Skip to main content

ရခိုင်ပြည်နယ်အတွက် လူမျိုးဘာသာစုံ မြန်မာနိုင်ငံသား ကျုပ်တို့အားလုံးပဲ ရွေးချယ်ကြရမှာဖြစ်ပါတယ်

No automatic alt text available.
လက်ရှိ ရခိုင်အရေးဟာ မြန်မာ့ပြဿနာပေါင်းမြောက်များစွာထဲက တစ်ခုပါ။ ဒါပေမယ့် ဒီအရေးကို ကမ္ဘာက အာရုံစိုက်ပါတယ်။ အဲ့ဒီလို အာရုံစိုက်တဲ့အတွက် လက်ရှိ အစိုးရအပါအဝင် ကျုပ်တို့ မြန်မာတပြည်လုံးမှာ ရခိုင်အရေးတစ်ခုတည်းကို အာရုံစုပြုံစိုက်ပြီး ပိုမိုအချိန်ပေး ငြင်းခုံဆွေးနွေးနေကြရပါတယ်။ ဒါဟာ ဘာကိုဖြစ်စေသလဲဆိုတော့ .... အခြား တိုးတက်မှုတွေအတွက် အချိန်ပေးနိုင်မှု လျော့ပါးသွားစေပါတယ်။ တစ်ဘက်ကလည်း တရားဥပဒေစိုးမိုးရေးကို ရန်ရှာတဲ့သဘောဆောင်လာပါတယ်။
တနည်းအားဖြင့်ဆိုရရင် လက်ရှိ ရခိုင်ပြဿနာဟာ နိုင်ငံတော်တိုးတက်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို နှောက်ယှက်နေတာပဲဖြစ်ပါတယ်။ တိုးတက်ရေး နဲ့ တရားဥပဒေစိုးမိုးရေးဟာ ကျုပ်တို့မြန်မာပြည်အတွက်တော့ အထူးအရေးတကြီး အရှိန်မြှင့်တည်ဆောက်ရမယ့် အဓိက အရာတွေပဲဖြစ်ပါတယ်။
ဒီတော့ ဒီပြဿနာကို ဘယ်လို တားဆီးကြမလဲ ဆိုတာ မြန်မာနိုင်ငံသားတိုင်း ဘာသာမရွေး လူမျိုးမရွေး ဝိုင်းဝန်းအဖြေရှာ ဆွေးနွေးကြရမယ့် ကိစ္စဖြစ်လာပါပြီ။ ဒီလို အဖြေရှာတဲ့အခါမှာ ကမ္ဘာဦးအစကတည်းက ရှိနေတဲ့ ပဋိပက္ခ ဖြေရှင်းနည်းပုံစံကိုပဲ သုံးရပါလိမ့်မယ်။ ဒီနည်းဟာ ဒေါ်အောင်ဆန်းစုကြည် အကြိမ်ကြိမ်ရည်ညွှန်းခဲ့တဲ့နည်းလည်းဖြစ်ပါတယ်။ ဘက်မလိုက်ပဲ ပြဿနာဖြေရှင်းရေးကို ရှေးရှုတဲ့နည်းပါ။ အရပ်သုံးစကားအနေနဲ့တော့ ဟိုဘက်ဒီဘက် ဘယ်ဘက်မှ မပါပဲ နှစ်ဦးနှစ်ဘက် ကြေနပ်အောင် အလယ်ကနေ ကြားချပေးမယ့်နည်းပါ။
ဒီလို ဘက်မလိုက်ပဲ ဖြေရှင်းဖို့ ပြဿနာကို ချဉ်းကပ်ကြရာမှာ အကောင်းဆုံးချဉ်းကပ်နည်းကတော့ နိုင်ငံသားစိတ်နဲ့ချဉ်းကပ်ခြင်းပဲဖြစ်ပါတယ်။ နိုင်ငံသားစိတ်နဲ့ ချဉ်းကပ်ပြီး ရှုမြင်ကြရမယ့် ရှုထောင့်ကလည်း နိုင်ငံသားအရေး ရှုထောင့် ပဲဖြစ်ပါတယ်။ မွတ်စလင်၊ ဟိန္ဒူ၊ ရခိုင် ဘယ်လူမျိုးရဲ့ ဘက်ကိုမှမလိုက်တဲ့အပြင် ကိုးကွယ်ရာဘာသာတွေဘက်ကိုလည်းမယိမ်းပဲ ... ငါတို့နိုင်ငံသားတွေ အတူယှဉ်တွဲနေထိုင်ပြီး တိုးတက်တဲ့ ရခိုင်ပြည်နယ်တည်ဆောက်ဖို့ ဘာတွေလိုအပ်မလဲဆိုတာမျိုး အဖြေရှာကြဖို့သင့်ပါတယ်။ ရခိုင်အရေးကို ဒီလို အဖြေရှာဖို့ လွန်ခဲ့တဲ့ နှစ်တွေကတည်းက ဆုံးဖြတ်နေခဲ့တာ ဒေါ်အောင်ဆန်းစုကြည်ပါ။ အင်တာဗျူးတွေကိုပြန်ရှာနိုင်ရင် တွေ့ပါလိမ့်မယ်။
ရှင်းရှင်းလင်းလင်းပြောရရင်တော့ ရိုဟင်ဂျာ လို့တစ်ခွန်းခေါ်တိုင်း တစ်ခါအလိမ်ခံနေရတယ်လို့ ခံစားရသူမြန်မာနိုင်ငံသားတွေထဲမှာ ကျုပ်လည်း ပါပါတယ်။ ဒါဟာ စာနာမှုကင်းမဲ့ခြင်းမဟုတ်ပါဘူး။ လူသားချင်းစာနာစိတ်နဲ့ ကိုယ့်ဘာသာဝင်အချင်းချင်းပြန်ဆဲတာခံရတဲ့အထိ ရပ်တည်ခဲ့ပါတယ်။ ဆက်ပြီးလည်း ရပ်တည်ဦးမှာပါပဲ။ အပေါ်ယံ ဘာသာစကား၊ အသားအရောင် ၊ ကိုးကွယ်ရာဘာသာတွေဟာ ကျုပ်အတွက်တော့ အနှစ်မဟုတ်ဘူးလို့ ခံယူထားတာမို့ ဘယ်လို ကွဲပြား ကွဲပြား ... လူမဆန်ရင် တန်ပြန်မယ့်စိတ်က ပျောက်ကွယ်သွားမယ်မထင်ပါ။
လက်ရှိအခြေအနေမှာတော့ အားလုံးသိကြတဲ့အတိုင်း ကမ္ဘာနဲ့ မြန်မာသဘောမျိုး ဖြစ်နေပါတယ်။ တရုတ်တွေ ရုရှတွေ ဘယ်လို ကူကူ ... ကိုယ့်အရေးကို ကိုယ်ပဲ ရှင်းရမှာပါ။ ကမ္ဘာ့မီဒီယာ ဇာတ်ခုံပေါ်မှာ မြန်မာ မျက်နှာပန်း မလှဖြစ်နေပါတယ်။ ဒီလို အရေးကို အချို့က အမေရိကန် လော်ဘီတွေ ငှားရမ်းအသုံးပြုဖို့ အကြံပြုနေတာတွေ့ရပါတယ်။ ဒါလည်း မမှန်ပါ။ စင်္ကာပူက လီကွမ်းယုကြီးစကားနဲ့ပြောရရင် ကိုယ့်အိမ်ထဲက ပရိဘောဂတွေကို ကိုယ်စိတ်ကြိုက် ထားချင်တဲ့နေရာမှာ ထားမှာပါ။ သူတပါးက ဟိုဟာလေး ဟိုမှာထားလိုက်ပါလား ဒီဟာလေး ဒီမှာထားလိုက်ပါလား စသည်ဖြင့် ဆုံးဖြတ်နေတာကို နောက်လိုက်သဘောမျိုး လုပ်နေစရာအကြောင်းမရှိပါဘူး။ ကိုယ့်အိမ်တွင်းအရေးကို သူတပါးအားကိုးဖို့ဆိုတာ ညံ့ဖျင်းတဲ့နိုင်ငံသားတွေလက် ညံ့ဖျင်းတဲ့ ခေါင်းဆောင်တွေရဲ့ လက်ထက်မှာပဲ ဖြစ်နိုင်ပါလိမ့်မယ်။ ကျုပ်တို့ နိုင်ငံအတွက်တော့ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ အမှန်တရားကို ချပြဖို့ ကိုဖီအာနန်ကော်မရှင် အစီရင်ခံစာနဲ့တင် လုံလောက်နေပါပြီ။
တစ်ကမ္ဘာ လုံးနဲ့ တစ်ယောက်ဖြစ်နေတဲ့ကိစ္စမှာတော့ ရိုးရိုးရှင်းရှင်း သုံးသပ်ရရင် နားလည်မှုလွဲနေကြလို့ပါ။ UN လို ဟာမျိုးကိုလည်း ရန်သူလို သဘောထားနေရင် အကျိုးရှိမယ် မထင်ပါဘူး။ နာဂစ်ကာလလို အခြေအနေမျိုးမှာ တကယ်တမ်း ကယ်ဆယ်ရေးသွားဖူးသူတွေ သိပါလိမ့်မယ်။ မြန်မာပြည်အစိုးရဘက်က ဘာမြေပုံ ဘာအချက်လက်မှ လုပ်မရသေးခင်မှာ ကုလ အဖွဲ့အစည်းတွေက ဘယ်နေရာကတော့ ဘယ်အဖွဲ့တွေ ရောက်ပြီးပြီ၊ ဘယ်နေရာကတော့ အကူအညီတွေ လိုအပ်နေတယ်၊ ဘယ်နေရာကတော့ အကူအညီရောက်ပေမယ့် ထပ်မံလိုအပ်နေတုန်းပဲ၊ ဘယ်နေရာကတော့ ဘာအကူအညီမှ မရောက်သေးဘူး စသည်ဖြင့် မြေပုံမှာ အရောင်တွေချယ်ပြီး အလွယ်တကူနားလည်နိုင်မယ့် သင်္ကေတတွေနဲ့ ပရဟိတ သမားတွေကို Print ထုတ်ပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီ ပရင့် စာရွက်ကြီးကိုင်ပြီး ကျုပ်တို့ကိုယ်တိုင် ဝေးလံတဲ့နေရာတွေက အကူအညီ မရောက်သေးသူတွေဆီ သွားရောက်လှူဒါန်းခဲ့ဖူးပါတယ်။
UN လည်း ကျုပ်တို့ကို ကူညီဖူးသလို အမေရိကန်လည်း ကျုပ်တို့ကို ကူညီဖူးပါတယ်။ အင်္ဂလန်လည်း ကူညီဖူးသလို တရုတ် နဲ့ ရုရှ လည်း ကူညီကြတာပါပဲ။ BBC , VOA , RFA စတဲ့ မီဒီယာတွေအပါအဝင် DVB, Irrawaddy, Mizzima စတဲ့ မီဒီယာတွေကလည်း ကျုပ်တို့ တပြည်လုံး မလှုပ်နိုင်အောင် ဖိနင်းထားခံရချိန်မှာ ကျုပ်တို့သိသင့်တဲ့အချက်အလက်တွေကို လေလှိုင်းကနေတမျိုး ရုပ်သံကနေတသွယ် ပို့ဆောင်ပေးခဲ့ကြပါတယ်။ ကျုပ်တို့ နင်းပြားဖြစ်နေတဲ့အချိန် သူတို့ စာနာစိတ်နဲ့ အော်ပေးခဲ့ကြဖူးတာကို ကျုပ်တို့ မေ့မပစ် သင့်ပါဘူး။
ဒီတော့ ကမ္ဘာဟာ လူသားဆန်တယ်ဆိုတာတွေ့နိုင်ပါတယ်။ လူမဆန်တာကိုတွေ့ရင် သူတို့ အော်ကြမှာပါ။ လိုအပ်နေတာက ကျုပ်တို့ လူဆန်ကြောင်း ပြဖို့ပါ။ ကျုပ်တို့တွေ လူသားဆန်မှန်း ကမ္ဘာကသိသွားရင် အားလုံးပါးစပ်ပိတ်သွားကြမှာပါ။ ဝိုင်းကူဖို့တောင် ကြိုးစားလာကြပါလိမ့်မယ်။
ဒီလို အခြေအနေမှာ ကမ္ဘာက ဘာကြောင့် မြန်မာကို လူမဆန်ဘူးထင်နေရတာလဲ? ဆိုတဲ့ မေးခွန်းက အဓိက ကျပါတယ်။ ဒါပေမယ့် ဒီအဖြေဟာ ကျုပ်တို့ သိပြီးသားပါ။ လူမဆန်တဲ့ အာဏာရှင်လက်အောက်မှာ ကျုပ်တို့အားလုံး ကမ္ဘာနဲ့အတူရပ်တည်ခဲ့ကြဖူးပါတယ်။ ကျုပ်တို့ အာဏာရှင်ကို မယုံပါဘူး။ အာဏာရှင် အကြွင်းအကျန်တွေကိုလည်း မယုံပါဘူး။ ကမ္ဘာကလည်း မယုံပါဘူး။ အာဏာရှင်နဲ့ အာဏာရှင်ရဲ့ လက်ပါးစေတွေ ထင်ရာစိုင်းပြီး သမိုင်းတလျှောက် လုပ်ချင်ရာလုပ်ခဲ့ကြတာ ကမ္ဘာကသိသလို ကျုပ်တို့လည်းသိပါတယ်။ ဒီတော့ ဘာဖြစ်ဖြစ် မယုံတာ ကမ္ဘာကြီးအနေနဲ့ မှားတယ်လို့ မဆိုသာပါဘူး။ ဒါကို နားလည်ထားရင် ကမ္ဘာကို ရန်ထောင်မနေပဲ ကိုယ့်ပြဿနာကိုယ် အာရုံစိုက်ဖို့ ပိုပြီး အချိန်ရလာလိမ့်မယ်လို့ထင်ပါတယ်။
ကမ္ဘာကြီးမှာ မြန်မာနဲ့ပတ်သက်ပြီး ရှေးရိုးစွဲ အမြင်တစ်ခု ရှိနေပါတယ်။ အဲ့ဒါကတော့ .... မြန်မာစစ်သားတွေ လူသတ်မုဒိမ်းကျင့်လုပ်တတ်တယ်၊ မတရားရက်စက်တယ် ဆိုတဲ့ အမြင်ပါ။ ဒီလို မြင်လောက်အောင်လည်း ရာစုနှစ်တစ်ဝက်ဝန်းကျင် စစ်ဖိနပ်အောက်ရောက်ခဲ့ရတဲ့ မြန်မာပြည်က သူတို့အတွက် သက်သေခံနေပါတယ်။
ကမ္ဘာကြီးက ဒေါ်အောင်ဆန်းစုကြည်ကို တစ်ခုခုလုပ်စေချင်တာလည်း မမှားပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ရှိဖွဲ့စည်းပုံအရ လုပ်ရကိုင်ရခက်နေတာလည်း အမှန်ပါပဲ။ ကျုပ်တို့မှာ အမှန်တရားနဲ့ အချိန်ကာလကို လက်တွေ ခိုင်ခိုင်တွဲနိုင်ရင် ဘယ်သူတွေ ခလောက်ဆန်နေသလဲဆိုတာ မြင်သာလာမယ့် သဘောရှိပါတယ်။
ဦးစွာပထမ ကမ္ဘာကြီးက မြန်မာတပြည်လုံးကို လူသတ်မုဒိမ်းကျင့်နေတယ်လို့ မြင်နေကြတာ မဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း သဘောပေါက်ဖို့လိုပါတယ်။ လူသတ်မုဒိမ်းကျင့်သူတွေကိုသာ ပြစ်တင်ဝေဖန်နေကြတယ်ဆိုတဲ့အချက်ကို သိထားရင် ဖြေရှင်းဖို့ လွယ်ကူသွားပါပြီ။ လာပါ ကြည့်လှည့်ပါ ဝိုင်းစစ်ပါ။ တွေ့ရင် ငါတို့လည်း အရေးယူမယ် ဆိုတာမျိုးလုပ်လိုက်ရုံပါပဲ။ ဒါပေမယ့် ကျုပ်တို့ကိုယ်တိုင် ယုံမှတ်ပြီး မပုံအပ်ရဲပါဘူး။ ဟိုတလောက အိမ်တွေ မီးရှို့တဲ့ ဓါတ်ပုံတွေ ပျံ့နှံ့လာသလိုမျိုး အတုအယောင်တွေနဲ့ ဇာတ်လမ်းလျှောက်ဆင်ရင် ကျုပ်တို့ပဲ ဂွမ်းကြရဦးမှာပါ။
ဒါပေမယ့် တစ်ဖက်မှာလည်း လူသတ်မုဒိမ်းကျင့်တာကို ကျုပ်တို့ မြန်မာနိုင်ငံသားတွေ စက်ဆုပ်ကြောင်း ကမ္ဘာသိအောင် ပြောဖို့လိုပါတယ်။ အကြမ်းဖက်မှုကို လက်မခံနိုင်ကြောင်း ပြသကြဖို့လည်း လိုပါတယ်။ ဒီလို ကိစ္စတွေမှာ ဘယ်ဘက်ကပဲဖြစ်ဖြစ် ကျူးလွန်ရင် ထိထိရောက်ရောက် အရေးယူပြိး ကမ္ဘာသိအောင် ဖော်ထုတ်ပြနိုင်ဖို့လိုပါတယ်။
BBC လိမ်နေသည်၊ VOA ညာနေသည် စတဲ့စကားလုံးတွေဟာ အာဏာရှင်သုံးပြီးသား စကားလုံးအဟောင်းတွေဆိုတာကို သတိချပ်ဖို့လိုပါတယ်။ ကျုပ်တို့ အာဏာရှင်အကြိုက်တွေ လိုက်မပြောမိအောင် ကြိုးစားဖို့လိုပါတယ်။
နောက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနနဲ့ပတ်သက်လို့ အမြင်စောင်းနေကြတာတွေလည်း သတိထားဖို့လိုပါတယ်။ ကမ္ဘာကြီးက ဘယ်လိုနားလည်ထားသလဲဆိုတော့ အစိုးရမီဒီယာသတင်းစာအားလုံးကို ဝါဒဖြန့်တဲ့နေရာမှာ သုံးတယ်လို့ပဲ နားလည်ထားကြတာပါ။ အာဏာရှင်တွေက တကယ်လည်း ဝါဒဖြန့်ခဲ့ကြတာမို့ ဒီလို နားလည်ထားမှုကို မှားတယ်လို့လည်း ပြောလို့မရပါဘူး။ ဒီအစိုးရတက်လာခါစက ပြန်ကြားရေးဝန်ကြီးဌာနကို ဖြုတ်ပစ်ဖို့အထိ စဉ်းစားထားတယ်ဆိုတာ အားလုံးသိပါတယ်။ ဖြုတ်မပစ်ရင်တောင်မှ အနည်းဆုံးတော့ သတင်းမီဒီယာကဏ္ဍတွေကို လက်လွှတ်မှ နောက်ပိုင်း ဘယ်အစိုးရတက်လာလာ ဝါဒဖြန့်တဲ့အပိုင်းကို လုပ်စားတာမျိုး ကင်းရှင်းသွားမှာပါ။ ဒီတော့ ပြင်ပ မီဒီယာ အားကောင်းဖို့နဲ့ ရုံးထုတ်ပြန်ချက်တွေကိုပဲ အာရုံစိုက်တာ အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။
ကာကွယ်ရေးကတော့ အားမရပါဘူး
ပြည်ထဲရေးကို အားရသလားဆိုတော့လည်း မရပါဘူး
နယ်စပ်ရေးရာလည်း ထိုနည်းလည်းကောင်းပါပဲ။
တုတ်၊ ဓါး၊ ဂျင်ကလိ စတဲ့ လက်နက်တွေနဲ့လာတိုက်တုန်း အငိုက်မိခံရလို့ စခန်း(၃၀)ပဲ တိုက်ခိုက်ခံရတာပါ။ အခြား AK47 တွေ RPG တွေနဲ့များလာရင် ပြည်နယ်တစ်ခုလုံးပါသွားမလား တွေးပူမိပါတယ်။ လေယာဉ်တွေ ဘာတွေ သုံးပြီးလာရင် နေပြည်တော်တောင် စိတ်ချရပါ့မလားဆိုတာ စိတ်ပူစရာပါ။
ဖြစ်နေတဲ့အမှုအခင်းတွေနဲ့ပတ်သက်ပြီး ပြည်ထဲရေးဟာ အောင်ဝင်းခိုင်လိုလူမျိုးကိုလည်း မိအောင်မဖမ်းနိုင်။ ရန်ကုန်မှာ ဆူပူအောင်လှုံ့ဆော်သူကိုတောင် ပြည်သူက ဖမ်းပေးရတဲ့အခြေအနေမျိုးမှာ အများပြည်သူလုံခြုံရေးအတွက် မတွေးဝံ့စရာပါ။ မကွေးတိုင်းမှာဆို နွားမှောင်ခို ကိစ္စတောင် ဝန်ကြီး အစီအစဉ်နဲ့ ဖမ်းရတဲ့အခြေအနေပါ။
ရခိုင်ပြဿနာ အငိုက်မိခံရခြင်းအခြေအနေအတွက်လည်း ကာကွယ်ရေးမှာ တာဝန်အရှိဆုံး တပ်ချုပ်ဆီက ပြည်သူကြေနပ်လောက်တဲ့ တောင်းပန်စကားမကြားရတဲ့အပြင် တာဝန်ခံ တာဝန်ယူမှုလည်း မတွေ့ရပါဘူး။
ဒါတွေအဆုံးသတ်ပြီး နိုင်ငံအတွက် အရည်အချင်းရှိတဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာစတဲ့ ဝန်ကြီးတွေ ဝန်ကြီးဌာနတွေ ပိုင်ဆိုင်ဖို့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်မှသာ နီးစပ်ပါလိမ့်မယ်။ ကမ္ဘာကလည်း ဒါကို မြင်နေပါပြီ။ ကြာရင်ပိုထင်ရှားလာမှာပါ။ အခုလို ပျော့ပြောင်းဆဲ အခြေအနေမှာ ပိုင်ပိုင်နိုင်နိုင် ပူးပေါင်းနိုင်ရင်တော့ နိုင်ငံရဲ့ အနာဂါတ်ဟာ ပိုပြီး ရင်ခုန်စရာကောင်းလာလိမ့်မယ်လို့ထင်ပါတယ်။
အချုပ်ဆိုရရင် ... ရခိုင်ပြဿနာကို နိုင်ငံသားအရေးလို့ ရှုမြင်ပြီး မြန်မာတနိုင်ငံလုံး နိုင်ငံသားစိတ်နဲ့ ဖြေရှင်းမှ အဆင်ပြေနိုင်မယ့် ပြဿနာလို့ မြင်မိပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အချိန်အတော်ယူရမှာဖြစ်ပေမယ့် ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ ဆုံးဖြတ်ချက်တွေကတော့ မြန်မြန်ဆန်ဆန် ချမှရပါလိမ့်မယ်။ ဆုံးဖြတ်ချက်ချပြီးမှ အကောင်အထည်ဖော်ဖို့လုပ်ငန်းတွေ စနိုင်မှာဖြစ်ပါတယ်။ မဆိုင်တဲ့ ဘာသာရေးတွေ လူမျိုးရေးတွေ ဆွဲထည့်နေရင် ဆုံးဖြတ်ချက်မချနိုင်ခင်မှာပဲ ပြဿနာတွေ ထပ်ပွားလာပါလိမ့်မယ်။ ဒါဆိုရင် ဖြေရှင်းဖို့ပိုဝေးသွားပြီး အဲ့ဒီဒေသကလူတွေ ပိုဒုက္ခရောက်ကြဖို့ပဲရှိပါတယ်။
ဆုံးဖြတ်ချက်တွေ မြန်မြန် ချမှတ်နိုင်ခဲ့ရင်တော့ ခင်ဗျားတို့ ကျုပ်တို့ မျှော်လင့်နေသော တိုးတက်တဲ့ ရခိုင်ပြည်နယ်အိပ်မက်ဟာ ပိုမိုနီးစပ်လာပါလိမ့်မယ်။ ပြဿနာ ထပ်ရှာမလား အမြန်ဖြေရှင်းမယ့်နည်းလမ်း ရွေးချယ်မလားဆိုတဲ့ ဆုံမှတ်ကို ရွေးချယ်ကြရမယ့်အချိန်ရောက်နေပါပြီ။ ရခိုင်ပြည်နယ်အတွက် လူမျိုးဘာသာစုံ မြန်မာနိုင်ငံသား ကျုပ်တို့အားလုံးပဲ ရွေးချယ်ကြရမှာဖြစ်ပါတယ်။
ဒါကို မြန်မြန် ဆုံးဖြတ်နိုင်ရင် ကျန်တဲ့အရာတွေကို မြန်မြန် စလုပ်နိုင်ပါလိမ့်မယ်။ မြန်မြန်စလုပ်နိုင်ရင် တစ်နေရာတည်းမှာ တိုင်ပတ်မနေပဲ ကျုပ်တို့တပြည်လုံး တိုးတက်မှုအတွက် အရှိန်အဟုန်
မြှင့်တင်လို့ရပါပြီ။
မိတ်ဆွေများအားလုံး နိုင်ငံတော် တိုးတက်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို တစ်ဖက်တစ်လမ်းက ဝိုင်းဝန်းကူညီနိုင်တဲ့ နိုင်ငံ့သားကောင်းများ ဖြစ်ကြပါစေလို့ လေးစားစွာ ဆုတောင်း မေတ္တာပို့သ လိုက်ပါတယ်ဗျာ .. ။ ။
လေးစားလျှက်
အောင်ကြီး
(Cartoon credit to ATH)
LikeShow more reactions
Comm

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video