Skip to main content

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ အစောင့်တပ်ဖွဲများ လက်နက်များလုယူခံရ

By ဧရာဝတီ 16 October 2017
Want create site? Find Free WordPress Themes and plugins.

မြန်မာနယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်မြို့ရှိ ရိုဟင်ဂျာဆိုသူများ နေထိုင်တဲ့ နာယာပရာ ဒုက္ခသည်စခန်းက လုံခြုံရေးတပ်ဖွဲ့ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ရက်နေ့က လက်နက်ကိုင်အဖွဲ့ တဖွဲ့မှ ဝင်ရောက် တိုက်ခိုက်ပြီး တပ်မှုးကို သတ်ဖြတ်ကာ လက်နက်များကိုပါ လုယူသွားကြောင်း Daily Mail သတင်းကဆိုပါတယ်။

ဒေသခံ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ အကြီးအကဲ မူဂျီဘာရာမန် အဆိုအရတော့ တိုက်ခိုက်သူတွေဟာ တပ်မှူးကို သတ်ဖြတ်ပြီး ကျန်တပ်ဖွဲ့ဝင်တွေကို ကြိုးတုတ်ကာ ရိုင်ဖယ် ၁၁လက်နဲ့ ကျည်ဆန် ၅၇၀ ကို လုယူသွားတယ်လို့ သိရပါတယ်။

“တိုက်ခိုက်မှုက ဒေသစံတော်ချိန် နံနက် ၂နာရီ ၂၀မိနစ်မှာ ဖြစ်တာ၊ လက်နက်ကိုင် ၁၀ယောက် ၁၅ ယောက်လောက်က ဝင်တိုက်တာ၊ လုံခြုံရေး တပ်မှူးကို ရိုက်ပြီး နောက်ကနေ ပစ်သတ်လိုက်တာ ပွဲ ချင်းပြီး သေသွားတယ်” လို့ ရဲမှူး ရာမန်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းကဆိုပါတယ်။

နာယာပရာ ဒုက္ခသည် စခန်းဟာ မြန်မာနယ်စပ်ကနေ ၁မိုင်ကျော်ခန့်ဝေးပြီး၊ ရခိုင်ပြည်နယ် မြောက် ပိုင်းကနေ ထွက်ပြေးလာတဲ့ ဘင်္ဂလီ ၂၅၀၀၀ ခန့် ခိုလှုံနေတယ်လို့ UNHCR ဒုက္ခသည် အေဂျင်စီရဲ့ စာရင်းတွေအရ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့တော့ ကျူးလွန်သူတွေဟာ ဒုက္ခသည်စခန်းထဲမှာပဲ ရှိနေနိုင်တယ်လို့ ယူဆပြီး ဆက်လက် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။

စခန်းရဲ့ အနေအထားဟာ အလွယ်တကူဝင်ထွက်နိုင်တဲ့အတွက် အလွယ်တကူ ကိုယ်ရောင်ဖျောက် သွားလို့ ရတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီတောင်၊ မောင်တော၊ ရသေ့တောင် စတဲ့မြို့နယ်တွေက လုံခြုံရေး ကင်းစခန်းတွေကို ARSA လို့ အမည်ပေးထားတဲ့ ဘင်္ဂလီ အကြမ်းဖက်သမားတွေက တိုက်ခိုက်ပြီးတဲ့ နောက်မှာ မြန်မာတပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေကြောင့် မွတ်စလင် ၅သိန်းခန့် ဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ရပါတယ်။

မကြာသေးမီက Reuters သတင်းမှာ ဖော်ပြချက်အရ ARSA အကြမ်းဖက်အဖွဲ့ဟာ မွတ်စလင်ရွာ သားတွေကို ရုရှားလုပ် AK – 47 မောင်းပြန်သေနတ်များ လက်နက်များ ပေးမယ်လို့ စည်းရုံးကာ မြန်မာအစိုးရတပ်စခန်းတွေကို တိုက်ခိုက်စေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Did you find apk for android? You can find new Free Android Games and apps.

Topics: ဘင်္ဂလားဒေ့ရှ်

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video