Skip to main content

ပလက်ဝမြို့လယ် လက်နက်ကြီးကျ၊ အမျိုးသမီးတစ်ဦးနဲ့ ကလေးနှစ်ဦး သေဆုံး

ပလက်မြို့အနီးက ရွာတွေမှာ တိုက်ပွဲတွေပြင်းထန်နေဓာတ်ပုံ မူပိုင်NARINJARA
Image captionပလက်မြို့အနီးက ရွာတွေမှာ တိုက်ပွဲတွေပြင်းထန်နေ
ချင်းပြည်နယ် ပလက်ဝမြို့နယ်အနီး တပ်မတော်နဲ့ အေအေ လက်နက်ကိုင်အဖွဲ့ အကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ဧပြီလ၂၂ ရက်နေ့ ညနေပိုင်းက ပလက်ဝ မြန်မာ့စီးပွားရေးဘဏ် ပရဝဏ် အတွင်း လက်နက်ကြီးကျည်ကျခဲ့ကာ လူ ၃ ဦး သေဆုံးခဲ့တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့က ဘီဘီစီကို ပြောပါတယ်။
သေဆုံးခဲ့သူတွေဟာ ဘဏ်ဝန်ထမ်း အမျိုးသမီးတစ်ဦးနဲ့ ကလေး ၂ ဦးဖြစ်ပြီးတော့ ပလက်ဝမြို့ပေါ်ကိုကျော်ကာ လက်နက်ကြီးတွေ အပြန်အလှန်ပစ်ခတ်နေရာကနေ လက်နက်ကြီးကျည်ကျလာတာဖြစ်တယ်လို့လည်း ချင်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။
လက်နက်ကြီးကျည်က ဘယ်အဖွဲ့ဘက်က ပစ်တယ်ဆိုတာ မသိရကြောင်းလည်း သူက ဘီဘီစီကို ပြောပါတယ်။
"ဘဏ်ဝန်ထမ်း အမျိုးသမီးနဲ့ ၄ နှစ် အရွယ် သူ့သမီးလေးရယ်၊ နောက် ကလေးတစ်ယောက်က ယောက်ျားလေးဖြစ်တယ် "လို့လည်း သေဆုံးခဲ့တဲ့သူတွေ အကြောင်းသူက ပြောပါတယ်။
ပလက်ဝက စစ်ရှောင်စခန်းတစ်ခုဓာတ်ပုံ မူပိုင်HKAWN SAN
Image captionပလက်ဝက စစ်ရှောင်စခန်းတစ်ခု
တပ်မတော်ဘက်ကတော့ "ယနေ့ညနေပိုင်းမှာ AA အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် အကြောင်းမဲ့ နှောင့်ယှက် ပစ်ခတ်မှုကြောင့် မြို့တွင်းရှိမြန်မာ့စီးပွားရေးဘဏ်အနီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဘဏ်ဝန်ထမ်းများနှင့် မိသားစုဝင်များ သေဆုံး၊ ဒဏ်ရာရရှိခဲ့" လို့ ထုတ်ပြန်ထားပါတယ်။
အေအေဘက်ကတော့ တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားတာ မတွေ့ရသေးပါဘူး။
လက်နက်ကြီးကျတဲ့နေရာ ဘဏ် အဆောက်အအုံဟာ ပလက်ဝမြို့လယ်မှာရှိတဲ့ မြို့မရပ်ကွက်မှာ တည်ရှိတာ ဖြစ်ပါတယ်။
ပလက်ဝမြို့ခံတွေထဲက တိုက်ပွဲကြောင့် ဒဏ်ရာရသူတွေ ရှိပြီးတော့ လူ၂ ဦး ဆေးရုံမှာ တက်ရောက်ကုသမှု ခံနေရတယ်လို့လည်း ဦးစိုးထက်က ပြောပါတယ်။
တပ်မတော် နဲ့အေအေ လက်နက်ကိုင်တို့ အကြား၊ ရခိုင်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွင်းမှာ ၂၀၁၈ နိုဝင်ဘာလ ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
ချင်းပြည်နယ် ပလက်ဝမြို့အနီးမှာ ဧပြီ ၇ ရက်က လည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး တပ်မတော်က လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား ၇ ဉီး သေဆုံး၊ ၈ ဦးထိခိုက် ဒဏ်ရာရရှိခဲ့သလို နေအိမ်တွေလည်း မီးလောင်ခဲ့တယ်လို့ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ် ညှိနှိုင်းရေးကောင်စီ(KACC)ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ပြောပါတယ်။
ထွက်ပြေးလာတဲ့ ပလက်ဝမြို့နယ်ထဲက ရွာသားတွေဓာတ်ပုံ မူပိုင်KYAW AUNG
Image captionတိုက်ပွဲတွေကြောင့် ထွက်ပြေးခဲ့တဲ့ ပလက်ဝမြို့နယ်ထဲက ရွာသားတွေ
ပလက်ဝမြို့ဟာ ချင်းပြည်နယ်၊ တောင်ပိုင်း မင်းတပ်ခရိုင်မှာ ပါဝင်ပြီးတော့ ရခိုင်ပြည်နယ်အထိ စီးဆင်းသွားတဲ့ ကုလားတန်မြစ် အနောက်ဘက်ကမ်းမှာ တည်ရှိပါတယ်။
ကုလားတန်မြစ်ကြောင်းအတိုင်း စစ်တွေမြို့ကနေ ၉၆ မိုင် ဝေးပြီးတော့၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ပလက်ဝမြို့နယ် တစ်ခုလုံး လူဦးရေ ၆ သောင်းကျော်ရှိပါတယ်။
ခမီချင်းလူမျိုး အများဆုံး နေထိုင်ကြပြီးတော့ ရခိုင်လူမျိုးတွေလည်းနေထိုင်ကြပါတယ်။
အခုတိုက်ပွဲဖြစ်နေတာ ဟာ ကုလားတန်မြစ် ဟိုဘက်ခြမ်းနဲ့ဒီဘက်ခြမ်း အေအေနဲ့ တပ်မတော်တို့ အပြန် အလှန်တိုက်ပွဲဖြစ်နေတာလို့လည်း ဦးစိုးထက်က ဘီဘီစီကိုပြောပါတယ်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...