Skip to main content

တဘို့တည်းပဲတွေးခဲ့သူ


Image may contain: one or more people၁ ။ ဓာတ်ငွေ့တွေ အလျှံပယ်ထွက်နေတဲ့အတွက်
ပိုလို့ရောင်းစားရတာပါလို့ ပြောပြီး
အိမ်နီးချင်း ထိုင်း ကိုရော
တရုတ်ကိုရော ရောင်းလိုက်တာ
နောက်ဆုးံ အိန္ဒိယတောင် အဆစ်ပါလိုက်သေး
အဲဒီလို သတင်းတွေ ဖတ်နေရတဲ့ အချိန်က
ဒီလောက်တောင် ရောင်းနေမှတော့
ဓာတ်ငွေ့တွေ ရောင်းစားရလို့
ငါတို့နိုင်ငံ ချမ်းသာပြီ
ငါတို့ပြည်သူတွေ လူတန်စေ့ နေရပြီး ဆိုပြီး ဝမ်းသာခဲ့တာ
နောက်ဆုးံ သူတို့ ဆင်းခါနီး စာရင်းရှင်းလိုက်တော့မှ
ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းခ အကြွေးတောင်
မကြေးသေးဘူးလို့ သိလိုက်ရတော့
အဲဒီအကြွေးတွေအတွက်
ပြည်သူကပဲရှိတာလေးတွေ ထုခွဲရောင်းချပြီး
အကြွေးကြေအောင် ဆပ်ပေးရတော့ မလိုလို
တကယ်တော့ ဓာတ်ငွေ့တွေ ရောင်းလိုက်တာ
နိုင်ငံအနေနဲ့သာ အကြွေးတင်ခဲ့တာ
သူတို့ အစိုးရ လူကြီးတွေရဲ့ ပြည်ပ
ဘဏ်အကောင့် အသီးသီးမှာတော့
ဒေါ်လာတွေ ဘီလျံနဲ့ ချီပြီး စုမိသွားခဲ့တာ
ဆယ်သက်စားမကုန်အောင် ဖြစ်သွားခဲ့ကြတာ
ပြည်သူတိုင်း သိခဲ့ကြတာပဲ ။
၂ ။ နိုင်ငံတိုးတက်ရေးအတွက်
လျှပ်စစ်စွမ်းအင်က အဓိက ကျတယ်ဆိုတာ
ဦးနှောက်ရှိတဲ့သူတိုင်း သိပါတယ်
စက်မှုဇုန်တွေနဲ့ စက်ရုံကြီးတွေ လည်ပတ်ဖို့
လျှပ်စစ်ဓာတ်အား မဖြစ်မနေ လိုအပ်သလို
၂၄ နာရီ အပြည့်လျှပ်စစ်ဓာတ်အား
ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကလည်း
လာရောက်ကြမယ်ဆိုတာ
မြေကြီးလက်ခတ် မလွဲဘူး
အဲ့ဒီလို ပြည်ပ ရင်းနှီးမှုတွေလာမှ
အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများလာမယ်
စီးပွားရေးတွေ ပြေလည်လာမယ် ဆိုတာလည်း
အတွေးအခေါ်ရှိသူတိုင်း တွေးမိပြီးသားပါ
ခုတော့ လျှပ်စစ်ဓာတ်အားက အလျှံပြယ်ပေးနိုင်ဖို့
မပြောနဲ့ ကိုယ့်ပြည်သူတွေ သုးံစွဲဖို့အတွက်တောင်
မလောက်မှ ပါဘူး တဲ့
ဒါဆိုရင် မြစ်တွေချောင်းတွေ အပါအဝင်
ရေအားလျှပ်စစ်ထုတ်ပြီး သုးံဖို့
ပြည်ပကိုရောင်းစားခဲ့ကြတာတွေ
ပိုလျှံနေလို့ရောင်းချရပါတယ် ပြောပြီး
ငွေစာရင်း မပြနိုင်တဲ့ ဓာတ်ငွေ့တွေဟာ
ပြည်သူအကျိုးအတွက် မတွေးခဲ့ပဲ
ကိုယ်ကျိုးအတွက်ကြည့်ပြီးရောင်းခဲ့ကြတာပေါ့
ဒါဆိုရင် နိုင်ငံရဲ့သယံဇာတနဲ့ပြည်သူ့ဘဏ္ဍာငွေ
တွေဟာ လူမစားရပဲ ခွေးစားခံလိုက်ရတာပေါ့ ။
၃ ။ ဒေါ်လာသန်းပေါင်းများစွာ စာရင်းပြထားတဲ့
မြို့ပတ်ရထားတဲ့
နောက်ဆုးံ သတင်းထွက်လာတော့
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ပတ်ဝန်းကျင်က
ရထားကို မြန်မာနိုင်ငံ ပို့ဆောင်ဆက်သွယ်ရေးမှာ
အဆင်ပြေဖို့အတွက်
ဂျပန်က အလကား နီနီးပေးလိုက်တဲ့
ရထားဖြစ်နေတယ်
ဒါပေမယ့်လည်း ပြည်သူ့ဘဏ္ဍာငွေတွေ
စာရင်းပျောက်သွားပြန်တယ် ။
၎ ။ ပြည်သူတွေ သွားရေးလာရေး
အဆင်ပြေစေဖို့ ဆိုတဲ့ စကားလေးကို သုးံပြီး
ပြည်ပကနေ ရထားတွဲတွေ ဝယ်လာတယ်
အမေရိကန်ဒေါ်လာ သန်း ၃၀ တဲ့
ဒါနဲ့ လက်ရှိအစိုးရ လက်ထက်မှာ
သုးံစွဲမယ် ဆိုပြီး ကြည့်လိုက်တော့ မှ
ရထားတွဲတွေက အသုးံပြုလို့ မရမှန်း
သိကြတော့တယ်
ဒါပေမယ့်လည်း လိမ်တဲ့သူတွေကတော့
ပြည်သူ့ဘဏ္ဍာငွေတွေ
အမြောက်အများ လိမ်ယူသွားခဲ့ကြပြီ လေ ။
၅ ။ တောတွေပြုန်းပြီး
တောင်တွေလည်း ဂတုးံဖြစ်
ဖွတ်မျိုးတွေတုးံခါနီး ဆဲဆဲမှာ
ကျောက်စိမ်းတုးံတွေကုန်သလောက်ဖြစ်သွားတယ်
အဲဒါနဲ့အပြိုင်
နိုင်ငံလည်းအကြွေးနွံထဲမှာ နစ်သထက် နစ်ပြီး
မြန်မာလူမျိုးတွေလည်း ကျွန်ဖြစ်မှန်း မသိ ဖြစ်ခဲ့ရတယ်
ဒါဟာ အိပ်မက်မဟုတ်ဘူး
တကယ်ပဲ ဖြစ်ပျက်ခဲ့တာတွေပါ ဗျာ ။
၆ ။ ကျွန်တော်က NLD အဖွဲ့ဝင် တစ်ယောက် မဟုတ်ဘူး
NLD အစိုးရကို ထောက်ခံတယ်
NLD အစိုးရ အတွက် လော်ဘီ လုပ်ပေးတယ်
ဒါဘာလို့လဲ
ကျွန်တော်တို့ကို ထမင်း တနပ်လျော့စားခိုင်းမယ့်
သူမျိုးတွေ နောက်တစ်ခါ ပြန်ပြီး အုပ်ချုပ်မှာ စိုးရိမ်လို့
ပြည်သူကို ပါးရိုက်မယ်ပြောတဲ့
လူမျိုးတွေကို သဘောမကျလို့
နောက်ဆုးံ ရှင်းရှင်းပြောမယ် ဗျာ
ဆင်းရဲနေတဲ့ ပြည်သူကို မကြည့်ပဲ
ပြည်သူ့ဘဏ္ဍာငွေကို လက်နက်အားကိုးပြီး မှ
ထင်တိုင်းခိုးသွားတဲ့ သူတွေကို မလိုချင်တော့လို့ ။
ရ ။ အစိုးရ ဆိုတာ
ပြည်သူကို နှိပ်စက်ဖို့
အနိုင်ကျင့်ဖို့
ကလိမ်ကျစ် အမျိုးမျိုးသုးံပြီး
ခိုးဖို့ဖွဲ့ထားတာ မှ မဟုတ်တာပဲ
အစိုးရ ဖွဲ့တယ် ဆိုတာ
ပြည်သူအကျိုးကို ဆောင်ရွက်ဖို့
ပြည်သူတွေ အဆင်ပြေစေဖို့ အတွက်
အစိုးရ ဖွဲ့တာ မဟုတ် လား
ကဲ ခုဆိုရင် ကြည့်လိုက်လေ
အရင်က
လယ်သိမ်းယာသိမ်းဆိုခဲ့တဲ့ သူတွေရဲ့နေရာမှာ
လယ်မြေ ယာမြေတွေကို သိမ်းတယ် ဆိုတာ
သူတို့ ထမင်းအိုးကို ရိုက်ခွဲတာနဲ့အတူတူပဲလို့
ကိုယ်ချင်းစာစိတ်နဲ့မြင်တတ်ပြောတတ်တဲ့ သူတွေ
ရောက်လာခဲ့ပြီ
ဒါကြောင့်လည်း ပိုင်ရှင် အမှန်တွေကို စီစစ်ပြီး
ပိုင်ရှင်တွေ လက်ထဲကို အမြန်ဆုးံပြန်လည်
ရောက်ရှိစေရပါမယ်လို့ ပြောကြားလာခဲ့တဲ့
သူတွေကိုတော့
အားလုးံသိရှိပြီး ဖြစ်မယ်ထင်ပါတယ်
ဒုက္ခသည်တွေကို သွားတွေ့တဲ့အခါ
ဘာမှ ယူမသွားပဲ
လက်ချည်းဗလာသွားပြီး မှ
ဘာမှမပါခဲ့ဘူးလို့ ပြောခဲ့တဲ့ သူမျိုး
ခုလိုဘာမှ မလုပ်ပဲ စားရတဲ့အတွက်
နောင်နှစ် ဒီလိုဖြစ်ပါစေလို့တော့ ဆုတောင်းကြနဲ့ဆိုပြီး
ပြောခဲ့ကြတဲ့သူမျိးတွေနေရာမှာ
ခုတော့
ဒုက္ခသည်တွေရှိတဲ့နေရာကို နေ့ချင်းရောက်အောင်သွားပြီး
ကယ်ဆယ်ရေး ပစ္စည်းတွေ တစ်ခါတည်းပေးအပ်
လိုအပ်တာ တင်ပြကြပါလို့
ဒုက္ခသည်တွေကို ရင်းနှီးပွင့်လင်းစွာ
ပြောတဲ့ သူမျိုးတွေ ရောက်ရှိလာခဲ့ပါပြီ ။
၈ ။ သယံဇာတတွေ ကုန်ပြီး
နိုင်ငံမွဲခဲ့တာ အစိုးရ အဖွဲ့ဝင်တွေ ခိုးခိုးခဲ့လို့
ဝှက်ခဲ့လို့
လာဘ်စားခဲ့လို့
ဒါကြောင့်လည်း
အစိုးရအဖွဲ့ဝင်တွေ လာဘ်စား တာ ရှိရင်
ထောင်ချမယ်လို့ တခါတည်းပြောထားတဲ့အပြင်
အဲဒီလို ကိစ္စမျိုးကို တိုင်းကြားဖို့
သမ္မတရုးံကလည်း တရားဝင် တိုင်ကြားခွင့်ပြုပေးပြီးသား
ပြီးတော့ အစိုးရအဖွဲ့ဝင်တွေ မရိုးမသားလုပ်တာ
မဟုတ်တာ လုပ်တာက အစ
ဖော်ထုတ်ရေးသားနိုင်တယ် ဆိုပြီး
အဲဒီလို ရေးသားခွင့်ကိုလည်း
ပြန်ကြားရေးဝန်ကြီး ကိုယ်တိုင်က ပေးထားပြီးသား
ဆိုတာလည်း အားလုးံ သိထားပြီးသား
အားလုးံသိပြီး ဖြစ်မယ်ထင်ပါတယ် ။
၉ ။ တကယ်တော့
ကိုယ်ကျိုးအတွက် ငွေရပေါက်ရလမ်း မကြည့်ပဲ
သင်္ကြန်မှာ ဘယ်လိုလုပ်ဆောင်သွားခဲ့တာ
ကလေးတွေ ပညာသင်ကြားရေးအတွက်
အခက်အခဲ မရှိရလေအောင်
မျှဝေခြင်း အစီအစဉ်တွေနဲ့ဘယ်လိုလုပ်ဆောင်ပေးခဲ့တာ
ကျောင်းသား ကျောင်းသူလေးတွေ
ငွေကြေးကုန်ကျမှု အနည်းဆုးံဖြစ်အောင်
အစိုးရအနေနဲ့ ဘယ်လိုလုပ်ဆောင်ပေးခဲ့တယ်
ဆိုတာတော့ အားလုးံပဲ မြင်တွေ့ကြပြီးဖြစ်ပါတယ်
နှစ်တိုင်း တိုးဝှေ့ပြီးမှ ကြည့်ခဲ့ရတဲ့
ဆယ်တန်းအောင်စာရင်းတောင်
တိုးဝှေ့ပြီးကြည့်စရာမလို
အိမ်ကနေပြီးထိုင်ရာ မထ ကြည့်လို့ရတဲ့ အထိ
အွန်လိုင်းစနစ်ကိုလည်း အမြန်ဆုးံအကောင်အထည်
ဖော်ပေးထားပြီးပြီ မဟုတ်လား
အလုပ်သမားအရေးနဲ့ပတ်သက်လာရင်လည်း
အလုပ်ရှင် အလုပ်သမား
နှစ်ဦးသဘောတူညီမှုကို မလိုက်နာတဲ့
ပုဂ္ဂလိက စက်ရုံကို အလုပ်သမားတွေ ဖက်က
ရပ်တည်ပြီး တရားစွဲပေးတာမျိုးက အစ
လုပ်ဆောင်ပေးနေတာဟာ
အိမ်မက်မဟုတ်ပဲ တကယ်ဖြစ်ပျက်နေတာပါ ။
၁၀ ။ စကားပုံတစ်ခုက
ရောမမြို့ကို တစ်ရက်ထဲ
အပြီး တည်ဆောက်လို့ မရနိုင်တဲ့
ပြီးတော့ ဌာနပေါင်းစုံမှာ နဂိုက ဝန်ထမ်းငယ်တွေ
ရှိနေတယ် ဆိုတာလည်း သိထားသင့်ပါတယ်
ဒါကြောင့်လည်း
အစစအရာရာ ပြီးပြည့်စုံတဲ့ အစိုးရမျိုးနဲ့
နေရာ အားလုးံမှာ အဆင်ပြေဖို့ ဆိုတာဟာ
ရက်ပေါင်းတစ်ရာနဲ့မဖြစ်နိုင်သလို
တစ်နှစ် နှစ်နဲ့လည်းမဖြစ်နိုင်ပါဘူး
ဒါကြောင့်လည်း
အဆင်မပြေမှုတွေကတော့ အနည်းနဲ့အများ
ကြုံတွေ့နေရဦးမှာပါ
တကယ်တော့
အရင်အစိုးရ လက်ထက်က လူကြီးတွေဟာ
ကားလမ်းပေါ်မှာ ရထားမောင်းရင်း
ကျိန်းသေပေါက်
ကားနဲ့ရထားနဲ့တိုက်မယ် ဆိုတာမျိုးကိုတောင်
မတွေးတော့ပဲ
ငါပိုက်ဆံရရင်ပြီးရောလို့
တွေးခဲ့တဲ့ သူမျိုး ။
Aung Naing Winn
ချမ်းချမ်း
Aye Aye Phyo
HahaShow more reactions
Comment

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...