လှည့်ကွက်တွေကို သတိထား ဒီဇင်ဘာ ၂၆ ဆိုရေးရှိက ဆိုရပါတော့မည်။ ရေးရေးရှိက ရေးရပါတော့မည်။ လူအများ ကြိုက်နှစ်သက်ချင်မှ ကြိုက်မည်၊ သို့သော် အမှန်တရားတခုကို ထောက်ပြ ပါရစေခင်ဗျား။ အကြောင်း ကတော့ ဆင့်ပွား တွေးခေါ်မှုမှ စသည်။ ဘာကို ဆင့်ပွား တွေးခေါ် မိသနည်းဟူမူ စာရေးဆရာ ထင်လင်းဦးကို တရားစွဲခြင်းမှ စသည်။ အများသိကြသည့်အတိုင်း ဖြစ်စဉ်မှာ ၂၀၁၄ အောက်တိုဘာ ၂၃ ရက်နေ့က စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင်ပြုလုပ်ခဲ့သော ဦးဝိစာရနေ့ အထိမ်းအမှတ် စာပေဟော ပြောပွဲတွင်