28 April 2020 07:15(+0630) (၁ ရက် ခန့်က) သမ်မတ ဦးဝင်းမြင့် (Zawgyi/Unicode) COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ လုပ်ငန်းတွေကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အခြေပြုရာ ဒေသတွေမှာ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် “COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့်စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီ” ကို ဖွဲ့စည်းလိုက်ကြောင်း မြန်မာသမ္မတရုံးက ဧပြီလ ၂၇ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဒီကော်မတီမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနက ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ တင်မျိုးဝင်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမှာဖြစ်ပြီး၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) က ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလူမျိုးများရေးရာ ဒုတိယဝန်ကြီး ဦးလှမော်ဦးက အတွင်းရေးမှူး၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးမိုးဇော်ဦးက အဖွဲ့ဝင်အဖြစ် ပါဝင်မယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီကော်မတီရဲ့ လုပ်ငန်းတာဝန်တွေကတော့ COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သ