Skip to main content

Posts

ကာလုံဆိုသည်မှာ

အခုတလော ရခိုင်ပြည်နယ် နယ်စပ် ဘူးသီးတောင် မောင်တော ဒေသ မှာ ဖြစ်ပွါးနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှု တွေကို အကြောင်းပြုလို့ အစိုးရကို ကာလုံ အစည်းအဝေး မခေါ်ရ ကောင်းလား ဆိုပြီး ပြောဆို ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ တဆက်ထဲမှာပဲ မကြာသေးမီက သမ္မတ ဦးထင်ကျော် ဦးဆောင် ပြီး ကာကွယ်ရေး ဦးစီးချုပ် နဲ့ အခြား ဝန်ကြီးတွေ ပါဝင် ကျင်းပ ခဲ့ တဲ့ ရခိုင် ကိစ္စ အပါအဝင် အမျိုးသား ကာကွယ်ရေး နဲ့ လုံခြုံရေး ကိစ္စတွေ နဲ့ ပတ်သက်တဲ့ အဆင့်မြင့် အစည်းအဝေး တရပ်ကို ကာလုံ အစည်းအဝေး ရယ်လို့ ထင်မြင်ယူဆ ပြောဆိုနေတာမျိုးတွေလည်း တွေ့ရပါတယ် ။ ဒါကြောင့် လူအများ စိတ်ဝင်တစား ပြောဆို တောင့်တ နေကြ တဲ့ ကာလုံ ဆိုတာ ဘာလဲ လို့ ကျွန်တော်လေ့လာကြည့်ပါတယ် ။ ပထမဆုံး ကာလုံ အစည်းအဝေး ခေါ်သင့်တယ်လို့ လိုလားပြောဆိုနေကြတဲ့ သဘောကို လေ့လာကြည့်တဲ့ အခါ အများစုက ကာလုံ ကို ဘယ်လို

ဗိုလ်ချုပ်မှူးကြီးအမြင်

ဦးသန်းလွင်ထွန်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဗွီအိုအေမြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်း (ယာ) တို့ သီးသန့်အင်တာဗျူး (နိုဝင်ဘာ ၂၂၊ ၂၀၁၄) ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဗွီအိုအေမြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်း (ယာ) တို့ သီးသန့်အင်တာဗျူး (နိုဝင်ဘာ ၂၂၊ ၂၀၁၄) နိုဝင်ဘာလ (၁၉) ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကချင်၊ လိုင်ဇာ ဗိုလ်သင်တန်းကျောင်းကို တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုဟာ ဒီ့မတိုင်မီ ရက်ပိုင်းအတွင်း ကချင်ဘက်က ထိပါးတိုက်ခိုက်မှုတွေအပေါ် စစ်ရေးသဘောတရားအရ သတိပေးတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဗွီအိုအေနဲ့ တွေ့ဆုံစဉ်မှာပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ စိုးရိမ်စရာပြန်ဖြစ်လာနေတဲ့ တိုင်းရင်းသား ပဋိပက္ခများ အရေးနဲ့ပတ်သတ်ပြီး ဗိုလ်ချုပ်မှူးကြီးနဲ့ ဗွီအိုအေမြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းတို့ သီးသန့်မေးမြန်းထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ နှင့် ချင်းအမျိုးသား တပ်ဦး တို့၏ ဒုတိယအကြိမ် တွေ့ဆုံညှိုနှိုင်းမှုအပြီး နှစ်ဘက်လက်မှတ်ရေးထိုးသည့် သဘောတူညီချက်

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် အနှစ် (၆၀) ကျော်ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများကို ချုပ်ငြိမ်းစေလျက် ရေရှည် တည်တံခိုင် မြဲသော ငြိမ်း ချမ်းရေးကို တည်ဆောက်နိုင်ခြင်းအလို့ငှာ အောက်ပါ အဆင့်သုံးဆင့်ပါဝင်သော ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြည်ထောင်စု ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ချင်းအမျိုးသားတပ်ဦးတို့က နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူ ကြပါသည်။ (က) စစ်ရေးအပါအဝင် ရန်မူပစ်ခတ် တိုက်ခိုက်မှုများကိုရပ်ဆိုင်းခြင်း၊ (ခ) ပြည်ထောင်စုအဆင့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများကျင်းပခြင်း၊ (ဂ) ပင်လုံစိတ်ဓါတ်ကိုအခြေခံသည့် ပြည်ထောင်စုညီလာခံကြီးတစ်ရပ်ကျင်းပ၍ “ပြည်ထောင်စု သဘောတူစာချုပ်” တစ်ရပ်ကို ပြည်ထောင်စုအစိုးရနှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံညီညွတ်စွာ လက်မှတ်ရေးထိုးနိုင်သည်အထိ ဆက်လက်ဆောင်ရွက်ခြင်း။ ၂၀၁၂ ခုနှစ်၊ ဇန္နဝါရီလ (၆) ရက်နေ့တွင် ဟားခါးမြို့၌ ချင်းပြည်နယ်အစိုးရနှင့် ချင်းအမျိုးသား တပ်ဦးတို့အကြား အချက် (၉)ချက် ပါဝင်သော အပစ်အ ခတ် ရပ်စဲရေးသဘောတူညီချက်ကို လည်းကောင်း၊ ၂၀၁၂ ခုနှစ် မေလ (၇) ရက်နေ့တွင်

တွေ့ဆုံဆွေးနွေးရေးနှင့် ငြိမ်းချမ်းရေးမူ

လက်ရှိနိုင်ငံရေးသုံးသပ်ချက်စာတမ်း အမှတ် (၄) ၂ဝ၁၂ ခုနှစ် ဧပြီလ တွေ့ဆုံဆွေးနွေးရေးနှင့် ငြိမ်းချမ်းရေးမူ (အပစ်အခတ်ရပ်စဲရေးမှ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဆီသို့) သက္ကရာဇ် ၂ဝ၁၁ ခုနှစ် သြဂုတ်လ (၁၈) ရက် နေ့စွဲဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့မှ ကြေညာချက် ၁/၂ဝ၁၁ ဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား “ငြိမ်းချမ်းရေးဆွေးနွေးရန်” ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပါသည်။ ထို ကမ်းလှမ်းချက်တွင် - ( ၁ )   နိုင်ငံတော်အစိုးရသည် ဒို့တာ ဝ န်အရေးသုံးပါးကိုထိန်းသိမ်းြ ပီးအေးချမ်းသာယာ၍ ဖွံ့ြ ဖိုးတိုးတက်သော နို င်ငံတော်ကို တည်ဆောက်ရန် အတွက် နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်ပဋိပက္ခများချုပ်ြ ငိမ်းြ ပီး ပြည်တွင်းြ ငိမ်းချမ်းရေးကို တည်ဆောက်ကာ နေရာဒေသအနှံ့ ဖွံ့ြ ဖိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံတော်နှင့် ပြည်သူတရပ်လုံး ပူးပေါင်းတည် ဆောက်သွားရန် အထူးပင်လိုအပ်သည်ဟု ယုံကြည် ပါသည်။ ( ၂ )   လက်နက်ကိုင်ပဋိပက္ခများဖြေရှင်းြ ပီးြ ငိမ်းချမ်းရေးဖော် ဆောင်လိုသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများသည် မိမိတို့ တဖွဲ့ချင်းအလိုက် ...

ဒုတိယအကြိမ် ပင်လုံကြိုဆိုထောက်ခံပွဲတွင် အနုပညာရှင်များကူညီမည်

ကန့်သတ်စစ်ပွဲ နိုင်ငံရေး အရှုံးအမြတ် ဘယ်လို ရှိမလဲ

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ကစ KIA ကချင်လွတ်လပ်ရေး တပ်မတော် ဦးဆောင် တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ချို့ဟာ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း တရုတ်နယ်စပ် မူဆယ်နဲ့ ကွတ်ခိုင် ဧရိယာကို တပြိုင်နက်တည်း ၀င်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ မြောက်ပိုင်း မဟာမိတ်အဖွဲ့လို့လည်းခေါ်ကြတဲ့ အဲဒီ လက်နက် ကိုင်အဖွဲ့တွေဟာ တပ်မတော် တပ်စခန်းတွေ၊ ရဲကင်းစခန်းတွေကို တိုက်ခိုက်ကြ ရုံမက မူဆယ်၁၀၅ မိုင် ကုန်သွယ်ရေးဇုံကိုပါ ပစ်မှတ်ထားတိုက်ခိုက်ပြီး လမ်းတံ တားတွေကိုလည်း ချိုးဖျက်တာ တွေ့ကြရပါတယ်။ ဒီ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး

စက်မှု့ ဝန်ကြီးဦးခင်မောင်ချို -အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်တို့နှင့်တွေ့ ဆုံပွဲ

၂၁ ရာစု ပင်လုံထောက်ခံကြိုဆိုရေးအဖွဲ့မှ တာဝန်ရှိသူများမှ စီစဉ်သော  မြန်မာမိသားစုဝင်များနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှုဝန်ကြီး ဦးခင်မောင်ချို အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်နှင့် အဖွဲအား နိုင်ဝင်ဘာလ ၂၄၊ ၂၀၁၆ ညနေက 5 Osborne Ave, Springvale တွင် တွေ့ဆုံခဲ့ကြပါသည်၊ ညနေ ၆ နာရီတွင် စတင်ခဲ့ပြီး ၉း ၃၀ တွင် ပြီးဆုံးခဲ့ပ့ါသည်။ အခန်းအနားမှုးအဖြစ် အန်တီ ဒေါ်ချောပိုနှင့် ချင်းသမီးငယ်လေးတို့မှ ဆောက်ရွက်ခဲ့ပြီး NSAဥက္ကဌ ဦးလှဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ၀န်ကြီးမှ လက်ရှိဆောင်ရွက်လျှက်ရှိသော လုပ်ငန်းများကိုရှင်းလင်းပြခဲ့ပြီး မြန်မာနိုင်ငံသားများမှာ မေးခွန်းများကို ပြန်လည်ဖြေကြားမှု အစီအစဉ်များပြုလုပ်ခဲ့ပြီး အခန်းအနာကို ၉း၃၀ တွင်ရုပ်သိမ်းခဲ့ပါသည်။

မြန်မာ့ကြွေးမြီတွေပြန်ဆပ်ဖို့ အလားအလာကောင်းမွန်

မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် မတိုင်ခင်က ကြွေးမြီသန်းပေါင်း ခြောက်ထောင်လောက် ရှိသလို ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ သန်းပေါင်း ငါးထောင်ကျော် တင်နေသေးတယ်လို့ ဘဏ္ဍာအခွန် ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က တနင်္ဂနွေနေ့က နေပြည်တော် စက်မှုဝန်ကြီးဌာနမှာလုပ်တဲ့ ၀န်ကြီးဌာနနဲ့ မီဒီယာတွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။ မကြာသေးခင်က မြီရှင်နိုင်ငံတွေအားလုံးပါဝင်တဲ့အဖွဲ့ဖြစ်တဲ့ Paris Club ကို တင်ရှိနေတဲ့ ကြွေးမြီတ၀က်ကျော်

Viber အသုံးပြု၍ ဆော်ဒီ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်အပါအ၀င် နိုင်ငံတကာရှိ အစွန်းရောက် လှုပ်ရှားသူများပါဝင်သည့် Rohingya Muslim Group သို့ သတင်းပေးပို့သူတစ်ဦးအား ဘူးသီးတောင်မြို့နယ်တွင် ဖမ်းဆီးရမိ

ဘူးသီးတောင်မြို့နယ်၊ ကျောက်ဖြူသားသေခံရွာ၌ Viber Group တွင် အသံဖိုင်ဖြင့် သတင်းဖြန့်ဝေသူ ရာမောက်ကူလာအား တွေ့ရစဉ် (Photo : State Counsellor Office Information Committee) Viber အသုံးပြု၍ ဆော်ဒီအာရေးဗီးယား၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား နှင့် အိန္ဒိယနိုင်ငံများအပါအ၀င် နိုင်ငံတကာရှိ  အစွန်းရောက် လှုပ်ရှားသူများပါဝင်သည့် Rohingya Muslim Group သို့ သတင်းပေးပို့ သူတစ်ဦးအား ဘူးသီးတောင်မြို့နယ်တွင်

Rule-Regulation-NSA

Rule-Regulation-NSA NLD Solidarity Association (Australia) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မိတ်ဆွေများအသင်း (သြစတြေးလျ)   ဖွဲ့စည်းပုံနှင့်စည်းမျဉ်း၊စည်းကမ်း နိဒါန်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လတ်ွမြောက်နယ်မြေအား ထိုင်း-မြန်မာနယ်စပ်ရှိ ထိုစဉ်က ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဌာနချုပ် မာနယ်ပလောတငွ် ၁၉၉၁ ခုနှစ်၊ ဇန်န၀ါရီလ (၂၀) ရက်က ဖွဲ့စည်းတည်ထောင်ခဲ့ပြီး သြစတြေးလျနိုင်ငံတငွ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လတ်ွမြောက်နယ်မြေ (သြစတြေးလျဌာနခွဲ) အား ၁၉၉၇ ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်နေ့မှာ စတင် ဖွဲ့စည်း တည်ထောင်၍ လှုပ်ရှားခဲ့ကြသည်။ ၂၀၁၃ ခုနှစ်၊ မတ်လတငွ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လတ်ွမြောက်နယ်မြေမှ ကိုယ်စား လှယ်အဖွဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို) မှ ဥက္ကဌဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနေွး ခွင့်ရခဲ့ကြသည်။ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗဟို ခေါင်းဆောင်များ၏ ထိုခရီးစဉ်အတငွ်း သဘောထားနှင့် အကြံပြုချက်များအပေါ်အခြေခံလျက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လတ်ွမြောက်နယ်မြေ (သြစတြေးလျဌာနခွဲ) အား ၂၀၁၄ ခုနှစ်၊ အေပြီလ (၂၆) ရက်နေ့စ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ခ...