Skip to main content

ပြန်ကြားရေးဝန်ကြီးဋ္ဌာန က ထုတ်ပြန်တဲ့ လက်ပံတောင်းကိစ္စ

ဒီဇင်ဘာ ၂၃

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ခြံစည်းရိုး တိုးချဲ့ကာရံရေးဆောင်ရွက်မှု တားဆီးနှောင့်ယှက်ခံရ 

နေပြည်တော် ဒီဇင်ဘာ ၂၂ 

 စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ခြံစည်းရိုး တိုးချဲ့ ကာရံရေးလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီခွဲက အဖွဲ့(၃)ဖွဲ့ခွဲ၍ စတင်ဆောင်ရွက်ခဲ့သည်။ 

အဖွဲ့(၃) သည် ယာယီခြံစည်းရိုး တိုးချဲ့ကာရံမည့် အင်ကြင်းတောင်အနီးသို့ အရောက်တွင် ရွာသူ ရွာသား ၁၀၀ ခန့်အနက်မှ ရွာသား ၃၀ ခန့်က မြေထိုးယာဉ်ရှေ့၌ ဝမ်းလျားမှောက်လျက် တားဆီးမှုများ ပြုလုပ်ခဲ့ ကြသည်။ 

အလားတူအဖွဲ့(၂)သည် လိပ်ခွံ တောင် အနောက်ဘက်အနီးတွင် မိုးကြိုးပြင်ရွာမှ ဒေါ်ဝ(၃၇)နှစ်ပါ ရွာသူ ရွာသား ၂၀ ခန့်၏ တားဆီး နှောင့်ယှက်မှုခံခဲ့ရပြီး မိုးကြိုးပြင် ရဲကင်းအနီးမှ စတင်၍ ခြံစည်းရိုး တိုးချဲ့ ကာရံခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အဖွဲ့(၁) ကိုလည်း ဒေါ်ဝ ပါ ရွာသူရွာသား ၃၀ က လာရောက်ဟန့်တားသဖြင့် လုပ်ငန်းခေတ္တရပ်နားခဲ့ရသည်။ 

 ထို့နောက် အဖွဲ့(၂)သည် လုပ်ငန်းခွင် ဆောင်ရွက်မည့်နေရာသို့ သွားရောက်စဉ် အတူပါရှိလာသည့် မြေကော်ယာဉ်နှင့် မြေထိုးယာဉ်တို့ကို ဟန့်တားသည့်လူစုမှ ရွာသား ၁၅ ဦးခန့်က ဘန်ကာစိမ်းရဲကင်းနှင့် လိပ် ခွံတောင်ကြားမှ လေးခွများဖြင့် အနီးကပ်ပစ်ခတ် အကြမ်းဖက်လာ သဖြင့် ကွပ်ကဲရေးအဖွဲ့က နှုတ်ဖြင့် သတိပေးပြီး အဓိကရုဏ်းနှိမ်နင်းရေး လက်နက်ဖြစ်သည့် ၁၂ ဗို့ပြောင်း ချောသေနတ်ဖြင့် သုံးချက်ခြောက် လှန့်ပစ်ခတ်တားဆီးရာ ရွာသားများ လူစုခွဲ ဆုတ်ခွာသွားခဲ့ကြသည်။ 

 နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် အဖွဲ့(၁) ခြံစည်းရိုးကာရံခြင်း လုပ်ငန်းခွင်နေရာသို့ တုံရွာနေ ဒေါ်သန်းမြ ဦးဆောင်ပြီး ရွာသူရွာသား ၄၀ ခန့်လာရောက်၍ ဟန့်တားမှုများ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူက ဆွေးနွေးဖြေ လျှော့မှုများ ဆောင်ရွက်ခဲ့သော်လည်း ရွာသူရွာသားများက လက်မခံဘဲ တင်းမာစွာပြောဆိုခဲ့ကြသည်။ 

အင်ကြင်းတောင်အနီး ခြံစည်း ရိုးကာရံနိုင်ရေး ပြင်ဆင်နေသည့် အဖွဲ့(၃)နေရာ၌ ဟန့်တားနှောင့် ယှက်နေကြသော ရွာသူရွာသား ၁၀၀ ခန့်အား တင်းမာမှုများ ဖြေလျှော့ ဆောင်ရွက်ခဲ့သော်လည်း အဆိုပါ လူအုပ်စုမှ ခြံစည်းရိုးကာရံသည့် လုပ်ငန်းခွင်သုံး အချက်ပြအလံတိုင် ငယ်များကို အလုပ်သမားများထံမှ အတင်းဝင်ရောက်လုယူပြီး မီးရှို့ဖျက် ဆီးကာ လုပ်သား ၁၀ ဦးကို ဝိုင်းဝန်း ပိတ်ဆို့ထိန်းသိမ်းထားခဲ့ကြ သည်။ 

နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ထိန်းသိမ်းထားသော လုပ်သား ၁၀ ဦး ပြန်လွှတ်ပေးရန် လုံခြုံရေးအဖွဲ့ များက တောင်းဆိုခဲ့ရာ အဆိုပါရွာသူ ရွာသားများမှာ ခြံစည်းရိုးတိုးချဲ့ကာရံရာတွင် အသုံးပြုနေသော ယာဉ်၊ ယန္တရားများ ပြန်လည်ဆုတ်ခွာပေးရန် ပြန်လည်တောင်းဆိုခဲ့၍ တာဝန်ရှိ သူများက တင်းမာမှုများကို ညှိနှိုင်း မရဘဲ အန္တရာယ်ဖြစ်မည့်အခြေအနေ အထိ ရောက်ရှိလာသောကြောင့် အဓိကရုဏ်းနှိမ်နင်းရေး လက်နက်ဖြစ် သည့် ၁၂ ဗို့ပြောင်းချောသေနတ်ဖြင့်ထပ်မံ၍ ရှစ်ချက်ပစ်ခတ် လူစုခွဲခဲ့ရသည်။ 

ထို့နောက် ခြံစည်းရိုးတိုးချဲ့ကာရံသည့် လုပ်ငန်းခွင်သို့ ပါရှိလာသည့်ယာဉ် ယန္တရားများကို မိုးကြိုးပြင် အလယ်ရွာနေ ရွာသူရွာသား ၂၀ ခန့်က လိပ်ခွံတောင်စောင်းပေါ်မှ လေးခွများဖြင့် ပစ်ခတ်ဟန့်တားခဲ့ရာ သံဆူးကြိုးလိပ်များ တင်ဆောင်လာသည့် ခြောက်ဘီးယာဉ်၏ ရှေ့ခန်း ဝဲဘက်ခြမ်းတံခါးမှန် ထိမှန်ပျက်စီးခဲ့ သဖြင့်လုံခြုံရေးအဖွဲ့က အဓိကရုဏ်းနှိမ်နင်းရေးလက်နက်ဖြစ်သည့် ၁၂ ဗို့ ပြောင်းချောသေနတ်ဖြင့် လေးချက် ပစ်ခတ်၍ ထပ်မံလူစုခွဲခဲ့ရသည်။ 

အဆိုပါဖြစ်စဉ်တွင် ထိန်းသိမ်း ခံထားရသော လုပ်သား ၁၀ ဦးအား ကောင်းမွန်စွာ ပြန်လည်ကယ်တင်နိုင် ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၁ ဦးနှင့် ရွာသားကိုးဦး ဒဏ်ရာရရှိခဲ့ကာ မိုးကြိုးပြင် အလယ်ရွာနေ ဒေါ်ခင်ဝင်းဒဏ်ရာရ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ 


ပြန်ကြားရေး ၀န်ကြီးဋ္ဌာန မှ ထုတ်ပြန်ချက်ကို ပြန်လည် ကူးယူဖော်ပြထားပါသည်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...