Skip to main content

မြန်မာအစိုးရအနေနဲ့ ဘင်္ဂလီတွေကို ပြန်လက်ခံရာမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကြီးနှင့် ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။

Image may contain: one or more people, crowd and outdoorဘူးသီးတောင် မောင်တောက ထွက်ပြေးသွားတဲ့ ဘင်္ဂလီတွေဟာ ပြည်ခိုင်ဖြိုးအသင်းဝင်များဖြစ်ပြီး မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ဖူးကြောင်း သက်သေအဖြစ် ပြည်ခိုင်ဖြိုးပါတီဝင်ကဒ်တွေကို ထုတ်ပြတဲ့အခါမှာ
မြန်မာပြည်ရဲ့ အစဉ်အလာကြီးတဲ့ အာဏာရဖူးတဲ့ ပါတီဝင်ဟောင်းတွေ ဖြစ်တာကြောင့် ငြင်းပါယ်လို့မရပဲ မြန်မာနိုင်ငံအနေနဲ့ လက်ခံပေးရမှာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ မသမာသူတွေက ပုံမှားရိုက်ပြီး ပြည်ခိုင်ဖြိုးပါတီဝင် ကဒ်အတုတွေလုပ်လာမှာကို ကာကွယ်တဲ့အနေနဲ့ ပြည်ခိုင်ဖြိုးပါတီက ပါတီဝင်စာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်တယ်လို့ ဥက္ကဌကြီး ဦးသန်းဌေးမှ
ထောက်ခံချက်လက်မှတ် ထုတ်ပေးမှသာ
မြန်မာအစိုးရအနေနဲ့ ပြန်လည်လက်ခံသင့်ပါတယ်။
ယခုအချိန်မှာ တိုင်းပြည်အကျိုးအတွက် အာဃာတတွေ
ဘေးချိတ်ပြီး ပူးပေါင်းလုပ်ဆောင်ကြဖို့ နှစ်ဖက်စလုံးအား လေးစားစွာ တိုက်တွန်းလိုက်ပါတယ် ...

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး ခရီးစဉ်တွင် ထွက်ပြေး ဘင်္ဂါလီများအား ပြန်လည် စိစစ်လက်ခံရေးဆိုင်ရာ MoU ရေးထိုးနိုင်ရန် ပြင်ဆင်ထားဟု လ၀က၀န်ကြီးပြောကြား
=========================
မြန်မာနိုင်ငံသို့ ယနေ့ (အောက်တိုဘာ ၂၃ ရက်) လာ ရောက်မည့် ဘင်္ဂလားဒေ့ရှ်ပြည် ထဲရေးဝန်ကြီး ခရီးစဉ်တွင် ထွက်ပြေးသော ဘင်္ဂါလီများအား ပြန်လည်စိစစ်လက်ခံရေးဆိုင်ရာ နှစ်နိုင်ငံသဘောတူစာချုပ် (MoU)ရေးထိုးရန် ပြင်ဆင်ထားကြောင်း လူဝင်မှုကြီးကြပ်ရေး ပြည်ထောင် စုဝန်ကြီးက ပြောသည်။
ထွက်ပြေးဘင်္ဂါလီများအား ပြန်လည်လက်ခံရာတွင် ၁၉၉၃နှစ်နိုင်ငံ သဘောတူညီချက်များအတိုင်း ဆောင်ရွက်မည်ဖြစ် ကြောင်း၊ MoU မူကြမ်းလက်မှတ် ရေးထိုးနိုင်ပါက သဘောတူညီချက်များအပေါ် မူတည်၍ စိစစ်လက်ခံမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးသိန်း ဆွေက ပြောသည်။
‘‘ညှိနှိုင်းချက်အပေါ် မူတည် ပြီးတော့ လုပ်နိုင်မှာပဲ။ သူတို့အ ဆင်ပြေတယ်။ လုပ်နိုင်မယ်ဆို လုပ်နိုင်မယ်။ လက်မှတ်ရေးထိုး ပြီးရင် နှစ်နိုင်ငံအကောင်အထည် ဖော်ရေးအဖွဲ့တွေ ဖွဲ့မယ်။ ဖွဲ့ပြီး တော့မှ ရက်သတ်မှတ်ပြီး လက်ခံ မယ်’’ဟု ၎င်းကဆိုသည်။
အကြမ်းဖျင်းအားဖြင့် တောင်ပြိုလက်ဝဲနှင့် ငါးခူးရကျေး ရွာတို့တွင် လက်ခံရေးအတွက် စိ စစ်မည်ဖြစ်ပြီး နှစ်နိုင်ငံလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့(Working Group) များ ဖွဲ့စည်း၍ မြန်မာနိုင်ငံသို့ ပြန်လာချင်သူ များက လျှောက်လွှာပုံစံ၌ ဖြည့်သွင်းရမည်ဖြစ်ကာ အချက်အလက်မှန်ကန်မှ လက်ခံမည်ဟု ဦးသိန်းဆွေက ဆက်လက်ပြော သည်။
‘‘မြန်မာနိုင်ငံဘက်က ဖြည့် သွင်းရမယ့် လျှောက်လွှာပုံစံတွေ ကို ပေးလိုက်ရမှာပေါ့။ ပြန်လာ ချင်တဲ့သူတွေက အဲဒီပုံစံမှာ ဖြည့် သွင်းရမယ်။ အချက်အလက်တွေ ကို ဒီဘက်ကို ပြန်ပို့တဲ့အခါမှာ မြန်မာနိုင်ငံမှာရှိတဲ့ အချက်အ လက်တွေနဲ့ တိုက်ဆိုင်စစ်ဆေး မယ်။ မြန်မာနိုင်ငံမှာ နေထိုင်သွား တာ မှန်ကန်တယ်ဆိုရင် လက်ခံ နိုင်မယ့် အရေအတွက် နာမည်စာ ရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ပြန်ပေးမယ်’’ဟု ၎င်းက ရှင်းပြ သည်။
ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ၀န်ကြီးသည် မြန်မာနိုင်ငံသို့ သုံး ရက်ကြာ လာရောက်မည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး နှင့်အတူ အတွင်းဝန်နှစ်ဦး၊ ရဲချုပ်၊နယ်ခြားစောင့်ရဲချုပ်၊ ကမ်းခြေစောင့်ရဲချုပ်၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဌာနမှ အကြီးအကဲများ အပါအ၀င် အစိုးရအရာရှိကြီးများ လိုက်ပါလာမည်ဟု ဒါကာအခြေ စိုက်သတင်းဌာနများက ဖော်ပြ သည်။
Source: 7 Day
ZN.H
Comment

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...