ဒီဇင်ဘာ ၂၄
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်း ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့က အဖွဲ့ဝင်သုံးဦးပါ ကော်မရှင်ဖွဲ့စည်း ဆောင်ရွက်နေတယ်လို့ စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စစ်ကိုင်းတိုင်း ဒေသကြီး တာဝန်ရှိသူတွေနဲ့ ဒီကနေ့ တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။
နေစစ်ကိုင်းတိုင်း ဒေသကြီးအစိုးရ ညွန်ကြားရေးမှူး ဦးကျော်သူအောင်။ ခရိုင်ဥပဒေအရာရှိနဲ့ ဒုရဲမှူးကြီးတဦးပါ ကော်မရှင်အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ထားတယ်လို့ ပြောကြောင်း ဒီတွေ့ဆုံရာမှာပါဝင်တဲ့ လွတ်တော်အမတ် ဒေါက်တာမြင့်နိုင်က ပြောပါတယ်။ ကော်မရှင်က အစီရင်ခံစာကို နှစ်ပတ်အတွင်း တင်သွင်းဖို့ စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။ ခြံစည်းရိုးခတ်မှုကို ဒီအသုတ်မှာ ရပ်တန့်ထားလိုက်ပြီဖြစ်ပြီး သေဆုံးသူ၊ ဒဏ်ရာရသူတွေအတွက် နစ်နာကြေးပေးရေး စီစဉ်ထားချက်တွေကို ဦးသာအေးက ပြောဆိုခဲ့ပါတယ်။
အာဏာပိုင်နဲ့ ပြည်သူတွေရဲ့ ပလိပက်ခတွေမှာ လက်နက်နဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေကို ကန့်ကွက်ရှုတ်ချကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အဓိကရုဏ်းဖြစ်စဉ်ကို စုံ စမ်းဖော်ထုတ်ပေးဖို့နဲ့ လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာပါအချက်တွေကို လေးစာလိုက်နာ အကောင်အထည်ဖော်ပေးဖို့ တိုက်တွန်းထားပါတယ်။ DVB TV - 24.12.2014
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

Comments
Post a Comment