Skip to main content

ဖြိုးကိုကိုတင့်ဆန်းမှာ ပါတီဝင်မဟုတ်တော့ကြောင်း ပြည်ခိုင်ဖြိုး တာဝန်ရှိသူပြောကြား

Image may contain: 4 people, people standingယခုရက်ပိုင်း လက်နက်မှုဖြင့် စစ်ဆေးဖမ်းဆီးခံရသော ဖြိုးကိုကိုတင့်ဆန်းမှာ ၂၀၁၂ခုနှစ်ကတည်းက ပြည်ခိုင်ဖြိုးပါတီဝင် မဟုတ်ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။
"မြောင်းမြကနေ ၂၀၁၂မှာ ဝင်ပြိုင်တယ်၊ အဲ့ဒီကတည်းက ပါတီနဲ့ ဆက်စပ်မှုမရှိတော့ဘူး"ဟု ဒေါက်တာလှမြင့်က ဖုန်းဖြင့် ပြန်လည်ရှင်းပြသည်။
နိုင်ငံသားများအနေဖြင့် မည်သူမဆို၊ မည်သည့်အဖွဲ့အစည်းက မဆို၊ အစိုးရကသတ်မှတ်ထားသော ဥပဒေများအတိုင်း လိုက်နာကျင့်သုံးကာ ပြုမူနေထိုင်ရမည်ဖြစ်ပြီး ဖောက်ဖျက်ကျူးလွန်ပါက ဥပဒေနှင့်အညီအရေးယူခံရမည်ဖြစ်ကြောင်း အရေးယူရမည်ဖြစ်ကြောင်း
သိရသည်။
"အားလုံးက ဥပဒေအောက်မှာပဲ ရင်ဆိုင်ရမှာပ၊ဲ တကယ်လို့ ပါတီဝင်အဖြစ် ရှိနေသေးတယ်ဆိုရင်တော့ ပါတီစည်းမျဉ်းစည်းကမ်းအတိုင်းအရေးယူဆောင်ရွက်သွားရမှာပဲလေ"ဟု ဒေါက်တာ နန္ဒာလှမြင့် က ဆက်လက်ပြောကြားသည်။
သတင်း-ဇက်အမ် (စံတော်ချိန်)
ZN.H
Comment


Comments