Skip to main content

ဒီကေဘီအေ (DKBA) ခွဲထွက်အဖွဲ့ တိုက်ခိုက်မှုကြောင့် BGF နယ်ခြားစောင့်တပ်ရင်း ၁၀၂၀ မှ စစ်သည်လေးဦးကျဆုံး 28 September 2017


ဘားအံ၊ စက်တင်ဘာ၂၈

စက်တင်ဘာ ၂၇ ရက် ည ၁၂နာရီခန့်တွင် မဲ့သဝေါဒေသအတွင်းရှိ ( ဝုသောပူ )နယ်ခြားစောင့်စခန်းအား ဒီကေဘီအေ (DKBA) ခွဲထွက် ဗိုလ်ဘိ ဦးဆောင်သော အဖွဲ့များမှ လာရောက်ပစ်ခတ် တိုက်ခိုက်သောကြောင့် BGF နယ်ခြားစောင့်တပ်ရင်း ၁၀၂၀ မှ စစ်သည်လေးဦးကျဆုံးပြီး ၃ဦးဒဏ်ရာရရိခဲ့ပြီး လက်နက်ခဲယမ်းအချို့အား ယူဆောင်သွားကြောင်း နယ်ခြားစောင့်တပ် တာဝန်ရှိသူပြောစကားအရ သိရှိရသည်။

အဆိုပါ လာရောက်ပစ်ခတ်တိုက်ခိုက်သူ ဒီကေဘီအေ ခွဲထွက် ဗိုလ်ဘိဦးဆောင်သော အင်အား၆၀ခန့် အဖွဲ့အား အစိုးရတပ်မတော် စစ်ကြောင်းများ၊ နယ်မြေခံတပ်ရင်းအဖွဲ့များ၊ နယ်ခြားစောင်တပ်ရင်း တပ်ဖွဲ့များမှ ပြန်လည်တိုက်ခိုက်မှုများကြောင့် စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း တပ်နယ်၃ နယ်ခြားစောင့်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး နိုင်မောင်ဇော်မှ အတည်ပြု ပြောဆိုသည်။

သတင်း၊ ဓာတ်ပုံ.-ရာဟု (ဖားအံ)
Hinthar Media Corporation

Comments