Skip to main content

ရခိုင်မှာ WHO ဝန်ထမ်း အသတ်ခံရတဲ့ကိစ္စ စုံစမ်း အရေးယူပေးဖို့ ကုလ အတွင်းရေးမှူးချုပ် တောင်းဆို


22 April 2020 05:59(+0630) (လွန်ခဲ့သော 12 နာရီ ခန့်က)



(Zawgyi/Unicode)

ရခိုင်ပြည်နယ်တွင်း ကုလသမဂ္ဂ ယာဉ် တစီး တိုက်ခိုက်ခံရမှု အတွင်း ရရှိခဲ့တဲ့ ဒဏ်ရာနဲ့ တဦးသေဆုံး၊ တဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့မှု အပေါ်လွတ်လပ်စွာ စုံစမ်းစစ်ဆေး အရေးယူဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်တဲ့ အကြောင်း မသိင်္ဂ ီထိုက်တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်တွင်းက COVID -19 စောင့်ကြည့်လူနာတွေထံက ဓာတ်ခွဲနမူနာတွေ သယ်ဆောင်လာတဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO ကား တနလာင်္နေ့ ညနေပိုင်းက မင်းပြားမြို့နယ်တွင်း တိုက်ခိုက်ခံခဲ့ရတာမှာ WHO အဖွဲ့ကြီးရဲ့ ဒေသခန့် ဝန်ထမ်း ဦးပြည့်စုံဝင်းမောင် အပြင်းအထန် ဒဏ်ရာရပြီး အင်္ဂါနေ့ မနက်ခင်းမှာ သေဆုံးခဲ့ရပြီး အစိုးရ ဝန်ထမ်း ဦးအောင်မျိုးဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာပါ။ ဒီလို တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ လွတ်လပ်စွာ စုံစမ်းစစ်ဆေးပြီး အရေးယူပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က တောင်းဆိုလိုက်တာပါ။ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က အင်္ဂါနေ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောဆိုသွားပါတယ်။

“ကုလသမဂ္ဂ အမှတ်တံဆိပ် ထင်ထင်ရှားရှားပါတဲ့ ကားတစီး တနလာင်္နေ့ ညနေပိုင်းက ရခိုင်ပြည်နယ်တွင်း တိုက်ခိုက်ခံရမှု အတွင်း WHO အဖွဲ့ကြီးအတွက် အလုပ်လုပ်ပေးနေတဲ့ ယာဉ်မောင်း သေဆုံးခဲ့ရပါတယ်။ သေဆုံးခဲ့ရတဲ့ ဦးပြည့်စုံဝင်းမောင်က မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနကို ကူညီမှု အနေနဲ့ ရခိုင်ပြည်နယ်တွင်းက COVID-19 စောင့်ကြည့်လူနာတွေရဲ့ ဓာတ်ခွဲ နမူနာတွေကို သယ်ယူပို့ဆောင်ပေးခဲ့တာ ဖြစ်တယ်။ ကမ္ဘာ့ဘေးကင်းရေး ဆောင်ရွက်ရင်း အသက်ဆုံးရှုံးခဲ့ရတာဟာဆိုရင် ဝမ်းနည်းစရာ ဖြစ်ပါတယ်လို့ WHO အကြီးအကဲ ဒေါက်တာ Tedros ကလည်း ပြောဆိုထားပါတယ်” လို့ သတင်းစာရှင်းလင်ပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သေဆုံးခဲ့ရတဲ့ ဦးပြည့်စုံဝင်းမောင် အတွက် ဝမ်းနည်းရကြောင်းနဲ့ ဒဏ်ရာရခဲ့တဲ့ အစိုးရ ဝန်ထမ်း ဦးအောင်မျိုးဦး အမြန်ဆုံး ပြန်လည် ကျန်းမာလာဖို့ ဆုတောင်းပါကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောဆိုထားပါတယ်။ ဒီတိုက်ခိုက်မှုကို အပြည့်အဝ ပွင့်လင်းမြင်သာမှု ရှိရှိ စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူတွေကို တရားဥပဒေနဲ့ အညီ အပြစ်ပေးဖို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုကြောင်း ပြောခွင့်ရက ကြေညာချက် ထုတ်ပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရာမောင်း တံတား အနီးမှာ တနင်္လာနေ့ ညနေခင်းက ကုလသမဂ္ဂရဲ့ အဖွဲ့တခု ဖြစ်တဲ့ WHO အဖွဲ့ အမှတ်တံဆိပ် ထင်ထင်ရှားရှားပါတဲ့ မော်တော်ယာဉ် တိုက်ခိုက်ခံရတဲ့ အတွက် တုန်လှုပ်မိတယ်လို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပါတယ်။ ဒီတိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးသွားမယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက်မှာ ပါပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ် AA ကြား တိုက်ပွဲတွေ ရှိနေပြီး အခု တိုက်ခိုက်ခံရမှုကတော့ တာဝန်ခံသူ မရှိပါဘူး။

ရခိုင်ပြည်နယ်တွင်း တိုက်ခိုက်မှုတွေကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ဝန်ထမ်း တဦး အသက် ဆုံးရှုံးရတဲ့ အပေါ် ဝမ်းနည်းရပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးကလည်း ထုတ်ပြန်ခဲ့ပြီး ရခိုင်မှာ တိုက်ပွဲတွေ ရပ်တန့်ဖို့ အမြန်ဆုံး လိုအပ်နေပြီ ဆိုတာကို ဒီအချက်က မီးမောင်းထိုးပြနေတာ ဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။

ဦးပြည့်စုံဝင်းမောင် သေဆုံးခဲ့ရမှု အတွက် ဝမ်းနည်းမှု အထိမ်းအမှတ်အဖြစ်နဲ့ ရန်ကုန်မြို့ ကုလသမဂ္ဂရုံး မှာ အင်္ဂါနေ့က ကုလသမဂ္ဂ အလံကို တိုင်တဝက် လျှော့ချ လွှင့်ထူခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...