၂၁ ရာစု ပင်လုံထောက်ခံကြိုဆိုရေးအဖွဲ့မှ တာဝန်ရှိသူများမှ စီစဉ်သော မြန်မာမိသားစုဝင်များနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှုဝန်ကြီး ဦးခင်မောင်ချို အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်နှင့် အဖွဲအား နိုင်ဝင်ဘာလ ၂၄၊ ၂၀၁၆ ညနေက 5 Osborne Ave, Springvale တွင် တွေ့ဆုံခဲ့ကြပါသည်၊ ညနေ ၆ နာရီတွင် စတင်ခဲ့ပြီး ၉း ၃၀ တွင် ပြီးဆုံးခဲ့ပ့ါသည်။ အခန်းအနားမှုးအဖြစ် အန်တီ ဒေါ်ချောပိုနှင့် ချင်းသမီးငယ်လေးတို့မှ ဆောက်ရွက်ခဲ့ပြီး NSAဥက္ကဌ ဦးလှဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ၀န်ကြီးမှ လက်ရှိဆောင်ရွက်လျှက်ရှိသော လုပ်ငန်းများကိုရှင်းလင်းပြခဲ့ပြီး မြန်မာနိုင်ငံသားများမှာ မေးခွန်းများကို ပြန်လည်ဖြေကြားမှု အစီအစဉ်များပြုလုပ်ခဲ့ပြီး အခန်းအနာကို ၉း၃၀ တွင်ရုပ်သိမ်းခဲ့ပါသည်။
ပည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးခင်မောင်ချို၊ အမြဲတန်းအတွင်းဝန်၊ မြန်မာ့ဆေးဝါးစက်ရုံ စက်ရုံမှုးများ ပါဝင်သောအဖွဲ့ နှင့် သြစတြေးလျနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူများ လိုက်ပါလာသောအဖွဲ့ မှ သြစတြေးလျနိုင်ငံ၊ မဲလ်ဘန်းမြို့ ရှိ မြန်မာမိသားစုများနှင့် တွေ့ ဆုံခဲ့ကာ စက်မှုဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ မြန်မာ့ဆေးဝါးစက်ရုံ၏ စီမံကိန်းများအကြောင်း၊ စီစဉ်ဆောင်ရွက်လျက်ရှိသော နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြကာ လက်ရှိ မြန်မာနိုင်ငံအခြေအနေများအားလည်း ပြောဆိုခဲ့ကြပါတယ်။

MPF ခေါ် ယခင် BPI မြန်မာဆေးဝါးစက်ရုံ၏ ဆေးဝါးထုတ်လုပ်မှုအခြေအနေများနှင့်
မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှု တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက်
သြစတြေးလျနိုင်ငံမှ ကျွမ်းကျင်သူ အတတ်ပညာရှင် ပရောဖက်ဆာ ဒေါက်တာများ၏
ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသော စီမံကိန်းများနှင့် ထောက်ပံ့မှုများအား
အကျယ်တ၀န့် ရှင်းလင်းပြောဆိုခဲ့ကြပါတယ်။
ထို့ အတူ စက်မှုလုပ်ငန်းများနှင့် အတွေ့ အကြုံ ပညာရပ်ပိုင်းဆိုင်ရာကိစ္စရပ်များတွင် ပြည်ပနိုင်ငံများသို့  ရောက်ရှိနေကြသော မြန်မာလူမျိုးများ၏ ကူညီပံ့ပိုးမှု ၀ိုင်းဝန်းဆောင်ရွက်မှုများအားလည်း ဖိတ်ခေါ်ခဲ့ကြပါတယ်။

Comments
Post a Comment