Viber အသုံးပြု၍ ဆော်ဒီ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်အပါအ၀င် နိုင်ငံတကာရှိ အစွန်းရောက် လှုပ်ရှားသူများပါဝင်သည့် Rohingya Muslim Group သို့ သတင်းပေးပို့သူတစ်ဦးအား ဘူးသီးတောင်မြို့နယ်တွင် ဖမ်းဆီးရမိ
ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင် ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက နိုဝင်ဘာ ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဘူးသီးတောင်မြို့နယ် ကျောက်ဖြူသား သေကံကျေးရွာနေ ရာမောက်တူလာ (၂၁နှစ်) (ဘ) မာမောက်ဟာရှေးသည် ဘူးသီးတောင်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့များက အစ္စလာမ်ဘာသာဝင်များအား ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်နေသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ဆော်ဒီနိုင်ငံများရှိ အစွန်းရောက်များထံ မဟုတ်မမှန်သတင်းများ ပေးပို့နေကြောင်း သတင်းရရှိသဖြင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ တာဝန်ရှိသူများက ရာမောက်တူလာ၏ နေအိမ်သို့ နိုဝင်ဘာ ၁၇ ရက် နံနက် ၉ နာရီတွင် သွားရောက်စစ်ဆေးခဲ့သည်။ထိုသို့စစ်ဆေးရာတွင် ရာမောက်တူ လာကိုင်ဆောင်သည့် လက်ကိုင်ဖုန်းအတွင်း Rohingya Muslim Group အမည်ဖြင့် Viber Group တစ်ခု တွေ့ရှိရပြီး ယင်း Group တွင် “ဘူးသီးတောင်မြို့နယ် အတွင်းရှိ ဘင်္ဂါလီလူမျိုးများအား စစ်တပ်နှင့်ရဲများ ပူးပေါင်းကာ သတ်ဖြတ်နေကြသဖြင့် ကူညီပေးကြရန်” ရာမောက်တူလာက ဘင်္ဂါလီစကားဖြင့် ပြောဆိုထားသည့် အသံဖိုင်ကို တွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ရာမောက်တူလာအား ဆက်လက်စစ်ဆေးရာ ပဏာမ စစ်ဆေးမေးမြန်းချက်များအရ လွန်ခဲ့သော နှစ်လခန့်က ကျောက်ဖြူသား သေကံကျေးရွာသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မော်လ၀ီ မာမွတ်ရှား (ဘ) အီမန်ဟူကိန်း (ကျောက်ဖြူသား သေကံရွာသား) က ရွာမှ အခြားမော်လ၀ီများနှင့် ရာမောက်တူလာအား Viber ဖွင့်ပေးခြင်း၊ Group အတွင်း သတင်းတင်ခြင်းများ သင်ကြားပေးခဲ့ကြောင်း၊ ရာမောက်တူလာက Group အတွင်းသို့ အခြားရွာသားများအား ဆက်လက်ထည့်သွင်း ပေးခဲ့ကြောင်းနှင့် ၎င်း Group ထဲတွင် ဆော်ဒီ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနှင့် အိန္ဒိယနိုင်ငံများ အပါအ၀င် နိုင်ငံတကာရှိ အစွန်းရောက်လှုပ်ရှားသူများ ဆက်သွယ်ပါဝင်ကြောင်း တွေ့ရှိရသည်။
ထို့ပြင် ယင်း Viber Group တွင် ပါဝင်သူများသည် ယုံကြည်ချက် အစွန်းရောက်သူများဖြစ်ကြပြီး အဆိုပါ Viber Group တွင် အစိုးရကို တိုက်ခိုက်ရန်၊ ဖျက်ဆီးရန်နှင့် ၎င်းဒေသရှိ တရားမ၀င် ၀င်ရောက်နေထိုင်သူ မူဆလင်များ နိုင်ငံသားဖြစ်ရေး ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။
အဆိုပါ Rohingya Muslim Group သည် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် အခြေစိုက်ဖွဲ့စည်းထားသော ရိုဟင်ဂျာအာ ရေဗွီးရှင်းသတင်းဌာနနှင့် ဆက်သွယ်ဆောင်ရွက်မှုများ ပြုလုပ်ထားပြီး နိုင်ငံတကာရှိ အစ္စလာမ် အစွန်းရောက်များထံမှ လိုအပ်သော အကူအညီများရရှိရေးအတွက် အဆက်အသွယ် ပြုလုပ်လျက်ရှိကြောင်း၊ ၂၀၁၆ ခုနှစ် ဇွန်လမှ အကြမ်းဖက်မှုဖြစ်စဉ် ဖြစ်ပွားသည်အထိ ပြည်ပမှငွေကြေး အကူအညီများ လွှဲပြောင်းပေးအပ်မှုများအား Viber group မှတစ်ဆင့် အကြောင်းကြား အသိပေးလေ့ရှိကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သတင်းထုတ်ပြန်ခဲ့သည်
Comments
Post a Comment