မနေ့က UN speech မှာ စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး Dr Balakrishnan က မြန်မာနိုင်ငံ ရခိုင်ဒေသမှာ ဖြစ်ပျက်နေတာနဲ ပတ်သက်ပြီးပြောသွားတာ အရမ်းမှန်တယ်။ တိုင်းပြည်တပြည်ဟာ Terrorist Attack လုပ်ခံရပြီဆိုရင် အစိုးရဟာ သူရဲ့ပြည်သူလူထုကို ဘယ်လိုလူမျိုးပဲ ဖြစ်နေပါစေ အပြည့်အဝ ကာကွယ်ပေးဖို့ သူမှာတာဝန်ရှိတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ Terrorist တွေ အချက် ၃ ချက်ကို အခြေခံပြီး အကြမ်းဖတ်မှု့တွေကိုလုပ်ဆောင်ကျတယ်။ လုပ်ရပ်ဟာ လည်းဘယ်နေရာမှာ ကြည့်ကြည့်တူတူပဲ။
ပထမဆုံး ကမ်းကုန်အောင် အကြမ်းဖတ်မှု့တွေကို စတင်လုပ်ဆောင်မယ်။
ဒုတိယ ကတော့ ခင်ဗျားတို့ ကျွန်တော်တို့ လက္ခံနိုင်အောင် ဘာသာရေးချိုးနှိမ်မှု့တွေကြောင့် တန်ပြန်တိုက်ခိုက်ရတာပါဆိုပြီး ဘာသာရေးနဲ့ လူမျိုးရေးကို ခေါင်းစဉ်တပ်မယ်။
တတိယကတော့ အဲ့ conflict ဖြစ်တဲ့ ဒေသတွေ ကို ခွဲထွက်ဖို့တောင်းဆိုလာလိမ့်မယ်။
ဒါ့ကြောင့်မို့ ကျွန်တော်တို့ဟာ ဒီအကြမ်းဖတ် အစွန်းရောက်တွေ စဉ်ထားတဲ့ အကွက် (ထောင်ချောက်) ထဲကို ရောက်မသွားအောင် အရမ်း သတိထားရမယ်။
စင်္ကာပူကလည်း အာဆီယံကတဆင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရဲ့ နယ်စပ်လှုံခြုံရေးနဲ့ လူသားခြင်း စာနာမှု့အထောက်အပံ့တွေကိုလည်း အခုဖြစ်ပွားနေတဲ့နေရာတွေမှာ ဆက်လတ် အထောက်အကူ ပြုသွားမှာပါတဲ့။ ဒါက UN မှာ သူ ပြောသွားတာပါ။
ခုဆက်စပ်ပြီး လီကွမ်ယု ရဲ့ ၁၉၆၅ ခုနှစ် သြဂုတ် လ မှာပြောခဲ့တဲ့စကားလေးကို ဟိုတလောက တွေ့လို့ ပြန်လည်ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
“ကျွန်တော်တို့ရဲ့အိမ်ကသေးငယ်ပေမဲ့ ကျွန်တော်တို့ရဲ့ အိမ်ထဲမှာ စားပွဲခုံတွေ, ကုလားထိုင်တွေ ကုတင်တွေကို ဘယ်လိုပြန်လည်နေရာချရမှာလဲဆိုတာ ကျွန်တော်တို့ရဲ့ အိမ်တွင်းရေးကိစ္စပါ…ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေ အိမ်နီးနားချင်းတွေရဲ့ ကိစ္စမဟုတ်ပါဘူး..ကုတင်ကိုဟိုဘက်ရွေ့စမ်းတို့ ကုလားထိုင်ကို ဒီနားမှာထားလို့ ဘယ်သူမှာမှ ပြောပိုင်ခွင့် မရှိပါဘူး။ ဒါကကျွန်တော်ရဲ့ အိမ်ပါ။ သေးငယ်နေပေမဲ့ ကျွန်တော်ရဲ့ ပိုင်ဆိုင်မှု့ပဲ ဖြစ်ပါတယ်။ စင်္ကာပူကို စင်္ကာပူ လူထုရဲ့ အလိုအတိုင်းစီမံဖို့ စင်္ကာပူ လူထုမှာ လုပ်ကိုင်ခွင့်ရှိပါတယ်”။
အရမ်းမှန်တဲ့စကားပဲ။
ကျွန်တော်တို့နိုင်ငံ နယ်နမိတ်ထဲမှာ ဖြစ်တဲ့အရေးဟာ ကျွန်တော်တို့အရေးပဲ။ မြန်မာနိုင်ငံနဲပဲဆိုင်တယ်။ ဘယ်သူမှ အမိန့်ဝင်ပေးလို့မရပါဘူး။ ကျွန်တော်တို့ ဒီလိုပြောလို အစွန်းရောက်တယ်လိုမထင်စေချင်ဘူး။ ခုပြောနေကျတာ ဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက်ပြေးသွားတဲ့ လူတွေပြန်ခေါ်မလား…ဒါမှမဟုတ် UN ဝင်ပြီး မြန်မာဘက်ခြမ်းမှာ Safe Zone ဆိုပြီး သူတို့ကိုပေးမလား..ဒါမှ မဟုတ် Lobbyist တွေ က နယ်မြေခွဲပေးမလား ဆိုပြီး ခြိမ်းလာခြောက်လားနဲ့…ရှင်းရှင်းပြောရရင် ဒါတွေအားလုံး ကျွန်တော်တို့နဲပဲဆိုင်ပါတယ်။ ခင်ဗျားတို့ အမိန့်လာပေးလို့မရပါဘူး ထပ်ပြီးတော့လည်း ဝင်မရှုပ်ကျပါနဲ့လို့..ထပ်ပြောပါရစေ ဝင်မရှုပ်ကျပါနဲ့လို့။
Zayer Lynn
Comments
Post a Comment