Skip to main content

ဘင်္ဂလားဒေ့ရှ်သို့ တိမ်းရှောင်မည့် ဘင်္ဂါလီလူမျိုးများကို တွေ့ဆုံညှိနှိုင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိမ်းရှောင်မည့် ဘင်္ဂါလီလူမျိုးများကို တာဝန်ရှိသူများက စက်တင်ဘာ ၂၉ ရက်တွင် သွားရောက်ညှိနှိုင်းနေစဉ်(fb.com/Information Committee)
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိမ်းရှောင်ရန် နှစ်နိုင်ငံ နယ်စပ် တွင် ရောက်ရှိနေသည့် ဘူးသီး တောင်မြို့နယ်မှ ဘင်္ဂါလီများအား သက်ဆိုင်ရာအာဏာပိုင်းများက သွားရောက်တွေ့ဆုံညှိနှိုင်းသော် လည်း ဘင်္ဂါလီများက တစ်ဖက် နိုင်ငံသို့သာ ၎င်းတို့ ကိုယ်ပိုင်ဆန္ဒ ဖြင့် သွားရောက်လိုကြောင်း ပြန် လည်တင်ပြခဲ့ကြောင်း အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီ က စက်တင်ဘာ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။
သတင်းထုတ်ပြန်ချက်အရ စက်တင်ဘာ ၂၆ ရက်မှ ၂၉ ရက် အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာရန် နှစ်နိုင်ငံနယ်စပ်အနီး ရောက်ရှိနေသည့် ဘင်္ဂါလီလူဦး ရေ ၂,၃၀၀ ကျော်ရှိသည်။
 ဘူးသီးတောင်မြို့နယ်ရှိ ဂူတာပြင်ကျေးရွာမှ ဘင်္ဂါလီ ၁၆၈ ဦး၊ ရွှေထားကျေးရွာနှင့် ဇင်ခါးမကျေးရွာတို့မှ ဘင်္ဂါလီ ၂၅၅ ဦး၊တောင်ချောင်းကျေးရွာနှင့် ပေါက်တောကျေးရွာမှ ဘင်္ဂါလီ ၂၈၁ ဦး၊ သိမ်တောင်ပြင်ကျေးရွာနှင့် ကာလီကျေးရွာတို့မှ ဘင်္ဂါလီ ၂၀၀ ဦး၊ ဒုအိုးသည်မကျေးရွာမှ ဘင်္ဂါလီ ၃၅ ဦး၊ တောင်ချောင်းကျေးရွာ၊ ဇင်ခါးမကျေးရွာ၊ ဘိုလီကျေးရွာနှင့် ငွေတောင်ကျေးရွာတို့မှ ဘင်္ဂါလီ ၈၉၅ ဦး၊ ဂူတာပြင်ကျေးရွာမှ ဘင်္ဂါလီ ၅၃၀ ဦးတို့သည် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ တိမ်းရှောင်ရန် နှစ်နိုင်ငံနယ်စပ်သို့  စုပြုံရောက်ရှိနေခြင်း ဖြစ်သည်။

အဆိုပါအခြေအနေများနှင့် ပတ်သက်၍ အမှတ်(၁)နယ်ခြား စောင့်ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်က အဆိုပါဘင်္ဂါလီ များသည် လက်ရှိတွင် မြန်မာနိုင်ငံ သားများမဟုတ်သေးသဖြင့် တစ်ဖက်နိုင်ငံသို့ မသွားရန် ဥပဒေအရ တားခွင့်မရှိဟု ရှင်းပြသည်။
 ‘‘တချို့တွေက သူတို့တွေ အခက်အခဲတွေ ဖြေရှင်းပေးနေ တဲ့ ကြားက နေရပ်စွန့်ခွာတာတွေ ရှိတယ်။ ဘာမှ မီးလောင်လို့လည်း မဟုတ်ဘူး။ လုံခြုံရေးအရလည်း မဟုတ်ဘူး။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးက ထပ် ဆင့်ညွှန်ကြားတာတွေရှိပါတယ်။ ဒါက ဘာလဲဆိုတော့ တတ်နိုင်သ လောက် သူတို့နားလည်သဘော ပေါက်အောင် ရှင်းလင်းဖျောင်းဖျ ဖို့ပေါ့။ လိုအပ်တာကို မိမိဘက်က တာဝန်ကျေအောင် ပံ့ပိုးပေးဖို့ ပေါ့။ ဖျောင်းဖျလို့မှ မရရင် မတား ဘူးပေါ့။ ပြောမယ်ဆို သူတို့က မိမိတို့နိုင်ငံသား မဟုတ်တဲ့အ တွက် ဥပဒေအရ တားခွင့်မရှိဘူး’’ ဟု ၎င်းက ဆိုသည်။
တစ်ဖက်နိုင်ငံသို့ သွား ရောက်ရန် စီစဉ်ခြင်းသည် စားဝတ် နေရေးအခက်အခဲရှိခြင်း၊ လုံခြုံ ရေးအခြေအနေအရ ကျေးရွာတွင် လုံခြုံမှုမရှိဟုယူဆခြင်း၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ဘင်္ဂါလီများက ထွက်ခွာရန် ဆက် သွယ်ပြောဆိုခြင်းနှင့် ဒေသခံတိုင်း ရင်းသားအချို့က ဖုန်းဖြင့် ခြိမ်းခြောက်ခြင်း စသည့် အခြေအနေ များကြောင့်ဟု တိမ်းရှောင်လာ သည့် ဘင်္ဂါလီများက ဖြေကြား ကြောင်း သတင်းထုတ်ပြန်ချက် တွင် ပါရှိသည်။
မောင်တောခရိုင် အုပ်ချုပ် ရေးမှူးနှင့်အဖွဲ့သည် စက်တင် ဘာ ၂၉ ရက်နံနက်တွင် မောင် တောမြို့နယ် ပညောင်ပင်ကြီး ကျေးရွာ နယ်စပ်ခြံစည်းရိုးအနီး ရောက်ရှိနေသည့် ဘူးသီးတောင် မြို့နယ်မှ ဘင်္ဂါလီများအား သွားရောက်တွေ့ဆုံကာ ရပ်ရွာဒေသများ၌ အေးချမ်းစွာ ပြန်လည်နေ ထိုင်၍ လုပ်ကိုင်စားသောက်ကြ ရန်နှင့် အခက်အခဲရှိသည်များကို တတ်နိုင်သလောက် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်ဟု သတင်းထုတ်ပြန် ချက်က ဆိုသည်။
မောင်တောဒေသရှိ စားနပ် ရိက္ခာအခက်အခဲရှိသော နှစ်ဖက်လူ့အဖွဲ့အစည်းများအား ဆန်၊ ဆီ၊ ဆား၊ ပဲလေးမျိုးကို လူမျိုးဘာသာမရွေးထောက်ပံ့ပေးနေ ပြီး လုံခြုံရေးနှင့်ပတ်သက်၍ ဒေသအတွင်း အေးချမ်းတည်ငြိမ်ရေး ဆောင်ရွက်နေကြောင်း အစိုးရကသတင်းထုတ်ပြန်သည်။
မောင်တောခရိုင်အုပ်ချုပ် ရေးမှူးနှင့်အဖွဲ့သည် စက်တင် ဘာ ၂၇ ရက်က နယ်စပ်သို့ ရောက်ရှိနေသည့် ဘင်္ဂါလီများ အား ယခုကဲ့သို့ သွားရောက်တွေ့ ဆုံရှင်းပြဖူးသည်။ ကုလသမဂ္ဂ၏ အဆိုအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ တိမ်းရှောင်နေသော ဘင်္ဂါလီငါးသိန်းခန့်ရှိနေပြီဟု ဆို သည်။
Share

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...