Skip to main content

ကာချုပ်ကြီးကတော့ ဒုတိယအကြိမ်သတိပေးလိုက်ပြန် ပြီနော်.. “နိုင်ငံတော်လုံခြုံရေး အထူးဥပဒေ ပြဌာန်းဖို့လိုပြီ”


NLD လွှတ်တော်အမတ်တွေကိုမေတ္တာရပ်ခံတောင်းဆို ချင်တာတစ်ခုရှိတယ်။ အဲဒါကတော့ ဧည့်စာရင်းမဟုတ်တဲ့ “နိုင်ငံတော်လုံခြုံရေးဥပဒေ” တစ်ခု ပြဌာန်းပေးဖို့ဖြစ် ပါတယ်။
ကျနော်အရင်ပြောဖူးသလို မလေးရှားက အော်ပရာစီ/ထိုင်းက တာမောလိုပေါ့။ ဒီဥပဒေအရ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေဟာ အင်အားသုံးပြီး မသင်္ကာတဲ့နေရာတွေကိုရှောင်တခင်စစ်ဆေးခွင့်/ ပိုက်စိတ်တိုက် စီးနင်းရှာဖွေ ခွင့်ရှိရမယ်။
ကျနော်တို့အနေနဲ့ မလေးတို့ ထိုင်းတို့မှာတောင် ရှိထား တဲ့ ဥပဒေမျိုးကို ပြဌာန်းရာမှာ လူ့အခွင့်အရေးရှုထောင့် တစ်ခုတည်းကို ကြည့်လို့မဖြစ်ဘူး။
YBS မပြည့်စုံသေးဘဲ မထသစနစ်ကို ဖျက်လိုက်သလို နိုင်ငံတော်လုံခြုံရေးအတွက် အားကိုးရမယ့် ဥပဒေတစ် ခုခု မပြဌာန်းရသေးဘဲ ဧည့်စာရင်းဥပဒေကိုဖျက်လိုက်ပြီးဖြစ်တယ်။
ဒီနေရာမှာ ပြည်သူအားလုံးကို ဒုက္ခပေးနေတဲ့ ဧည့်စာရင်း ဥပဒေကို ကောင်းတယ်လို့ပြောတာမဟုတ်။ ဧည့်စာရင်းဥပဒေဖျက်လိုက်တာကို ဝမ်းမြောက်ဝမ်းသာစွာကြိုဆိုတယ်။ သို့သော် အကူးအပြောင်းကာလမှာ ကျနော်တို့တိုင်းပြည်ရဲ့ အခြေအနေကို အများသိသလိုပဲလွှတ်တော် ကိုယ်စားလှယ် Law Maker (LM) တွေလည်း သိပြီးသားဖြစ်တယ်။
ဒီတော့ ဖျက်သိမ်းပြီးဖြစ်တဲ့ ဧည့်စာရင်း ဥပဒေအစားနိုင်ငံတော်လုံခြုံရေးအတွက် ခိုးဝင်ဘင်္ဂလီတွေကို စစ်ဆေးနိုင်ဖို့အပြင် အကြမ်းဖက်သမားတွေ ခြေကုပ်ယူစုစည်းနိုင်တဲ့နေရာတွေကိုပါ ဝင်ရောက်စစ်ဆေးနိုင်ဖို့ဥပဒေသစ်တစ်ရပ်လိုပါတယ်။
ရခိုင်ပြည်နယ်မှာ အစိုးရ/ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဂရုပြုလှုပ်ရှားနေပေမဲ့ ရန်ကုန်ဟာ ခိုးဝင်ဘင်္ဂလီတွေအတွက် transit ဖြစ်နေတယ်။
ဧည့်စာရင်းမရှိတော့ ဝင်ချင်ဝင်/ ထွက်ချင်ထွက် ဘယ်သူမှမသိနိုင်သလို သတင်းပေးသူရှိပြန်ရင်လည်းလက် ရှိဥပဒေအရတရားသူကြီးဆီကဝရမ်းမပါရင်ဝင်ရောက်ရှာဖွေခွင့်မရှိပြန်ဘူး။
ဒါ့ကြောင့် ဒီလစ်ဟာနေတဲ့ လုံခြုံရေးကွပ်လပ်ကိုဖြည့်ဖို့ ဥပဒေသစ်ပြဌာန်းဖို့ လိုပါတယ်။
သတင်းအခြေအနေပေါ်မူတည်ပြီး လိုအပ်ရင်လိုအပ်သလို အမြန်ဆုံးဆောင်ရွက်ရမှာဖြစ်တာမို့ တရားသူကြီးဝရမ်းမပါဘဲ သက်ဆိုင်ရာ တာဝန်ရှိ ပြန်တမ်းဝင်အရာရှိတစ်ဦးလက်မှတ်နဲ့ စစ်ဆေးနိုင်တာမျိုးဖြစ်သင့်တယ်။
အထူးအရေးကြီးတာက ဒီတာဝန်ကိုထမ်းဆောင်မယ့်အထူးတပ်ဖွဲ့မျိုးပါ ဖွဲ့စည်းဖို့လိုပါတယ်။ နယ်မြေခံရဲတပ်ဖွဲ့ကိုသုံးတာမျိုး အဆင်မပြေနိုင်ပါဘူး။ ဥပမာ အကြမ်းဖက်နှိမ်နှင်းရေးတပ်ဖွဲ့လိုပေါ့။
ကျနော်ကော့သောင်းမှာရှိစဉ် ထိုင်းမှာတာမောဖမ်းနေပုံကို TV ကနေ Live လွှင့်ပြတာ ကြည့်ဖူးတယ်။
ထိုင်းအထူးတပ်ဖွဲ့ မြန်မာအများစုရှိတဲ့ စက်ရုံတစ်ခုကိုဝင်စီးတယ်။ မြန်မာတွေ ဝရုန်းသုန်းကား ပြေးကြတာပေါ့။ နောက်ကလိုက်တဲ့ ထိုင်းအထူးတပ်ဖွဲ့က မပြေးဖို့အော်ပြောတယ်။ မပြေးဘဲ ဝပ်နေတဲ့သူကို မပစ်ပေမဲ့အော်နေရဲ့သားနဲ့ ဆက်ပြေးတဲ့သူကို မောင်းပြန်ရိုင်ဖယ်နဲ့ပစ်တယ်။ ခွေခနဲပဲ။ ဘာတတ်နိုင်မှာလဲ။ သူ့နိုင်ငံ သူ့ဥပဒေလေ။
အခုလည်း အဲဒီလို အစားထိုးဥပဒေတစ်ခုခု ပြဌာန်းဖို့အချိန်တန်နေပါပြီ။ NLD လွှတ်တော်အမတ်တွေကိုယ်တိုင်က တက်တက်ကြွကြွလုပ်သင့်တဲ့ကိစ္စဖြစ်တယ်။
အမတ်တွေကိုယ်တိုင်တက်တက်ကြွကြွမလှုပ်တဲ့အခါ NLD အစိုးရဟာ နိုင်ငံတော်လုံခြုံရေးကို စိတ်မဝင်စားဘဲ mုလားတွေကို နေရာပေးချင်တယ်လို့ အတိုက်အခံပါတီ/ အမျိုးသားရေးဝါဒီတွေနဲ့ Anti NLD တွေဘက်က ပြောစရာ လက်ညှိုးထိုးစရာဖြစ်လာတယ်။
အခုပြောတဲ့ ဥပဒေမျိုးသာ ပြဌာန်းပြီးသား ဖြစ်နေခဲ့ရင်မင်္ဂလာတောင်ညွန့်ပြဿ နာမျိုး ပေါ်ပေါက်လာစရာအကြောင်းမရှိဘူး။
သတင်းရရှိရေးအတွက်အရေးကြီးတယ်ဆိုတာ လုံခြုံရေးအဖွဲ့တိုင်း သိပါတယ်။ သတင်းရဖို့အတွက် လူမွေးရတယ်။ လူမွေးဖို့အတွက် ဘတ်ဂျက်လိုတယ်။
ဒီနေရာမှာ စစ်အစိုးရလက်ထက်စစ်ထောက်လှမ်းရေးက ဒီဘက်ခေတ် စရဖထက်သာတယ်ဆိုတာ ငြင်းလို့မရဘူး။
စစ်ထလရလည်း ဘတ်ဂျက်အလုံအလောက်မရဘူး။သို့သော် သူ့မှာလုပ်ပိုင်ခွင့်ရှိတယ်။ အရေးကြီးသတင်းပေးနိုင်တဲ့ source တွေမှန်သမျှ စစ်ထောက်လှမ်းရေးက လုပ်ပိုင်ခွင့်တွေ ပေးထားတယ်။
အခုချက်ချင်း ရနောင်းဘက်က xx တစ်ယောက်လှေနဲ့ထွက်လာတယ်။ ကော့သောင်းဆိပ်ခံတံတားရောက်ပြီး ခြေချလိုက်တာနဲ့ လက်ထိပ် တန်းခပ်လိုက်တာပဲ။တကယ်လည်း xx ဖြစ်နေတယ်။ ဒါ ဘာလဲဆိုတော့သတင်းပေးနိုင်မယ့် source တွေ မွေးထားနိုင်တာ။
ဒီဘက်ခေတ်မှာတော့စစ်ထောက်လှမ်းရေးလိုသတင်းပေးမျိုး မွေးမြူ နိုင်ဖို့ မလွယ်ဘူးပေါ့။ ဒါကို တခြားနည်းတစ်ခုခုနဲ့ ဖြေရှင်းဖို့ နည်းလမ်းရှာသင့်တယ်။
အဓိက အရေးကြီးတာက နိုင်ငံတော်လုံခြုံရေးအတွက် အထက်ကပြောသလို ဥပဒေသစ်တစ်ခု ပြဌာန်းဖို့ပဲဖြစ်တယ်။ ဥပဒေပြဌာန်းထားမှ ဥပဒေနဲ့အညီဆောင်ရွက်နိုင်မှာဖြစ်တယ်။
ဒါဟာ ခိုးဝင်ဘင်္ဂလီရှာဖွေဖော်ထုတ်ရေးသက်သက်အတွက်မဟုတ်ဘဲ နောင် (အခုလည်းရောက်ချင်ရောက်နေနိုင်တယ်) ဝင်လာကောင်း ဝင်လာနိုင်တဲ့ အကြမ်းဖက်သမားတွေကို ရှာဖွေဖော်ထုတ်အရေးယူနိုင်တဲ့အထိကြိုတင်ဆောင်ရွက်ထားခြင်း/ ကြိုတင်ပြင်ဆင်ထားခြင်းလည်း ဖြစ်တယ်။
အစွန်းရောက်အကြမ်းဖက်သမားတွေဟာ အသေခံဗုံးခွဲတာတို့ ပြည်သူကိုဓားစာခံလုပ်ပြီး တိုက်ခိုက်တာတို့လုပ်လေ့ရှိတဲ့အတွက် အဲဒီလို တိုက်ခိုက်မှု မျိုးတွေကိုတန်ပြန်တိုက်ခိုက်ရာမှာထိရောက်သထက်ထိရောက်အောင် အခုကတည်းက နည်းလမ်းအမျိုးမျိုးနဲ့လေ့ကျင့်သား ပြည့်ဝနေဖို့လည်းလိုတယ်။
ဆိုကြပါစို့ လှည်းတန်းစင်တာ/ ဒဂုံစင်တာ တစ်ခုခုကိုအကြမ်းဖက်သမားတွေ ဝင်ရောက်စီးနင်းပြီး ပြည်သူကို ဓားစာခံလုပ်ထားရင် တတ်နိုင်သမျှ ပြည်သူအထိအခိုက်မရှိဘဲ ရန်သူကို ထိထိရောက်ရောက်ဘယ်လိုချေမှုန်းမလဲ။
လွယ်တယ်မထင်ပါနဲ့။ ပူတင်တောင် ကဇာတ်ရုံဝင်စီးတဲ့အကြမ်းဖက်သမားတွေကိုတန်ပြန်စီးနင်းတိုက်ခိုက်ရာမှာ မေ့ဆေးငွေ့သုံးတာများသွားလို့ ဓားစာခံပြည်သူတွေပါသေဆုံးခဲ့တဲ့အတွက် အပြစ်တင်ခံခဲ့ရဖူးတယ်။ထားပါတော့ ဒါက လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့အပိုင်း။
လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အဓိကတာဝန်ကလိုအပ်တဲ့ဥပဒေအသစ်တွေပြဌာန်းပေးပြီးပြည်သူကိုကာကွယ်နိုင်ဖို့ဖြစ်တယ်။
ဥပဒေနဲ့အညီဆောင်ရွက်ရာမှာ ဘယ်လူ့အခွင့်အရေးအဖွဲ့အော်သံကိုမှ ဂရုစိုက်နေလို့မရဘူး။ အဓိကက ဥပဒေရှိနေဖို့ အရေးကြီးတယ်။
အခုတင်ပြတောင်းဆိုနေတာတွေကိုလွှတ်တော်ကိုယ်စားလှယ်တွေကြားနိုင်ပါစေ လုံခြုံရေးအသိ/ သတိရှိပါ​စေ။
Credit- HeinMin

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...