ဒေါ်လာဘီလျံချီရှိနေပြီး ပြည်သူ့ဘဏ္ဍာဆီ ၀င်မလာတဲ့ ၀န်ကြီးဌာနတွေရဲ့ သီးသန့်ငွေစာရင်းနဲ့ စံချိန်တင်ဘတ်ဂျက်လိုငွေ
တိုင်းပြည်မှာ ဘတ်ဂျက်လိုငွေ အလွန်အမင်း ဖြစ်လာနေချိန်မှာ ၀န်ကြီးဌာနတွေရဲ့ ကိုယ်ပိုင်ငွေစာရင်းတွေမှာတော့ အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီပြီးရှိနေတဲ့ သီးသန့်ရန်ပုံငွေအဖြစ်ထားတဲ့ ငွေတွေက မြန်မာ့စီးပွားရေးဘဏ်မှာ အပ်နှံထားပြီး နိုင်ငံ့ဘဏ္ဍာကနေ ပြည်သူ့အတွက် သုံးစွဲနေရတဲ့ ဘတ်ဂျက်တွေကနေ စနစ်တကျ ဖယ်ထုတ်ခံထားရပါတယ်။ ၀န်ကြီးဌာနတွေရဲ့ သီးသန့်ရန်ပုံငွေစာရင်းလို့ ခေါ်ဆိုပြီး Other Accounts ဘဏ်စာရင်းလို့ သုံးနှုန်းတဲ့ ငွေပမာဏဟာ ၀န်ကြီးဌာနတွေရဲ့ နာမည်နဲ့ ဘဏ်မှာအိပ်စက်နေသလား။ ဒါမှမဟုတ် ပြည်ထောင်စုအဆင့်က ၀န်ကြီးဌာနတွေရဲ့ ဌာနခွဲတွေက ညွှန်ကြားရေးမှူးချုပ်တွေ၊ ဦးဆောင်ညွှန်ကြားရေးမှူးတွေရဲ့ နာမည်တွေနဲ့ အိပ်စက်နေပြီးရလာတဲ့ အတိုးနှုန်းတွေက ဘယ်လိုစီမံခန့်ခွဲနေလဲဆိုတာ ပြည်သူတွေ သိရှိနားလည်မှုမရှိသလို ဒီအတိုးနှုန်းတွေကရော Other Accounts တွေကနေ ဘယ်ကို စီးမျောနေလဲဆိုတာကို သိရှိဖို့လိုအပ်နေတဲ့ အခြေအနေပါ။ ဦးသိန်းစိန်အစိုးရ စတင်ခဲ့တဲ့ Other Accounts တွေဟာ နိုင်ငံ့ ဘတ်ဂျက်ပြင်ပကို ရောက်နေပြီး ဒီလိုရောက်နေတဲ့ ဘတ်ဂျက်တွေကို နိုင်ငံ့ဘဏ္ဍာဆီပြန်ဆွဲထည့်ဖို့ လုပ်ဆောင်သင့်တာကို လက်ရှိအစိုးရ တက်လာခါစ ၂၀၁၆ ခုနှစ် ဧပြီလ