By အောင်ခိုင် on Wednesday, April 22, 2020 - 06:45
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေး အလေးထား ကြိုးပမ်းဆောင်ရွက် နေချိန်တွင် ULA/AA အကြမ်း ဖက်အုပ်စုက ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အဖျက်အ မှောင့်လုပ်ရပ်များ လုပ်ဆောင်နေ သဖြင့် ပြည်သူလူထု၏အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်ရန် အ သက်စွန့်ရွပ်ရွပ်ချွံချွံ တာဝန်ထမ်း ဆောင်နေသော တပ်မတော်သား အရာရှိ စစ်သည်အားလုံးကိုအသိ အမှတ်ပြု ချီးကျူးဂုဏ်ပြုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ထုတ်ပြန်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံရုံး က အချက်ငါးချက်ပါသတင်း ထုတ်ပြန်ချက်ကို ယမန်နေ့ညတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
စားနပ်ရိက္ခာပြတ်လပ်၍ အ တိဒုက္ခရောက်နေသည့် ချင်းပြည် နယ် ပလက်ဝမြို့နယ်မှပြည်သူများ အတွက် ရိက္ခာဆန်များကို ဧပြီ ၁၉ ရက်က ပို့ဆောင်နိုင်ခဲ့၍ ဝမ်း မြောက်ဝမ်းသာ ဖြစ်ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ပလက်ဝမြို့နယ်အတွင်း တည် ငြိမ်အေးချမ်းပြီး လုံခြုံရေးအခြေ အနေ ပြန်လည်ကောင်းမွန်လာ ချိန်တွင် ဒေသဖွံ့ဖြိုးရေးစီမံကိန်း များ စဉ်ဆက်မပြတ်ဆောင်ရွက် ပေးရန် စီစဉ်ဆောင်ရွက်နေသည် ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ကဆိုသည်။
ရခိုင်ပြည်နယ်နှင့်ချင်းပြည် နယ်တွင်ဖြစ်ပွားခဲ့သည့် အရပ် သား သေဆုံးဒဏ်ရရှိမှုဖြစ်စဉ်များ ကို ကြားသိရသဖြင့် လွန်စွာစိတ်မ ကောင်းဖြစ်ရပြီး သေဆုံး၊ ဒဏ် ရာရရှိသည့် အရပ်သားများ၊ယင်း တို့၏ မိသားစုဝင်များအတွက် နိုင်ငံတော်အစိုးရအနေဖြင့် လို အပ်သည့် ပံ့ပိုးကူညီထောက်ပံ့ ပေးမည်ဟု ဆက်လက်ဖော်ပြ သည်။ ထို့ပြင်လက်နက်ကိုင်ပဋိ ပက္ခကြောင့် ဆင်းရဲဒုက္ခကြုံတွေ့ နေရသည့်ဖြစ်ရပ်များမှ ပြည်သူ များကင်းဝေးစေရန် အစိုးရက ကြိုးပမ်းဆောင်ရွက်နေသည့်ငြိမ်း ချမ်းရေးဖြစ်စဉ်ကို အောင်မြင် သည်အထိ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည် လက်မှတ်ရေးထိုး ထားသည့် ထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။
အတိုင်ပင်ခံရုံး ထုတ်ပြန် ချက်နှင့်ပတ်သက်၍ ‘‘အကြမ်း ဖက်အုပ်စုအနေနဲ့ အဖျက်အ မှောင့်လုပ်ငန်းတွေ လုပ်တယ်ဆို တဲ့အချက်ရယ် နောက်ပြီးတော့ တပ်မတော်သားတွေကို ဂုဏ်ပြု တယ်ဆိုတာနဲ့ ပတ်သက်လို့က တပ်မတော်ဘက်က NLD အစိုးရ က အပြတ်ရပ်တည်လိုက်တဲ့အ ဓိပ္ပာယ်ဆောင်ပါတယ်’’ ဟု ငြိမ်း ချမ်းရေးနှင့် တိုင်းရင်းသားအရေး လေ့လာသူ ဦးမောင်မောင်စိုးက မှတ်ချက်ပြုသည်။
ထို့အပြင် ငြိမ်းချမ်းရေးဖြစ် စဉ်ကို အောင်မြင်အောင်ဆက် လက်ကြိုးပမ်းမည်ဆိုသည့် အ ချက်မှာလည်း ULA/AA အကြမ်း ဖက်အုပ်စုက အဖျက်အမှောင့် လုပ်ရပ်များ ပြုလုပ်နေသည်ဟု ဖော်ပြထားသည့်အချက်နှင့် ညီ ညွတ်မှုမရှိဟု ထင်မြင်ကြောင်း ၎င်းကဆက်လက်ပြောသည်။
Comments
Post a Comment