Skip to main content

Posts

Showing posts from September, 2017

ဘင်္ဂလားဒေ့ရှ်သို့ တိမ်းရှောင်မည့် ဘင်္ဂါလီလူမျိုးများကို တွေ့ဆုံညှိနှိုင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိမ်းရှောင်မည့် ဘင်္ဂါလီလူမျိုးများကို တာဝန်ရှိသူများက စက်တင်ဘာ ၂၉ ရက်တွင် သွားရောက်ညှိနှိုင်းနေစဉ်(fb.com/Information Committee) ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိမ်းရှောင်ရန် နှစ်နိုင်ငံ နယ်စပ် တွင် ရောက်ရှိနေသည့် ဘူးသီး တောင်မြို့နယ်မှ ဘင်္ဂါလီများအား သက်ဆိုင်ရာအာဏာပိုင်းများက သွားရောက်တွေ့ဆုံညှိနှိုင်းသော် လည်း ဘင်္ဂါလီများက တစ်ဖက် နိုင်ငံသို့သာ ၎င်းတို့ ကိုယ်ပိုင်ဆန္ဒ ဖြင့် သွားရောက်လိုကြောင်း ပြန် လည်တင်ပြခဲ့ကြောင်း အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီ က စက်တင်ဘာ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။ သတင်းထုတ်ပြန်ချက်အရ စက်တင်ဘာ ၂၆ ရက်မှ ၂၉ ရက် အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာရန် နှစ်နိုင်ငံနယ်စပ်အနီး ရောက်ရှိနေသည့် ဘင်္ဂါလီလူဦး ရေ ၂,၃၀၀ ကျော်ရှိသည်။  ဘူးသီးတောင်မြို့နယ်ရှိ ဂူတာပြင်ကျေးရွာမှ ဘင်္ဂါလီ ၁၆၈ ဦး၊ ရွှေထားကျေးရွာနှင့် ဇင်ခါးမကျေးရွာတို့မှ ဘင်္ဂါလီ ၂၅၅ ဦး၊တောင်ချောင်းကျေးရွာနှင့် ပေါက်တောကျေးရွာမှ ဘင်္ဂါလီ ၂၈၁ ဦး၊ သိမ်တောင်ပြင်ကျေးရွာနှင့် ကာလီကျေးရွာတို့မှ ဘင်္ဂါလီ ၂၀၀ ဦး၊ ဒုအိုးသည်မကျေးရွာမှ ဘင်္ဂါလီ ၃၅ ဦး၊ တောင်ချောင်းကျေးရွာ၊ ဇင်ခါ

ရခိုင်ပြည်နယ်အတွက် လူမျိုးဘာသာစုံ မြန်မာနိုင်ငံသား ကျုပ်တို့အားလုံးပဲ ရွေးချယ်ကြရမှာဖြစ်ပါတယ်

လက်ရှိ ရခိုင်အရေးဟာ မြန်မာ့ပြဿနာပေါင်းမြောက်များစွာထဲက တစ်ခုပါ။ ဒါပေမယ့် ဒီအရေးကို ကမ္ဘာက အာရုံစိုက်ပါတယ်။ အဲ့ဒီလို အာရုံစိုက်တဲ့အတွက် လက်ရှိ အစိုးရအပါအဝင် ကျုပ်တို့ မြန်မာတပြည်လုံးမှာ ရခိုင်အရေးတစ်ခုတည်းကို အာရုံစုပြုံစိုက်ပြီး ပိုမိုအချိန်ပေး ငြင်းခုံဆွေးနွေးနေကြရပါတယ်။ ဒါဟာ ဘာကိုဖြစ်စေသလဲဆိုတော့ .... အခြား တိုးတက်မှုတွေအတွက် အချိန်ပေးနိုင်မှု လျော့ပါးသွားစေပါတယ်။ တစ်ဘက်ကလည်း တရားဥပဒေစိုးမိုးရေးကို ရန်ရှာတဲ့သဘောဆောင်လာပါတယ်။ တနည်းအားဖြင့်ဆိုရရင် လက်ရှိ ရခိုင်ပြဿနာဟာ နိုင်ငံတော်တိုးတက်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို နှောက်ယှက်နေတာပဲဖြစ်ပါတယ်။ တိုးတက်ရေး နဲ့ တရားဥပဒေစိုးမိုးရေးဟာ ကျုပ်တို့မြန်မာပြည်အတွက်တော့ အထူးအရေးတကြီး အရှိန်မြှင့်တည်ဆောက်ရမယ့် အဓိက အရာတွေပဲဖြစ်ပါတယ်။ ဒီတော့ ဒီပြဿနာကို ဘယ်လို တားဆီးကြမလဲ ဆိုတာ မြန်မာနိုင်ငံသားတိုင်း ဘာသာမရွေး လူမျိုးမရွေး ဝိုင်းဝန်းအဖြေရှာ ဆွေးနွေးကြရမယ့် ကိစ္စဖြစ်လာပါပြီ။ ဒီလို အဖြေရှာတဲ့အခါမှာ ကမ္ဘာဦးအစကတည်းက ရှိနေတဲ့ ပဋိပက္ခ ဖြေရှင်းနည်းပုံစံကိုပဲ သုံးရပါလိမ့်မယ်။ ဒီနည်းဟာ ဒေါ်အောင်ဆန်းစုကြည် အကြိမ်ကြိမ်ရည်ညွှန်းခဲ့တဲ့နည်းလည်းဖြစ်ပါ

တဘို့တည်းပဲတွေးခဲ့သူ

၁ ။ ဓာတ်ငွေ့တွေ အလျှံပယ်ထွက်နေတဲ့အတွက် ပိုလို့ရောင်းစားရတာပါလို့ ပြောပြီး အိမ်နီးချင်း ထိုင်း ကိုရော တရုတ်ကိုရော ရောင်းလိုက်တာ နောက်ဆုးံ အိန္ဒိယတောင် အဆစ်ပါလိုက်သေး အဲဒီလို သတင်းတွေ ဖတ်နေရတဲ့ အချိန်က ဒီလောက်တောင် ရောင်းနေမှတော့ ဓာတ်ငွေ့တွေ ရောင်းစားရလို့ ငါတို့နိုင်ငံ ချမ်းသာပြီ ငါတို့ပြည်သူတွေ လူတန်စေ့ နေရပြီး ဆိုပြီး ဝမ်းသာခဲ့တာ နောက်ဆုးံ သူတို့ ဆင်းခါနီး စာရင်းရှင်းလိုက်တော့မှ ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းခ အကြွေးတောင် မကြေးသေးဘူးလို့ သိလိုက်ရတော့ အဲဒီအကြွေးတွေအတွက် ပြည်သူကပဲရှိတာလေးတွေ ထုခွဲရောင်းချပြီး အကြွေးကြေအောင် ဆပ်ပေးရတော့ မလိုလို တကယ်တော့ ဓာတ်ငွေ့တွေ ရောင်းလိုက်တာ နိုင်ငံအနေနဲ့သာ အကြွေးတင်ခဲ့တာ သူတို့ အစိုးရ လူကြီးတွေရဲ့ ပြည်ပ ဘဏ်အကောင့် အသီးသီးမှာတော့ ဒေါ်လာတွေ ဘီလျံနဲ့ ချီပြီး စုမိသွားခဲ့တာ ဆယ်သက်စားမကုန်အောင် ဖြစ်သွားခဲ့ကြတာ ပြည်သူတိုင်း သိခဲ့ကြတာပဲ ။ ၂ ။ နိုင်ငံတိုးတက်ရေးအတွက် လျှပ်စစ်စွမ်းအင်က အဓိက ကျတယ်ဆိုတာ ဦးနှောက်ရှိတဲ့သူတိုင်း သိပါတယ် စက်မှုဇုန်တွေနဲ့ စက်ရုံကြီးတွေ လည်ပတ်ဖို့ လျှပ်စစ်ဓာတ်အား မဖြစ်မနေ လိုအပ်သလို ၂၄ နာရီ အပြည့်လျှပ်စစ်ဓ

ဒီတိုင်းပြည်ကို ဘင်္ဂလား နိုင်ငံ လာတည်ဆောက်လို့ရမယ် ဆိုတာကို စိန်ခေါ်လိုက်ပါရစေ.. သန်းဝင်း

UN မှာလုံခြုံရေးကောင်စီ ရဲ့ တံခါးဖွင့်အစည်းအဝေးမှာအတွင်းရေမှူးချုပ်အပါအ၀င် နိုင်ငံကိုယ်စားပြုတင်ပြခဲ့ကြတဲ့သံအမတ်ကြီးတွေ ရဲ့ တင်ပြတာကို ကြားရတဲ့အခါ .ကျနော့်ရင်ထဲမှာ တော်တော် ခံပြင်းအသဲပေါက်လို့ ရေးလိုက်ပါတယ်... သူတို့ကပြောတယ် ..လူ့အခွင့်အရေး ရှု့ထောင့်ကကြည့်ပြီး လူသားချင်းစာနာမှု..အရ စားနားရိက္ခာပေးတာကို ခွင့်ပြုရမယ်၊စစ်ဆင်ရေးတွေကိုရပ်ရမယ်..ပြန်လာတာကိုလက်ခံရမယ်တဲ့..ဒါဆိုတစ်ခု ချင်းဆွေးနွေးရအောင်.. တစ်ပါးတိုင်းပြည်က နည်းပေါင်းစုံဖြင့်နှစ်များစွာ ၀င်လာကြတဲ့ ဘင်္ဂလီတွေကို ..နိုင်ငံတကာအပါအ၀င် UNHCR မှ စားနားရိက္ခာ လာပို့ထောက်ပံ့ခဲ့တာနှစ်များစွာကြာခဲ့ပြီ..ဒီလိုလာတဲ့အခါတိုင်းမှာ ဒီတိုင်းပြည်မှာရှိတဲ့ ဒုက္ခရောက်နေတဲ့ ရခိုင်အပါအ၀င် လူမျိုးစုငယ်များစွာအတွက် စားနားရိက္ခာ ပါခဲ့လား..လူသားချင်းတန်းတူထောက်ပံ့ခဲ့ကြသလား..မေးပါရစေ..ရှိတာတောင် တန်းတူလုပ်ခဲ့ကြသလား..ပြောကြပါ..မညီပါဘူး..ဘင်္ဂလီ တွေကိုပဲအဓိကထောက်ပံ့ပြီး..တဖက်သတ်လုပ်ခဲ့ကြတာပါ..ဒါဆိုရင် ဘင်္ဂလီတွေပဲ လူလား တခြား ကျနော်တို့ နိုင်ငံရှိလူမျိုးစုတွေက လူမဟုတ်ဖူးလား..မေးပါရစေ..ဒီလိုတဖက်သတ်လုပ်ခဲ့ကြတာ ကို မျှတတဲ့လူ့အခွင့်အရေး..လူသားချ

ကာချုပ်​ကို တာဝန်​မှ ရပ်​စဲအနား​ပေးခြင်း ရှာပုံ​တော်​""

( 1 )... ၂၀၀၈ဖွဲ့စည်းပုံမှာ... သမ္မတအစ / ဝန်​ကြီးအလယ်​ / လွှတ်​​တော်​ဥက္ကဌအဆုံး ဖြုတ်​ချပိုင်​ခွင့်​ဥပ​ဒေ အသီးသီးပြဌာန်းထားပါတယ်​။ ( ဒါ​ပေမယ့်​) ကာချုပ်​ကို... ခန့်​အပ်​ခွင့်​ဥပ​ဒေသာ ပြဌာန်းထားပြီး ဖြုတ်​ချခွင့်​ဥပ​ဒေပြဌာန်းထားခြင်း မရှိတာ ထူးဆန်းစွာ ​တွေ့ရတယ်​။ . ( 2 )... အ​ခြေခံဥပ​ဒေပါပုဒ်​မ​တွေကို... အဓိပ္ပါယ်​ဖွင့်​ဆိုတဲ့အခါမှာ မူရင်းမြန်​မာစာပြဌာန်းချက်​အ​ပေါ်သာ အ​ခြေပြုရမယ်​လို့ အ​ခြေခံဥပ​ဒေပုဒ်​မ ( ၄၅၂ )မှာ အတိအလင်းပြဌာန်း​ပေးထားပါတယ်​။ . ( 3 )... အ​ခြေခံဥပ​ဒေအခန်း( ၇ ). ပုဒ်​မ( ၃၄၂ )အရ... ကာလုံအဖွဲ့ရဲ့ အဆိုပြု​ထောက်​ခံချက်​နဲ့ ကာချုပ်​ကို.. နိုင်​ငံ​တော်​သမ္မတက ခန့်​အပ်​တာဝန်​​ပေးပါတယ်​။ . ( 4 )... ဥပ​ဒေပြဌာန်းချက်​တစ်​ခုမှာ... သီးခြားအဓိပ္ပါယ်​ဖွင့်​ဆိုချက်​​တွေ မရှိရင်​ ( ၁၉၇၃ )'စကားရပ်​များအနက်​အဓိပ္ပါယ်​ဖွင့်​ဆို​ရေးဥပ​ဒေ'နဲ့ ဆန်းစစ်​အ​ဖြေရှာရပါလိမ့်​မယ်​။ . ပုံပါ ( ၁၉၇၃ )စကားရပ်​များဥပ​ဒေ ပုဒ်​မ( ၂၆ )မှာ... ( ရာထူးခန့်​အပ်​ပိုင်​ခွင့်​ရှိသူက.. မိမိခန့်​အပ်​ထား​သောသူကို ရာထူးမှ ရပ်​စဲခြင်း( သို့) ထုတ်​ပယ်​ခြင်းပြုနိုင်​တယ်

ဗယ်လ်ဆု မလိုတဲ့သူ

နိဗယ်လ်ဆုတော့မရှိဘူး... သိန်း ၃၀ ကျော်နဲ့ စောက်ပင်းဆို့ လို့ ဝ မှ ၁၅၀၀ ပဲ တန်တဲ့ ဆင်းကဒ်ပါလို့ပြောခဲ့တာတောင် ဦးနှောက် မဲ့ သူတချို့ လေးစားနေရ တဲ့ သူ... နိုဗယ်လ်ဆုတော့မရှိဘူး။ သိန်း လေး ငါး ဆယ်တန်ကားတွေကို အခွန် သိန်းရာထောင်ချီပြီးကောက်ခဲ့တာတောင် ဦးနှောက် မဲ့သူတချို့ လေးစားနေရ တဲ့သူ... နိုဗယ်လ်ဆုတော့မရှိဘူး။ နိုဗယ်လ်ဆု ရှင်ကို မတရား အကျဉ်းချ လွတ်ရက် စေ့ ကာနီးမှ ပြန်လွှတ်ပေးခဲ့တာကို ကယ်တင်ရှင်ကြီးလို့ပြောပြီး ဦးနှောက်မဲ့သူတချို့ လေးစားနေရတဲ့ သူ... နိဗယ်လ်ဆုတော့မရှိဘူး။ လက်နက်ကိုင်တိုက်ပွဲတွေကို များစွာဖြစ်ပွား စေခဲ့ပြီး ငြိမ်းချမ်းရေးကို အတုအယောင် လူမြင်ကောင်းအောင် ထိုးပြ ခဲ့တာတောင် ဦးနှောက်မဲ့သူတချို့ လေးစားနေရတဲ့သူ... နိဗယ်လ်ဆုတော့မရှိဘူး အမျိုး ဘာသာ သာသာ ကို တန်ဖိုးထား လို့ ဘုန်းကြီးတွေကို မီးလောင်ဗုန်း ဆပ်ကပ်၊ သတ်ဖြတ်ခဲ့တာတောင် ဦးနှောက်မဲ့သူတချို့ လေးစား နေရတဲ့သူ... နိဗယ်လ်ဆုတော့မရှိဘူး။ OIC တွေရှိက အကူအညီကို တိတ်တခိုးယူပြီး ရုးံဆောက်ခွင့် မပေး(တရုတ်က တားလို့)ခဲ့တာကို ဦးနှောက်မဲ့သူတချို့ လေးစားနေရတဲ့သူ... နိဗယ်လ် ဆု တော့မရှိဘူး။ ရေနစ်ပြီးဒုက

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအကြောင်း အမျိုးသမီး ၃ ဦး ဖွင့်ပြော 28 September 2017

မောင်တောမြို့နယ်တွင် အစုလိုက်အပြုံလိုက်တူးဖော်ရရှိသည့် ရုပ်အလောင်းများကို စက်တင်ဘာ ၂၇ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံများ - ဖြိုးသီဟချို/Myanmar Now) မောင်တောဒေသခံတို့ကို ဖမ်းဆီးသတ်ဖြတ်သူတို့မှာ မျက်နှာဖုံးစွပ် ရိုဟင်ဂျာများဖြစ်ကြောင်း Reuters သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအကြောင်း အမျိုးသမီး ၃ ဦး ဖွင့်ပြော ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ် မြှုပ်နှံမှုများမှာ ရိုဟင်ဂျာ အကြမ်းဖက်သမားတို့၏ လက်ချက်ဖြစ်သည်ဟု ကိုယ်တွေ့ကြုံခဲ့ရသော အမျိုးသမီးများက ပြောဆိုကြောင်း Reuters သတင်းဌာနက စက်တင်ဘာ ၂၈ ရက်နေ့တွင် ရေးသားလိုက်သည်။ ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံနေသော ထိုအမျိုးသမီးတို့ကို သြဂုတ်လကုန်ပိုင်းက မေးမြန်းရာ ၎င်းတို့၏ ဆွေမျိုးသားချင်းများကို ဗုဒ္ဓဘာသာရခိုင်များက သတ်သွားကြောင်း ဖြေဆိုခဲ့သည်။ သို့ရာတွင် ထိုကဲ့သို့ပြောဆိုသော အမျိုးသမီးထဲမှ ၃ ဦးကို လွန်ခဲ့သော ရက်ပိုင်းအတွင်း ထပ်မံမေးမြန်းရာ ရရှိသည့် အဖြေများက ဆန့်ကျင်ဘက် ဖြစ်နေသည်။ သူတို့ကို ဘင်္ဂလားဒေ့ရှ်သို့ ခေါ်ဆောင်လာသူတို့က ခြိမ်းခြောက်ပြောဆိုထားကြောင်း၊ ဟိန္ဒူများ သေဆ

ဒီကေဘီအေ (DKBA) ခွဲထွက်အဖွဲ့ တိုက်ခိုက်မှုကြောင့် BGF နယ်ခြားစောင့်တပ်ရင်း ၁၀၂၀ မှ စစ်သည်လေးဦးကျဆုံး 28 September 2017

ဘားအံ၊ စက်တင်ဘာ၂၈ စက်တင်ဘာ ၂၇ ရက် ည ၁၂နာရီခန့်တွင် မဲ့သဝေါဒေသအတွင်းရှိ ( ဝုသောပူ )နယ်ခြားစောင့်စခန်းအား ဒီကေဘီအေ (DKBA) ခွဲထွက် ဗိုလ်ဘိ ဦးဆောင်သော အဖွဲ့များမှ လာရောက်ပစ်ခတ် တိုက်ခိုက်သောကြောင့် BGF နယ်ခြားစောင့်တပ်ရင်း ၁၀၂၀ မှ စစ်သည်လေးဦးကျဆုံးပြီး ၃ဦးဒဏ်ရာရရိခဲ့ပြီး လက်နက်ခဲယမ်းအချို့အား ယူဆောင်သွားကြောင်း နယ်ခြားစောင့်တပ် တာဝန်ရှိသူပြောစကားအရ သိရှိရသည်။ အဆိုပါ လာရောက်ပစ်ခတ်တိုက်ခိုက်သူ ဒီကေဘီအေ ခွဲထွက် ဗိုလ်ဘိဦးဆောင်သော အင်အား၆၀ခန့် အဖွဲ့အား အစိုးရတပ်မတော် စစ်ကြောင်းများ၊ နယ်မြေခံတပ်ရင်းအဖွဲ့များ၊ နယ်ခြားစောင်တပ်ရင်း တပ်ဖွဲ့များမှ ပြန်လည်တိုက်ခိုက်မှုများကြောင့် စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း တပ်နယ်၃ နယ်ခြားစောင့်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး နိုင်မောင်ဇော်မှ အတည်ပြု ပြောဆိုသည်။ သတင်း၊ ဓာတ်ပုံ.-ရာဟု (ဖားအံ) Hinthar Media Corporation

သံတမန်တွေနဲ့ ကုလ တာဝန်ရှိသူတွေရဲ့ ရခိုင်ခရီးစဉ် ရွှေ့ဆိုင်း 28 September 2017

ရာသီဥတု အခြေအနေ ဆိုးရွားနေတဲ့ အတွက် ရခိုင် ကို သွားရောက်မယ့် လေယာဉ် ခရီးစဉ် တွေကို ဖျက်သိမ်း ကုလသမဂ္ဂ အဖွဲ့ က တာဝန်ရှိသူတွေ ရခိုင် ဒေသ ကို စက်တင်ဘာလ ၂၈ ရက်နေ့မှာ သွားရောက်မယ့် အစီအစဉ်ကို ရာသီဥတု အခြေအနေကြောင့် အာဏာပိုင်တွေ ဘက် က ဖျက်သိမ်း လိုက်တယ်လို့ ကုလ တာဝန် ရှိသူ တစ်ဉီး က ပြောပါတယ်။ လေဆိပ်မှာ ရာသီဥတု အခြေအနေ ဆိုးရွားနေတဲ့ အတွက် လေယာဉ် ခရီးစဉ် တွေကို ဖျက်သိမ်း ခဲ့ရတာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရ တာဝန် ရှိသူ က ပြောပါတယ်။ ရခိုင်မှာ လွန်ခဲ့တဲ့ တစ်လ က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ နဲ့ အဲဒီ က ထွက်ပြေးလာတဲ့ ထောင်ပေါင်းများစွာ သော လူတွေ အရေး ကိစ္စ ကို စုံစမ်း စစ်ဆေး ဖို့ ကုလသမဂ္ဂ အဖွဲ့ က မြန်မာ အစိုးရကို ဖိအားပေး တိုက်တွန်း နေတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အဖွဲ့ တာဝန်ရှိသူတွေနဲ့ သံတမန်တွေ ရခိုင် ဒေသကို သွားရောက်မယ့် ခရီးစဉ် ကို အောက်တိုဘာလ ၂ ရက်နေ့ ကို ရွှေ့ဆိုင်း လိုက်တယ်လို့ ဘီဘီစီ က စုံစမ်း သိရှိရပါတယ်။ ရဲဘော်ကျ ကျေးရွာမှာ တွေ့ရှိရတဲ့ ဟိန္ဒူ အလောင်း ၄၅ လောင်းနဲ့ ပတ်သက်လို့ သတ်ဖြတ် ခဲ့သူတွေကို ဖမ်းဆီး အရေးယူနိုင်ဖို့ ကြိုးပမ်း နေတယ်လို့ မြန်မာ နယ်ခြားစောင

ပျောက်ဆုံးနေတဲ့ ဟိန္ဒူဘာသာဝင် ၁၉၂ ဦးရှိနေသေးတယ်လို့ ထုတ်ပြန် 28 September 2017

မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာမှာ သတ်ဖြတ်ပြီး မြေမြှုပ်ခံခဲ့ရတဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ မိသားစုဝင်အချို့ကို စက်တင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်။ Photo: Min Thein Aung/ RFA ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရဲဘော်ကျနဲ့ အိုးထိန်းကျေးရွာတွေကနေ အကြမ်းဖက်တိုက်ခိုက်မှုတွေ အတွင်း ပျောက်ဆုံးနေဆဲ ဟိန္ဒူဘာသာဝင် ၁၉၂ ဦးရှိပြီး ရုပ်အလောင်း သေဆုံးသူ ၅၂ ဦးရှိနေတယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေး ကော်မတီက မနေ့ညက ထုတ်ပြန်ပါတယ်။ မနေ့က နိုင်ငံခြားနဲ့ ပြည်တွင်းသတင်းဌာတွေ သွားရောက်ကြည့်ရှုခဲ့တဲ့နေရာမှာ တွေ့ရှိတဲ့ ရုပ်အလောင်းက ၄၅လောင်းဖြစ်ပါတယ်။ သြဂုတ်လ ၂၆ ရက်နေ့က မောင်တောမြို့ပေါ်မှာ အသတ်ခံရတဲ့ ဟိန္ဒူဘာသာဝင် ၇ လောင်းကိုပါ ထည့်တွက်ရင် သေဆုံးသူ ၅၂ ဦးဖြစ်ပါတယ်။ ပျောက်ဆုံးနေဆဲ အရေအတွက်က ၁၉၂ ယောက်ဖြစ်ပါတယ်။ ပျောက်ဆုံးသူတွေနဲ့ပတ်သက်ပြီး နီးစပ်ရာမြို့နယ်တွေကို ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံ ဟိန္ဒူဘာသာဝင်တွေကနေတဆင့် မေးမြန်းပြီး ရှာဖွေမှုတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ ဟိန္ဒူဘာသာဝင်တွေနဲ့ပတ်သက်ပြီးတော့လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်ရုံးက ဆောင်ရွက်နေတ

ဒုက္ခသည်တွေကို စစ်ဆေးပြီးမှလက်ခံမည်လို့ ၀န်ကြီးဦးသိန်းဆွေ ပြော 28 September 2017

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းဆွေ ကို တွေ့ရစဉ်။ Photo: Win Ko Ko Latt/RFA ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့အတွက် စိစစ်ရေးပုံစံတွေကို ပေးပို့ပြီးရရှိလာတဲ့ အချက်အလက်တွေကို လူဝင်မှုကြီးကြပ်ရေးဌာနမှာ ရှိတဲ့စာရင်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီးမှ လက်ခံသွားမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းဆွေက ပြောပါတယ်။ နေပြည်တော်က သင်္ဂဟဟိုတယ်မှာ ဒီကနေ့ ကျင်းပတဲ့ ဒဿမအကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အာဆီယံအစည်းအဝေး ခေတ္တနားချိန်မှာ ၀န်ကြီးဦးသိန်းဆွေက ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံနေသူတွေကို ပြန်လက်ခံဖို့ကိစ္စနဲ့ပတ်သက်ပြီး သတင်းထောက်တွေကို အခုလို ပြောတာဖြစ်ပါတယ်။ အထောက်အထားတွေ ပျောက်ဆုံး၊ ပျက်စီးတဲ့သူတွေကိုလည်း မြန်မာနိုင်ငံဘက်က ရှိတဲ့အထောက်အထားတွေ နဲ့ တိုက်ဆိုင်စစ်ဆေးမယ်လို့လည်း ပြောပါတယ်။ စိစစ်ရေးပုံစံတွေကို ဘယ်နေ့ပေးပို့မယ်ဆိုတာကို အတိအကျမပြောကြားခဲ့ပေမယ့် ၁၉၉၃ ခုနှစ်က မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်နဲ့အညီေ

ဘင်္ဂလားဒေ့ရှ် နဲ့ ဒုက္ခသည် ပြဿနာ 28 September 2017

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် ပြဿနာ ဘင်္ဂါလီအနွယ်ဝင် ရခိုင်မွတ်စလင်တွေ ဘင်္ဂလားဒေ့ရှ်မှာ ဝင်ရောက်ခိုလှုံတဲ့ကိစ္စကို အိန္ဒိယဝန်ကြီးချုပ် မိုဒီ မကြာမီက မြန်မာပြည်ကို လာရောက်စဉ် ပြောဆိုခြင်းမရှိတဲ့အတွက် ဘင်္ဂလားဒေ့ရှ် မီဒီယာလောကမှာ အတော်လေး မကျေမနပ် ဖြစ်သွားပါတယ်။ လူဦးရေ (၁၆၅) သန်းရှိပြီး ရှမ်းပြည်နယ်လောက်တောင် မကျယ်ဝန်းတဲ့ ဘင်္ဂလားဒေ့ရှ်မှာ လူနေမှုကျပ်တည်းတဲ့အတွက် နယ်စပ်ချင်းဆက်နေတဲ့ ပြည်နယ်တွေကို ဘင်္ဂါလီမွတ်စလင်တွေ ဥပဒေမဲ့ တဖြည်းဖြည်းထွက်ခွါနေတာ ကြာပါပြီ။ ဝန်ကြီးချုပ် မိုဒီ ရွေးကောက်ပွဲ စည်းရုံးရေးဆင်းတုန်းကလည်း ဘင်္ဂလားဒေ့ရှ်က ဥပဒေမဲ့ ဝင်ရောက်လာသူတွေကို ပြန်ပို့ဖို့ ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ အရင်အစိုးရတွေလိုပဲ မိုဒီအစိုးရဟာ ဥပဒေမဲ့ဝင်လာတဲ့ ဘင်္ဂါလီပြဿနာကို မဖြေရှင်းနိုင်သေးပါဘူး။ ဥပဒေမဲ့ ဝင်လာသူအဖြစ် အိန္ဒိယအစိုးရက သတ်မှတ်ထားတဲ့ ဘင်္ဂါလီမွတ်စလင်တွေဟာ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂါလားနယ်သားနဲ့ ခွဲခြားရတာ ခက်ခဲတဲ့အတွက် နယ်စပ်က ပြန်ပို့ဖို့စီစဉ်တာကို ဘင်္ဂလားဒေ့ရှ်အစိုးရက လက်မခံတဲ့အခါ ပြဿနာ ဖြစ်ရပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ ကပ်နေတဲ့ အာသံပြည်နယ်မှာဆိုရင် ဒေသခံတိုင်းရင်းသားတွေဟာ လူနည်းစုဘဝရောက်တော့မယ့် အခြေ

အာဆာ အဖွဲ့ ဆိုတာ ဘာလဲ 28 September 2017

 ပြာပုံ အတိ ဖြစ်ခဲ့တဲ့ မောင်တော ကျေးရွာတွေ သြဂုတ်လ ၂၅ ရက်က ရခိုင် မြောက်ပိုင်းမှာ တိုက်ခိုက်မှု စဖြစ်ခဲ့ပြီးတဲ့နောက် သုံးရက် အကြာမှာ အာဆာ အဖွဲ့က တွတ်တာ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ဒီတိုက်ခိုက်မှုတွေဟာ သူတို့ လက်ချက် ဖြစ်ကြောင်း ကြေညာ ခဲ့ပါတယ်။ ရခိုင်မြောက်ပိုင်း မောင်တောမှာ ရှိတဲ့ အလယ်သံကျော် ရွာကတော့ ရိုဟင်ဂျာ လက်နက်ကိုင် တိုက်ခိုက်သူတွေ စတိုက်ခဲ့တဲ့ နေရာတခုပါ ။ အခုတော့ ပြာပုံ အတိနဲ့ ဒီဒေသမှာ နေထိုင်နေတဲ့ မွတ်ဆလင် တွေ မရှိတော့ဘူးလို့ အဲဒီနေရာကို ရောက်ခဲ့တဲ့ ဂျိုနသန်ဟတ်က ပြောပါတယ် ။ နှစ်ပေါင်းများစွာ ဖိနှိပ်ခံရမှုတွေ၊ခွဲခြား ဆက်ဆံမှုတွေ ၊ ချုပ်ချယ်မှုတွေနဲ့ ကန့်သတ်နယ်မြေ အတွင်းမှာ နေထိုင်လာရပေမယ့် မွတ်ဆလင် တွေဟာ အစိုးရကို ဆန့်ကျင် တိုက်ခိုက်မှု မရှိခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ ဒီအခြေအနေက လုံးဝ ပြောင်းလဲ သွားပါပြီ။ သြဂုတ်လ ၂၅ ရက် ညလယ်မှာ ရာနဲ့ချီတဲ့ လူတွေ အလယ်သံကျော် စခန်းကို ၀င်စီးခဲ့တဲ့ အကြောင်းကို ရဲက သတင်းထောက်တွေကို အခုလို ပြောပြခဲ့ပါတယ်။ ရာချီ ရှိတဲ့ လူအုပ်ကြီးက ဓားရှည်တွေ ၊ လက်လုပ်ဗုံးတွေနဲ့ ကျနော်တို့ စခန်းကို ဝင်တိုက်ခဲ့တာ ၊ သူတို့ကို ကျနော်တို့က ခ

ARSA အဖွဲ့ကြောင့် လူ ၁၆၃ ဦး သေဆုံး၊ ၉၁ ဦး ပျောက်ဆုံး 28 September 2017

မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာ အနောက်မြောက်ဘက်မှာ မြှုပ်နှံထားတဲ့ ဟိန္ဒူဘာသာဝင် အလောင်း ၁၇ လောင်းကို စက်တင်ဘာလ ၂၅ ရက်နေ့က ထပ်မံတွေ့ရှိရစဉ်။ Photo: Information Committee's Facebook ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်အတွင်း ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၆၃ ဦး သေဆုံးပြီး ၉၁ ဦး ပျောက်ဆုံးနေတယ်လို့ အစိုးရအရာရှိတွေက ပြောဆိုကြောင်း AP သတင်းက ဖေါ်ပြပါ တယ်။ မောင်တောမြို့နယ်မှာ ဟိန္ဒူဘာသာဝင် ၄၅ ဦးရဲ့ အလောင်းတွေ တွေ့ရှိခဲ့ရပြီးတဲ့နောက် ပြောဆိုတာ ဖြစ်ပါ တယ်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလကနေ ၂၀၁၇ သြဂုတ်လအထိ တိုက်ခိုက်မှုတွေကြောင့် ဒေသအရာရှိတွေ၊  အစိုးရ၀န်ထမ်းတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အနည်းဆုံး ၇၉ ဦး သေဆုံးခဲ့ရပြီး ၃၇ ဦး ပျောက်ဆုံးနေကြောင်း ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့တွေက ရဲကင်းစခန်းတွေကို တပြိုင်နက် တိုက်ခိုက်ခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ကစပြီး နောက်ထပ် သေဆုံးသူ ၈၄ ဦး၊ ပျောက်ဆုံးသူ ၅၄ ဦး ရှိကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့ ပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့ကစပြီး အခုထိ အကြမ်းဖက်သမား လေးရာနီးပါး သေဆုံးခဲ့တယ်လို့လည်း ဖေါ်ပြပါတယ်။ RFA Burmese

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်အချို့ မှတ်ပုံတင်ဖို့ ငြင်းဆန် 28 September 2017

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို - ဒုက္ခသည်အဖြစ်နဲ့ သူတို့ကိုမှတ်ပုံတင်ထားတဲ့ကဒ်ပြားမှာ ရိုဟင်ဂျာဆိုတဲ့ နာမည်ကိုဖော်ပြဖို့ တောင်းဆိုလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းက ဒုက္ခသည်စခန်းတွေမှာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ဒုက္ခသည်အဖြစ်နဲ့ မှတ်ပုံတင်ပေးနေချိန်မှာ ရိုဟင်ဂျာဆိုတဲ့ နာမည်ကိုထည့်သွင်းဖော်ပြခြင်းမရှိတဲ့အတွက် ဒုက္ခသည်တချို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ရိုက်တာသတင်းဌာနက ရဲ့ ဆောင်းပါးကိုအခြေခံပြီး ကိုရန်နိုင်က ပြောပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ရိုဟင်ဂျာမွတ်စလင်တွေကို ဆက်ပြီးမှတ်ပုံတင်ပေးနေတဲ့တချိန်တည်းမှာပဲ၊ ဒုက္ခသည်အတော်များများက သူတို့ရဲ့ မှတ်ပုံတင်တွေကတ်ပြားတွေကို လက်မခံဘဲငြင်းဆန်နေတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ Kutupalong ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ၁၀ ယောက်လောက် သူတို့ကို မြန်မာနိုင်ငံက ရိုဟင်ဂျာလို့ မဖော်ပြတဲ့အတွက်ဆိုပြီး၊ အဲဒီဒုက္ခသည်အဖြစ်မှတ်ပုံတင်တဲ့ကဒ်ပြားကို လက်မခံဘူးလို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazaar ဒေသကို လွန်ခဲတဲ့ ၁ လကရောက်လာတဲ့ မိုဟာမက်အူလာက ဘင်္ဂလီဘာသ

စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး Dr Balakrishnan ရခိုင်ဒေသမှာ ဖြစ်ပျက်နေတာနဲ ပတ်သက်ပြီးပြောသွားတာ

မနေ့က UN speech မှာ စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး Dr Balakrishnan က မြန်မာနိုင်ငံ ရခိုင်ဒေသမှာ ဖြစ်ပျက်နေတာနဲ ပတ်သက်ပြီးပြောသွားတာ အရမ်းမှန်တယ်။ တိုင်းပြည်တပြည်ဟာ Terrorist Attack လုပ်ခံရပြီဆိုရင် အစိုးရဟာ သူရဲ့ပြည်သူလူထုကို ဘယ်လိုလူမျိုးပဲ ဖြစ်နေပါစေ အပြည့်အဝ ကာကွယ်ပေးဖို့ သူမှာတာဝန်ရှိတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ Terrorist တွေ အချက် ၃ ချက်ကို အခြေခံပြီး အကြမ်းဖတ်မှု့တွေကိုလုပ်ဆောင်ကျတယ်။ လုပ်ရပ်ဟာ လည်းဘယ်နေရာမှာ ကြည့်ကြည့်တူတူပဲ။ ပထမဆုံး ကမ်းကုန်အောင် အကြမ်းဖတ်မှု့တွေကို စတင်လုပ်ဆောင်မယ်။ ဒုတိယ ကတော့ ခင်ဗျားတို့ ကျွန်တော်တို့ လက္ခံနိုင်အောင် ဘာသာရေးချိုးနှိမ်မှု့တွေကြောင့် တန်ပြန်တိုက်ခိုက်ရတာပါဆိုပြီး ဘာသာရေးနဲ့ လူမျိုးရေးကို ခေါင်းစဉ်တပ်မယ်။ တတိယကတော့ အဲ့ conflict ဖြစ်တဲ့ ဒေသတွေ ကို ခွဲထွက်ဖို့တောင်းဆိုလာလိမ့်မယ်။ ဒါ့ကြောင့်မို့ ကျွန်တော်တို့ဟာ ဒီအကြမ်းဖတ် အစွန်းရောက်တွေ စဉ်ထားတဲ့ အကွက် (ထောင်ချောက်) ထဲကို ရောက်မသွားအောင် အရမ်း သတိထားရမယ်။ စင်္ကာပူကလည်း အာဆီယံကတဆင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရဲ့ နယ်စပ်လှုံခြုံရေးနဲ့ လူသားခြင်း စာနာမှု့အထောက်အပံ့တွေကိုလည်း အခုဖြစ်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဒေ အရ တပ်မတော် အပေါ်တွင် အစိုးရက ပြောဆို၍ မရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြား

↔ ↔ ↔ ↔ ↔ ↔ ↔ ↔ ↔ ↔ ↔ ↔ ↔ ↔ September 28, 2017 ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ ပြဋ္ဌာန်းချက်များ အရ တပ်မတော် အပေါ်တွင် အစိုးရ အနေဖြင့် ပြောဆို၍ မရကြောင်းကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က စက်တင်ဘာ ၁ ရက်က မွန်ပြည်ပါတီ ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံစဉ်တွင် ပြောကြာခဲ့ခြင်း ဖြစ်သည်။ စက်တင်ဘာ ၂၇ ရက်မှ ၃၀ရက်အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ကြီးမှူး ကျင်းပနေသော Stakeholder Consultation အလုပ်ရုံ ဆွေးနွေးပွဲ အဖွင့် မိန့်ခွန်းတွင် UNFC ဥက္ကဋ္ဌ နိုင်ဟံသာက ၄င်း ဦးဆောင်သည့် မွန်ပြည်သစ် ပါတီ ကိုယ်စားလှယ် အဖွဲ့နှင့် အတိုင်ပင်ခံ တွေ့ဆုံစဉ်က အတိုင်ပင်ခံနှင့် ပြောဆို ဆွေးနွေးခဲ့သည် များကို ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ်က အဓိကထားပြီး ဆွေးနွေးခဲ့သည်မှာ မွန်ပြည်သစ်ပါတီ၏ တော်လှန်ရေးနေ့ အခမ်းအနားနှင့် အမျိုးသားနေ့ အခမ်းအနားများ ပြုလုပ်ရာတွင် တပ်မတော်ဘက်မှ ကန့်သတ် ဟန့်တားခြင်း များနှင့် တပ်စခန်းများ ချထားကာ စစ်ရေးအရ ဖိအားပေးသည့် ပုံစံများ ပြုလုပ်ခဲ့ကြောင်း ယင်းကဲ့သို့ စစ်ရေးအရ ဖိအားပေး

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသူတွေကို ပြန်လည်စိစစ်လက်ခံရေး စခန်း ၂ ခု ဖွင့်လှစ်မည် 27 September 2017

 20:45(+0630) (လွန်ခဲ့သော 22 နာရီ ခန့်က) ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာဝင်းမြတ်အေး ကို တွေ့ရစဉ်။ Photo: Win Ko Ko Latt/RFA ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့သူတွေအတွက် ပြန်လည်စိစစ်လက်ခံရေး စခန်းတွေကို တောင်ပြိုလက်ဝဲနဲ့ ငခူရကျေးရွာတွေမှာ ဖွင့်လှစ်ဖို့ စီစဉ်ထားတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။ ရခိုင်အရေးအကြံပြုချက်တွေကို အကောင်အထည်ဖော်ရေးကော်မတီဟာ နေပြည်တော်မှာ ဒီနေ့ အစည်းအဝေး ကျင်းပပြီးနောက် ဒေါက်တာဝင်းမြတ်အေး က သတင်းသမားတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လူပေါင်း လေးသိန်းကျော် ထွက်ပြေးသွားတယ်လို့ နိုင်ငံတကာမီဒီယာတွေနဲ့ ကုလသမဂ္ဂက ခန့်မှန်းပြောဆိုထား တာတွေ ရှိပါတယ်။ မြန်မာအစိုးရကတော့ ၁၉၉၃ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နဲ့ သဘောတူညီထားတဲ့ အချက်တွေအတိုင်း စိစစ်လက်ခံ မယ်လို့ ပြောထားပါတယ်။ ဒါ့အပြင် အစိုးရအနေနဲ့ ၂၀၁၈ ခုနှစ်ကုန်မှာ ရသေ့တောင်၊ ဘူသီးတောင်နဲ့ မောင်တောဒေသက အိမ်ခြေ ၃သောင်းနီးပါး မီးလင်းအောင် ဆောင်ရွ