင်ငံက ရုပ်သံထုတ်လွှင့်ခွင့်၊ ပြည်သူတွေရဲ့ သတင်းအချက်အလက် ရပိုင်ခွင့်အခြေအနေ