Rule-Regulation-NSA
NLD Solidarity Association (Australia)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မိတ်ဆွေများအသင်း
(ၾသစေၾတးလ်)
ဖွဲ့စည်းပုံနှင့်စည်းမျဉ်း၊စည်းကမ်း နိဒါန်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လတ်ွမြောက်နယ်မြေအား
ထိုင်း-မြန်မာနယ်စပ်ရှိ ထိုစဉ်က ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဌာနချုပ် မာနယ်ပလောတငွ
် ၁၉၉၁ ခုနှစ်၊ ဇန်န၀ါရီလ (၂၀) ရက်က ဖွဲ့စည်းတည်ထောင်ခဲ့ပြီး သြစတြေးလျနိုင်ငံတငွ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လတ်ွမြောက်နယ်မြေ (သြစတြေးလျဌာနခွဲ) အား ၁၉၉၇ ခုနှစ်၊
ဇန်န၀ါရီလ (၄) ရက်နေ့မှာ စတင် ဖွဲ့စည်း တည်ထောင်၍ လှုပ်ရှားခဲ့ကြသည်။
၂၀၁၃ ခုနှစ်၊ မတ်လတငွ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လတ်ွမြောက်နယ်မြေမှ
ကိုယ်စား လှယ်အဖွဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို) မှ ဥက္ကဌဒေါ်အောင်ဆန်းစုကြည်အပါအ၀င်
ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနေွး ခွင့်ရခဲ့ကြသည်။ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်
ဗဟို ခေါင်းဆောင်များ၏ ထိုခရီးစဉ်အတငွ်း သဘောထားနှင့် အကြံပြုချက်များအပေါ်အခြေခံလျက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လတ်ွမြောက်နယ်မြေ (သြစတြေးလျဌာနခွဲ) အား ၂၀၁၄ ခုနှစ်၊
အေပြီလ (၂၆) ရက်နေ့စ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(သြစတြေးလျ) အဖြစ် အမည်ပြောင်းလဲ
ခဲ့သည်။
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နှင့် (၆) ရက်နေ့များတငွ
် သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်း မြို့တငွ်
ကျင်းပခဲ့သည့် NLD (Australia) ၏ ညီလာခံတငွ် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအ
နေများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အနေအထားတို့အပေါ်အလေးအနက်သုံးသပ်မှု့များအ
ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားများ အများစုပါဝင်သည့် လွှတ်တော်ပေါ်ပေါက်လာပြီးဖြစ်သည့်အတကွ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(သြစတြေးလျ) အား ဆက်လက်တည်ရှိရန် မလိုအပ်တော့ဟု ဆုံးဖြတ်ခြဲ့ကသည်။
သို့ရာတငွ် ၁၉၈၈ ခုနှစ်မှစ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များအဖြစ်
မြန်မာပြည်တငွ်းမှ သည် ထိုင်း-မြန်မာနယ်စပ်ဒေသများနှင့် နိုင်ငံတကာသို့ ရောက်သည်အထိ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အား သစ္စာရှိစွာ၊ တစိုက်မတ်မတ်ထောက်ခံ၊ ပံ့ပိုးကူညီခဲ့သော
ဤအင်အားစုအနေဖြင့် ဒီမို ကရေစီ၊ ဖက်ဒရယ်ပြည်ထောင်စု
ပေါ်ထနွ်းသည်အထိ မိမိတို့ရောက်ရာဒေသမှ တတ်စွမ်းသမျှ ဆက်လက်ဆောင်ရွက်သွားလိုကြသောဆန္ဒများ
ရှိကြသည်ဖြစ်သောကြောင့် ၂၀၁၆ ခုနှစ်၊ နိုဝင်
ဘာလ (၅) ရက်နှင့် (၆) ရက်နေ့များက ကျင်းပသည့် မဲလ်ဘုန်းညီလာခံမှ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် (သြစတြေးလျ) အား ဖျက်သိမ်းပြီး
NLD Solidarity Association (Australia)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မိတ်ဆွေများအသင်း (သြစတြေးလျ) ဟု ပြောင်းလဲ၊ ဖွဲ့စည်း တည်ထောင်လိုက်ပါသည်။
(၁) အမည်နှင့်အဓိပ္ပါယ်ဖွင့်ဆိုချက်
NLD Solidarity Association (Australia) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မိတ်ဆွေများအသင်း
(ၾသစေၾတးလ်)
(၂) ရည်မှန်းချက်
မြန်မာနိုင်ငံတငွ် ပြည်တငွ်းငြိမ်းချမ်းရေး ရရှိစေရန်၊
မြန်မာနိုင်ငံတငွ် စစ်အာဏာရှင်စံနစ် ချုပ်ငြိမ်းရန်၊
မြန်မာနိုင်ငံတငွ် စစ်မှန်သည့်ဒီမိုကရေစီစံနစ် ထနွ်းကားလာစေရန်၊
မြန်မာနိုင်ငံတငွ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာစေရန်၊
(၃) လုပ်ငန်းစဉ် အထက်ဖော်ပြပါ ရည်မှန်းချက်များအား အထောက်အကူပြုမည့်
နိုင်ငံရေး၊ လူမူ့ရေး လုပ်ငန်းများ အား သြစတြေးလျနိုင်ငံအခြေပြု၍ ဆောင်ရွက်ရန်။
(၄) စုဖွဲ့ပုံ
ဥက္ကဌ ဒု-ဥက္ကဌ
အထွေေ ထအွတငွ်းရေးမှုး
ဒေသဆိုင်ရာတာဝန်ခံများ၊ အတငွ်းရေးမှုးများ
ဘဏ္ဍာရေးဌာန
ပြန်ကြားရေးနှင့်သုတေသနဌာန
စည်းရုံးရေးနှင့်မဟာမိတ်ဆက်ဆံရေးဌာန အမျိုးသမီးဌာန
လူငယ်ဌာန
(၅) ညီလာခံ
(၂) နှစ်၊
တစ်ကြိမ်ကျင်းပသော ညီလာခံသည် NSA ၏ အမြင့်ဆုံးအာဏာပိုင်ဖြစ်သည်။ NSA ၏ နှစ်ပတ်လည်ညီလာခံသည်
ဒုတိယအမြင့်ဆုံးအာဏာပိုင် ဖြစ်သည်။ အလုပ်အမှု့ဆောင်ကော်မတီစုံညီအစည်းအဝေးသည် တတိယအမြင့်ဆုံးအာဏာပိုင်
ဖြစ်သည်။
(၆) ကော်မတီဝင်များ၏တာဝန်နှင့်လုပ်ပိုင်ခွင့်
ဥက္ကဌ ဥက္ကဌသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မိတ်ဆွေများအသင်း (သြစတြေးလျ) ၏ အဓိက တာဝန်
အရှိဆုံး ပုဂ္ဂိုလ် ဖြစ်သည်။ ဥက္ကဌသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မိတ်ဆွေများအသင်း
(သြစတြေးလျ) ၏ ရည်မှန်းချက် များကို မယိမ်းယိုင်အောင် ထိမ်းကြောင်းရန် တာဝန်ရှိသည်။
ဥက္ကသည် ပြည်တငွ်း NLD နှင့်ဆက်ဆံရေး၊ နိုင်ငံတကာရှိ NSA မဟာမိတ်များနှင့် ဆက်ဆံရေး
ကိစ္စရပ်များ တာဝန်ယူရမည်။ ဒု-ဥက္ကဌ ဒု-ဥက္ကဌသည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မိတ်ဆွေများအသင်း (သြစတြေးလျ) ၏ ဒုတိယ တာ
ဝန်အရှိဆုံး ပုဂ္ဂိုလ်
ဖြစ်သည်။ ဒု-ဥက္ကဌသည် အကြောင်းအမျိုးမျိုးကြောင့် ဥက္ကဌမရှိခိုက်တွင် ဥက္ကဌ၏တာဝန်များကို
ဥက္ကဌကိုယ် စား ဆောင်ရွက်ရမည်။ ဒု-ဥက္ကဌသည် ပြည်တငွ်း NLD နှင့် ဆက်ဆံရေး၊ နိုင်ငံတကာရှိ
NSA မဟာမိတ်များနှင့် ဆက်ဆံ
ရေးကိစ္စရပ်များကို ဥက္ကဌနှင့်အတူ တာဝန်ယူရမည်။ အထွေထွေအတွင်းရေးမှုး အထွေေ ထအွတငွ်းရေးမှုးသည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မိတ်ဆွေများအသင်း (သြစတြေးလျ) ၏ ညီလာခံက ချမှတ်ထားသော
ဌာနဆိုင်ရာလုပ်ငန်းတာဝန်များ အကောင်အထည်ပေါ် ပြီးမြောက် အောင် တာဝန်ယူ၊ ကြီးကြပ် ဆောင်ရွက်ရမည်။
ဒေသဆိုင်ရာတာဝန်ခံများ၊ အတငွ်းရေးမှူများ၏
လုပ်ငန်းတာဝန်များ အဆင်ပြေ၊ ချောမွေ့စေရန် ဆက်စပ်၊ ညှိနိုင်း ဆောင်ရွက်ရမည်။
အထွေေ ထအွတငွ်းရေးမူးသည် ဗဟိုအလုပ်အမှု့ဆောင်အဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်များနှင့်
အညီ အစည်းအဝေးများခေါ်ယူ၊ ဖြစ်မြောက်ရေး တာဝန်ယူ ဆောင်ရွက်ရမည်။
ဒေသဆိုင်ရာတာဝန်ခံများ၊ အတွင်းရေးမှုးများ
ဒေသဆိုင်ရာတာဝန်ခံများသည် အတငွ်းရေးမှုးများအဖွဲ့ဝင်များ ဖြစ်ကြသည်။
ဒေသဆိုင်ရာတာဝန်ခံများသည် သက်ဆိုင်ရာဒေသ၏ နိုင်ငံရေး၊ လူမှု့ရေးကိစ္စရပ်များကို
တာဝန်ခံ
ဆောင်ရွက်ရမည်။ ဘဏ္ဍာရေးဌာန ဘဏ္ဍာရေးဌာနတာဝန်ခံနှင့် ဒေသဆိုင်ရာ ဘဏ္ဍာရေးတာဝန်ခံများ
သည် ဗဟိုအလုပ်အမှု့ဆောင် အဖွဲ့ကချမှတ်ထားသော လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတကွ်
ရံပုံငွေ ရှာဖွေနိုင်သည်။
ဘဏ္ဍာရေးဌာနတာဝန်ခံနှင့် ဒေသဆိုင်ရာဘဏ္ဍာရေးတာဝန်ခံများသည် ဘဏ္ဍာငွေ
ရ၊သုံးစာရင်း များကို တိကျစွာ စာရင်းပြုစုထားရမည့်အပြင် တာဝန်ယူ ရှင်းလင်းတင်ပြရန်
တာဝန်ရှိသည်။
ပြန်ကြားရေးနှင့်သုတေသနဌာန
ပြန်ကြားရေးနှင့်သုတေသနဌာနတာဝန်ခံသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မိတ်ဆွေများအသင်း
(သြစတြေးလျ) ၏ လှုပ်ရှားမှု့ဆိုင်ရာသတင်းများကို မိမိအဖွဲ့အစည်းအတငွ်းအပါအ၀င် သတင်းဌာ
နများနှင့် သင့်တော်သည့် network များသို့ ဖြန့်ဝေရမည်။
ပြန်ကြားရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတငွ် တာဝန်ခံသည်
ဒေသဆိုင်ရာ
ပြန်ကြားရေးနှင့်သုတေသနဌာနအဖွဲ့ဝင်များနှင့်
ဆက်စပ်ညှိနိုင်းဆောင်ရွက်ရမည်။ အဖွဲ့၏ရည်မှန်းချက်များကို အထောက်အကူဖြစ်စေမည့် သုတေသနလုပ်ငန်းများ
ဆောင်ရွက်ရ မည်။ စည်းရုံးရေးနှင့်မဟာမိတ်ဆက်ဆံရေးဌာန အဖွဲ့ဝင်သစ်များတိုးပွားလာစေရန်၊
အဖွဲ့ဝင်သစ်များနှင့်ဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရမည်။ မဟာမိတ်အဖွဲ့အစည်းများနှင့်
ဆက်ဆံရေး ကောင်းမွန်လာစေရန် ကြိုးပမ်းဆောင်ရွက်ရမည်။ အမျိုးသမီးဌာန အမျိုးသမီးရေးရာကိစ္စရပ်များကိုဆောင်ရွက်ရန်။
လူငယ်ဌာန
လူငယ်များနှင့်သက်ဆိုင်ရာကိစ္စရပ်များကိုဆောင်ရွက်ရန်။
(၇) အဖွဲ့ဝင်သစ်လက်ခံခြင်း
NSA ၏ ရည်မှန်းချက်များကို လက်ခံသူ မည်သူကိုမဆို အဖွဲ့ဝင်အဖြစ်
လက်ခံနိုင်သည်။
(၈) အဖွဲ့ဝင်များလိုက်နာရမည့် တာဝန်၊ ၀တ္တရားများ
အဖွဲ့ဝင်တိုင်းသည် NSA ၏ ဂုဏ်သိက္ခာကိုသော်လည်းကောင်း၊ NSA ၏ ညီညွတ်ရေးကိုသော် လည်းကောင်းထိခိုက်စေမည့်
အပြုအမူ၊ အပြောအဆိုများကို ရှောင်ကျဉ်ရမည်။ အဖွဲ့ဝင်တိုင်းသည် ၀ါဒစွ၊ဲ လူမျိုးစွဲ၊
ဘာသာစွ၊ဲ ဒေသစွဲ မရှိစေရ။ အဖွဲ့တငွ်းလျို့ဝှက်ချက်များကို ပြင်ပသို့ မပေါက်ကြားစေရ။
NSA မှ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ရမည်။
(၉) အရေးယူခြင်းများ
ဝေဖန်ခြင်း သတိပေးခြင်း
ပြင်းထန်စွာသတိပေးခြင်း တာဝန်မှရပ်စဲခြင်း
(၁၀) အထွေထွေ
NSA Logo
Letterhead
Stamp
Comments
Post a Comment