Skip to main content

ကာလုံဆိုသည်မှာ


အခုတလော ရခိုင်ပြည်နယ် နယ်စပ် ဘူးသီးတောင် မောင်တော ဒေသ မှာ ဖြစ်ပွါးနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှု တွေကို အကြောင်းပြုလို့ အစိုးရကို ကာလုံ အစည်းအဝေး မခေါ်ရ ကောင်းလား ဆိုပြီး ပြောဆို ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ တဆက်ထဲမှာပဲ မကြာသေးမီက သမ္မတ ဦးထင်ကျော် ဦးဆောင် ပြီး ကာကွယ်ရေး ဦးစီးချုပ် နဲ့ အခြား ဝန်ကြီးတွေ ပါဝင် ကျင်းပ ခဲ့ တဲ့ ရခိုင် ကိစ္စ အပါအဝင် အမျိုးသား ကာကွယ်ရေး နဲ့ လုံခြုံရေး ကိစ္စတွေ နဲ့ ပတ်သက်တဲ့ အဆင့်မြင့် အစည်းအဝေး တရပ်ကို ကာလုံ အစည်းအဝေး ရယ်လို့ ထင်မြင်ယူဆ ပြောဆိုနေတာမျိုးတွေလည်း တွေ့ရပါတယ် ။ ဒါကြောင့် လူအများ စိတ်ဝင်တစား ပြောဆို တောင့်တ နေကြ တဲ့ ကာလုံ ဆိုတာ ဘာလဲ လို့ ကျွန်တော်လေ့လာကြည့်ပါတယ် ။ ပထမဆုံး ကာလုံ အစည်းအဝေး ခေါ်သင့်တယ်လို့ လိုလားပြောဆိုနေကြတဲ့ သဘောကို လေ့လာကြည့်တဲ့ အခါ အများစုက ကာလုံ ကို ဘယ်လို
ရည်ရွယ်ချက်နဲ့ ဘာအတွက် ဖွဲ့စည်းထားတာလဲ ဆိုတာထက် ကာလုံ ဟာ နိုင်ငံ ရဲ့ လုံခြုံရေး အတွက် အဆင့်မြင့်ဆုံးအဖွဲ့ အစည်းဖြစ် နေတာကြောင့် ရခိုင်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေ အတွက် ကာလုံ ကို ကျင်းပစေခြင်း အားဖြင့် ရခိုင် ပြည်နယ်တွင်း အကြမ်းဖက် တိုက်ခိုက်မှု ပြဿနာ ဟာတမျိုးသားလုံး နဲ့ ဆိုင်တဲ့ အရေးအခင်း တခု ၊ တစ်နိုင်ငံလုံး ရဲ့ လုံခြုံရေး နဲ့ သက်ဆိုင်တဲ့ ပြဿနာ ကြီး တစ်ခု အဖြစ် အဓိပ္ပါယ် ဖွင့်ဆို လိုရင်း က အဓိက ကျ နေတာကို တွေ့ရပါတယ်။
ကာလုံ လို့ အများသူငါ အလွယ်တကူ ခေါ်ဝေါ် နေကြတဲ့ အမျိုးသား ကာကွယ်ရေး နဲ့ လုံခြုံရေး ကောင်စီ ဟာ ဘာလဲ ၊ ဘာ အတွက် ဖွဲ့စည်း ထားရှိစေတာလဲ ၊ ဘာတွေ လုပ်နိုင်သလဲ လို့ အခြေခံ ဥပဒေ မှာ အသေအခြာ ဖတ်ရှုလေ့လာကြည့်မိပါတယ် ။ အခြေခံ ဥပဒေ က မြန်မာ လို ရေးထားတာဖြစ်လို့ အားလုံး လည်း ကိုယ်တိုင် ဖတ်ရှုလေ့လာ နိုင် ပါတယ်။ ကျွန်တော်ကတော့ မနေနိုင်စွာနဲ့ ကိုယ် နားလည်ထားတဲ့ " ကာလုံ ဆိုသည်မှာ " ဆိုတဲ့ နားလည်တွေ့ရှိချက် ကို ပြန်လည် ဝေငှ ပါရစေ ..,။
(၁) အမျိုးသား ကာကွယ်ရေး နဲ့ လုံခြုံရေး ကောင်စီ ဟာ အစိုးရအဖွဲ့ ၊ လွှတ်တော် နဲ့ စစ်တပ် ခေါင်းဆောင်တွေ ပါဝင်ဖွဲ့စည်းရတာဖြစ်လို့ သမ္မတ က မိမိ ရွေးချယ် တင်မြှောက်ခံရပြီး နောက် အစိုးရ အဖွဲ့ ကို ရွေးချယ် ခန့်အပ် ဖွဲ့စည်း ပြီးတာနဲ့ အခြေခံ ဥပဒေ အရ ကာလုံဟာလည်း အလိုလို ဖွဲ့စည်းပြီး ဖြစ်တဲ့ သဘောရှိပါတယ်။ အခြေခံ ဥပဒေ ကတော့ " အခြေခံ ဥပဒေ က ဖြစ်ဖြစ် ၊ အခြား ဥပဒေ တရပ်ရပ် က ဖြစ်ဖြစ် ပေးအပ်လာတဲ့ ( ဆောင်ရွက်ရန်ရှိလာတဲ့ ) တာဝန်တွေကို ထမ်းရွက်ဖို့ ကာလုံ ကိုဖွဲ့စည်း တယ် ' လို့ ဆိုပါတယ်။
အခြေခံ ဥပဒေ က ကာလုံ ကို ဘာ တာဝန်တွေ ပေးထားပါသလဲ ?
(၂) ကာလုံ ကို အခြခံ ဥပဒေ က ဘာတာဝန် တွေ ပေးထားသလဲ ဆိုတာ မကြည့်ခင် ကာလုံ ဖွဲ့စည်းပုံကို အရင် ကြည့်ရအောင် ..။
အခြေခံ ဥပဒေ ရဲ့ သက်မှတ်ပြဋ္ဌန်းချက်အရ ကာလုံ ကို နိုင်ငံတော် သမ္မတ ၃ ဦး ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ၊ ကာကွယ်ရေး ဦးစီးချုပ် ၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ၊ ကာကွယ်ရေး ဝန်ကြီး ၊ ပြည်ထဲရေး ဝန်ကြီး ၊ နိုင်ငံခြားရေး ဝန်ကြီး ၊ နယ်စပ်ရေးရာ ဝန်ကြီး တို့ ပါဝင်ပြီး အဖွဲ့ ဝင် ၁၁ ဦး နဲ့ ဖွဲ့စည်းထားပါတယ် ။ ကာလုံ ကို ကနဦး ဆန်းစစ် ရရင် အစိုးရအဖွဲ့ က ၇ ယောက် ၊ စစ်တပ်က ၂ ယောက် နဲ့ လွှတ်တော် နှစ်ရပ် က ဥက္ကဋ္ဌ ၂ ယောက် နဲ့ ဖွဲ့စည်းထားပါတယ် ။ ဒါပေမယ့်လည်း အခြေခံ ဥပဒေ က ပေးအပ်ထားတဲ့ အစိုးရအဖွဲ့ ဝင် ခန့် အပ် တာဝန် ပေးနိုင်ခွင့် ရှုဒေါင့်က ပြန်ကြည့် တဲ့ အခါ ကာလုံကို ပြည်သူ ရွေးကောက်ခံ ၅ ဦး နဲ့ စစ်တပ် နဲ့ စစ်တပ်က ရွေးချယ်ထားတဲ့သူ ပေါင်း ၆ ဦး တို့ ဖွဲ့စည်းထားတယ်လို့ လည်းကြည့်မြင် နိုင်ပါတယ်။ အခု လက်ရှိ အခြေခံ ဥပဒေ ပြဌန်းချက် အတိုင်း ဖြစ်ပေါ်လာတဲ့ ၂၀၁၅-၂၀၂၀ ကာလုံ ပွဲထွက် စာရင်းကိုကြည့်မယ် ဆိုရင်
၁။ ဦးထင်ကျော် ( သမ္မတ )
၂။ ဦးမြင့်ဆွေ ( ဒု သမ္မတ )
၃။ ဦးဟင်နရီ ဗန်ထီးယူ ( ဒု သမ္မတ )
၎။ ဦးဝင်းမြင့် ( ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ )
၅။ ဦး မန်းဝင်းခိုင်သန်း ( အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ )
၆။ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ( ကာကွယ်ရေး ဦးစီးချုပ် )
၇။ ဒုတိယ ဗိုလ်ချုပ်မှုးကြီး စိုးဝင်း ( ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် )
၈။ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း ( ကာကွယ်ရေး ဝန်ကြီး )
၉။ ဒေါ်အောင်ဆန်းစုကြည် ( နိုင်ငံခြားရေး ဝန်ကြီး )
၁၀။ ( ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ ပြည်ထဲရေး ဝန်ကြီး )
၁၁။ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် ( နယ်စပ်ရေးရာ ဝန်ကြီး )
(၃) အခြေခံ ဥပဒေ က ကာလုံ ကို ဘာ တာဝန်တွေ လုပ်ပိုင်ခွင့်တွေ အပ်နှင်းထားလဲ ဆိုတာ ကြည့် ရအောင် ...။ နားလည်လွယ်အောင်ပြောရရင် ကာလုံ ရဲ့ တာဝန်တွေ နဲ့ လုပ်ဆောင်ချက်တွေဟာ ပုံမှန် အခြေအနေနဲ့ အရေးပေါ်အခြေအနေ ဆိုပြီး အခြေအနေ ၂ ရပ်မှာ ထူထူးခြားခြားကွဲပြားပါတယ်။
ကာလုံ ဟာ အရပ်ဖက်အုပ်ချုပ်ရေးတွေ အလုပ်လုပ်နိုင်တဲ့ ပုံမှန် အခြေအနေမှာ
(က) ထောက်ခံချက်ပေးခြင်း
(ခ)ညှိနှိုင်းခြင်း
(ဂ) အဆိုပြုခြင်း ဆိုတဲ့ အလုပ် ၃ မျိုးကို အခြေခံ ဥပဒေ က တိတိကျကျ ထောက်ပြထားတဲ့ အခြေအနေ/ အနေအထား အချို့မှာ လုပ်ဆောင်ရပါတယ်။
အရပ်ဖက် အုပ်ချုပ်ရေး တွေ ပုံမှန် လုပ်ဆောင်နိုင်ခြင်းမရှိတဲ့ အရေးပေါ် ကာလ မှာတော့ ကာလုံဟာ အာဏပိုင် ဖြစ်သွားပါတယ် ။ နယ်မြေ ဒေသ တစ်ခုမှာ အရေးပေါ် ကြေညာထားရင် အဲဒီ နယ်မြေ ရဲ့ အာဏာပိုင်ဖြစ်ပြီး တစ်နိုင်ငံလုံး မှာ ကြေညာထားရင် တစ်နိုင်ငံလုံး ရဲ့ အာဏာ ပိုင် အဖွဲ့ဖြစ်ပါတယ် ။ ဒါပေမယ့် အာဏာပိုင်စိုးမှု ဟာ ၂ နှစ်သာဖြစ်ပါတယ် ။ ကာလုံရဲ့ နိုင်ငံတော် အာဏာ ကို ကျင့်သုံးခြင်း ဟာလည်း သမ္မတ ရဲ့ အမည်နဲ့ သာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။
၎။ ပုံမှန် ကာလ မှာ ကာလုံ ရဲ့ အခန်း ကဏ္ဍ ကိုကြည့်ရင် အလွန် နည်းပါး ပါတယ်။
(က) ထောက်ခံချက်ပေးခြင်း ဆိုတဲ့ အလုပ် ကို ကာလုံ အနေ နဲ့ နိုင်ငံတော် သမ္မတ ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေး ဖို့ စဉ်းစား ဆုံးဖြတ် တဲ့ အခါမှာ လုပ်ပါတယ် ။
(ခ ) ညှိနှိုင်းခြင်း ဆိုတဲ့ အလုပ်ကို ကာလုံ အနေနဲ့ ဆောင်ရွက်တဲ့ အခါမှာ အောက်ပါ ကိစ္စရပ်များ ဖြစ်ပေါ်လာပါက နိုင်ငံ သမ္မတ အနေ နဲ့ ဆောင်ရွက်နိုင်အောင် ညှိနိုင်း ပေးရပါတယ် ။
- ချက်ချင်းဆောင်ရွက်ရန်လိုအပ်သော အခြား တိုင်းပြည် တစ်ခုခု နဲ့ သံတမန် ဖြတ်တောက်ခြင်း ( ပုံမှန် အားဖြင့် နိုင်ငံတစ်နိုင်ငံ နဲ့ သံတမန် ဖြတ်တောက်ခြင်း ကိုလုပ်ဆောင်ရန် ပြည်ထောင်စု လွှတ်တော် ၏ အဆုံးအဖြတ်ကို ရယူ ရန်လိုသည် )
- နိုင်ငံ အား ကျူးကျော်တိုက်ခိုက်ခြင်း ခံ ရတဲ့ အခါ စစ်ရေး ပြင်ဆင်ဆောင်ရွက်ခြင်း ( အခြား နိုင်ငံ တစ်ခုကို စစ်ကြေညာ မယ် ၊ စစ်ပြေငြိမ်းမယ် ဆိုရင်တော့ ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့သာ လုပ်ဆောင်နိုင်ပါတယ်။)
- တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေမှာ အရပ်ဖက် အုပ်ချုပ်ရေးတွေ အလုပ်လုပ်နိုင်စွမ်း ၊ အရပ်ဖက် ဥပဒေ တွေ သက်ရောက်နိုင်စွမ်းမရှိတော့တဲ့ အခါ အရေးပေါ်အခြေအနေ ကြေညာခြင်း ။
( ဒါဆို ရခိုင် ဒေသတွင်း အကြမ်းဖက်တိုက်ခိုက်မှု ကိစ္စ မှာ ကာလုံ ဘာကြောင့် မခေါ်လည်းဆိုတာ ရှင်းသွားပြီထင်ပါတယ်)
(ဂ) အဆိုပြုခြင်း အလုပ်ကိုတော့ တပ်မတော်ရဲ့ ကာကွယ်ရေး ဦးစီးချုပ် အသစ် ခန့်အပ်တဲ့ အခါမှာ ကာလုံ အနေနဲ့ လုပ်ဆောင်ရပါတယ်။ အခြေခံ ဥပဒေ မှာတော့ နိုင်ငံတော် သမ္မတ က ကာလုံ ၏ " အဆိုပြု ထောက်ခံချက်ဖြင့် ကာကွယ်ရေး ဦးစီးချုပ် ကို ခန့်အပ် တာဝန်ပေးရမည် " လို့ရေးပါတယ် ။
၅။ အရေးပေါ်ကာလ မှာ ကာလုံ ရဲ့ အခန်း ကဏ္ဍ ကတော့ ကြီးထွားပါတယ်။ အဓိက အခန်း ကဏ္ဍ လို့ ပြောလို့ ရသလို ကာလုံ ဖွဲ့စည်းထားခြင်း ဟာ စစ်တပ် အနေနဲ့ အာဏာ သိမ်းစရာ မလိုပဲ အခြေခံ ဥပဒေ အရ အာဏာကို ထိန်းသိမ်း နိုင်အောင် ဖန်တီးပေးထားတဲ့ အစီအမံ တစ်ခုလို့ပြောလို့ရပါတယ် ။ ကဲ အရေးပေါ် ကာလမှာ ကာလုံ ရဲ့ အခန်း ကဏ္ဍ က ဘာတွေလဲ ။
၆။ အရင်ဆုံး လေ့လာတွေ့ရှိချက်အရ တိုင်း နဲ့ ပြည်နယ် တွေမှာ မငြိမ်မသက်ဖြစ်လို့ အရေးပေါ် အခြေအနေ ကြေညာ ရတဲ့ အခါ အဲဒီ ဒေသတွေမှာ အုပ်ချုပ်ရေး ကိစ္စကို တာဝန်ယူ ပေးဖို့ သမ္မတ က စစ်တပ်ကို တိုက်ရိုက် အကူအညီတောင်းနိုင်ပါတယ်။
ဒါပေမယ့် တစ် နိုင်ငံလုံး အတိုင်းအတာနဲ့ မငြိမ်မသက်ဖြစ်လို့ သမ္မတ က အရေးပေါ် အခြေအနေကြေညာ သင့်တယ်လို့ ထင်ရင် ကာလုံ နဲ့ ညှိပြီး ကြေညာရပါတယ် ။ ဒီလို တစ်နိုင်ငံလုံး အရေးပေါ် အခြေအနေ ကြေညာလိုက်ပြီ ဆိုရင်တော့ ကာလုံ က အာဏာပိုင်ဖြစ်သွားပြီး ကာကွယ်ရေး ဦးစီးချုပ်ကို အုပ်ချုပ်ရေး ၊ ဥပဒေ ပြုရေး နဲ့ တရားစီရင်ရေး အာဏာ တနှစ်စာ ကို ကာလုံ က အပ်နှင်း ရပါတယ် ။ ဒီလိုအပ်နှင်း လိုက်ပြီဆိုတာ နဲ့ နိင်ငံတော် သမ္မတ ၃ ယောက် က လွဲလို့ ကျန်တဲ့ လွှတ်တော် က ခွင့်ပြုချက်နဲ့ ဖွဲ့စည်း ခန့်အပ်ထားတဲ့ အဖွဲ့အစည်းတွေ နဲ့ အဖွဲ့ဝင် တွေဖြစ်တဲ့ ပြည်ထောင်စု အစိုးရ အဖွဲ့ ဝင်တွေ ၊ တိုင်း နဲ့ ပြည်နယ် အစိုးရအဖွဲ့တွေ ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အုပ်ုပ်ချုပ်ရေး အဖွဲ့တွေ အားလုံး တာဝန်က ရပ်စဲပြီးသားဖြစ်သွားပြီး အားလုံး ပျက်ပြယ် သွား ပါတယ်။ ( ဒီ အချက်ကို ကြည်ြ့ခင်းအားဖြင့်အခု လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ ခန့်ထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ရာထူး သည်လည်း ဒီပုံဖြစ် လာရင်တော့ အရေးပေါ်ကာလ ပြဋ္ဌန်းချက်ကြောင့်ပျက်ပြယ် သွားရမယ့် သဘောရှိပါတယ် ) ။ အဲဒီ နောက် ရှိသမျှ လွှတ်တော်တွေ အားလုံးလည်း သူတို့ ရဲ ဥပဒေ ပြုရေး အာဏာ ဟာ ကာကွယ်ရေး ဦးစီးချုပ် လက်ထဲ ရောက်ရှိသွားပြီ ဖြစ်လို့ လွှတ်တော်လုပ်ငန်းတွေ ဟာ ရပ်ဆိုင်း ထားရမှာဖြစ်ပါတယ် ။ အကယ်၍ များ လွှတ်တော် သက်တမ်းကုန်ဆုံးတဲ့ အခါသမယ နဲ့ တိုက်ဆိုင်လာခဲ့ရင် ရှိသမျှ လွှတ်တော် တွေ ဟာ အပြီး ပျက်ပြယ်သွားမှာ ဖြစ်ပါတယ် ။ ဒီ အချိန်မှာ ကာလုံဟာ အာဏာပိုင်အနေ နဲ့ ကျန်ရစ်မှာဖြစ်ပြီး ကာကွယ်ရေး ဦးစီးချုပ် က တိုင်းပြည်ကို အရေးပေါ် အခြေအနေ ကနေ ပုံမှန် အခြေအနေဖြစ်လာ အောင် တစ်နှစ်ကြာ စီမံ အုပ်ချုပ် ရမှာဖြစ်ပါတယ် ။ တနှစ်ပြည့်ခါနီးလို့ တိုင်းပြည်က ပုံမှန် မဖြစ်သေး ဘူးဆို ရင် ကာကွယ်ရေး ဦးစီးချုပ်က ကာလုံ ကိုပြန်ညှိ ၊ အဲဒီ အခါ ကာလုံက ကာကွယ်ရေး ဦးစီးချုပ်ကို အာဏာ ၃ ရပ်နဲ့ စီမံ အုပ်ချုပ်ခွင့် သက်တမ်းတိုးခြင်းကို တစ်ကြိမ် ကို ၆ လ နှုံး နဲ့ ၂ ကြိမ် ခွင့်ပြုနိုင်ပါတယ် ။ ဒါကြောင့် အခြေခံ ဥပဒေ ခွင့်ပြုချက် အရ ကာလုံက ကာချုပ်ကို ၂ နှစ် အာဏာ အပ်ထားလို့ ရတယ်ဆိုတာတွေ့ရှိရပါတယ်။
၇။ တနှစ် သက်တမ်း အတွင်းမှာ တိုင်းပြည်ဟာ ပုံမှန်ဖြစ်သွားရင် ရယူထားတဲ့ အာဏာ ၃ ရပ်ကို ကာလုံ ကနေတဆင့် မူလ လွှတ်တော် သက်တမ်းတွေ ကျန်နေသေးရင် လွှတ်တော်ကိုပြန်အပ်၊ လွှတ်တော် နဲ့ သမ္မတ နဲ့ညှိပြီး အစိုးရ ပြန်ဖွဲရမှာဖြစ်ပါတယ်။ လွှတ်တော် တွေ သက်တမ်းကုန်လို့ မရှိတော့ဘူး ဆိုရင် တော့ ကာလုံ က အဲဒီ တိုင်းပြည် ရဲ့ အာဏာ ၃ ရပ်ကို ကိုင်တွယ်သုံးစွဲ ပြီး ရွေးကောက်ပွဲ အသစ်ကို ကမကထ လုပ်ကျင်းပပေးရပါမယ် ။ အဲဒီ ရွေးကောက်ပွဲ ကနေ ဖြစ်ပေါ်လာတဲ့ လွှတ်တော် နဲ့ အစိုးရအဖွဲ့သစ်ကို မှ ကာလုံမှာ ရှိနေတဲ့ လွှတ်တော် ဥက္ကဋ္ဌ တွေ က လွှတ်တော် အသစ်ကို အာဏာပြန်လွှဲ ၊ လွှတ်တော် အသစ်က ရွေးကောက်တင်မြှောက်လိုက်တဲ့ သမ္မတအသစ် ကို ကာလုံ မှာရှိ နေတဲ့ သမ္မတ က အာဏာပြန်လွဲ ၊ ဒီလိုလုပ်ရမယ် လို့ အခြေခံ ဥပဒေ က ဆိုပါတယ်။
အဲဒီတော့ အချုပ်ဆိုရမယ် ဆိုရင် ကာလုံဆိုတာ ပြည်သူကရွေးထားတဲ့ သမ္မတ နှစ်ယောက်၊ ဝန်ကြီး တပါးနဲ့ လွှတ်တော် ဥက္ကဋ္ဌ တွေ က တစ်ခြမ်း ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်တဲ့ စစ်တပ် ကိုယ်စားပြု သမ္မတ တစ်ဦး နဲ့ ဝန်ကြီးတွေက တစ်ခြမ်း ၊ အချိုး အစား အရ ပြည်သူ ၄၅: စစ်တပ် ၅၅ ရှယ်ယာပိုင်ကြတဲ့ အမြဲတန်း အာဏာပိုင်အဖွဲ့လို့ ပြောနိုင်ပါတယ် ။ ဒါပေမယ့်လည်း ဒီ ၂၀၀၈ အခြေခံ ဥပဒေ ရဲ့အရေးပေါ်ကာလ ဆိုင်ရာ ပြဌန်းချက်မှာ ဖေါ်ပြထားတဲ့ ကာလုံ နဲ့ သက်ဆိုင်သော ပြဋ္ဌန်းချက်တွေမှာ ရှုပ်ထွေးပြီး နားမလည်နိုင်စရာ အရေးကြီးတဲ့ အချက်တွေပါနေတာ တွေ့ရှိရပါတယ် ။ အဲဒါကတော့ တစ်တိုင်းတပြည်လုံး ကို သမ္မတ က အရေးပေါ်အခြေအနေ ကြေညာလိုက်တဲ့ အချိန်မှာ သမ္မတ ၃ ယောက်ကလွဲလို့ ကျန်တဲ့ အစိုးရအဖွဲ ဝင် တခုလုံး တာဝန် က ရပ်စဲ သွားပြီ ဖြစ်တယ်လို့ အခြေခံ ဥပဒေ မှာ ဆိုထားပါတယ် ။ သို့သော်လည်း ၁၁ ဦးပါဝင်တဲ့ ကာလုံ အဖွဲ့ ဆိုတာ အစိုးရ အဖွဲ့ ဝင် ၄ ဦး ( ကာကွယ်ရေး ၊ ပြည်ထဲရေး၊ နိုင်ငံခြားရေး၊ နယ်စပ်ရေး) ပါဝင်ဖွဲ့စည်းထားတာဖြစ်လို့ ဒီ ဝန်ကြီးတွေ တာဝန် ရပ်စဲ ခံရ တယ် ဆိုရင် ကာလုံ မှာ ချွင်းချက် အရ ကျန်ရှိနေတဲ့ သမ္မတ ၃ ယောက် ၊ လွှတ်တော် ဥက္ကဋ္ဌ ၂ ယောက် ၊ ကာကွယ်ရေး ဦးစီးချုပ် နဲ့ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် တို့ ပေါင်း ၇ ယောက် နဲ့ ဆက်သွားမှာလား ဆိုတာ ရှင်းရှင်းလင်းလင်း ရေးမထားတာတွေ့ ရပါတယ်။
အဲဒီလိုပဲ ကာလုံမှာ လစ်လပ်သွားတဲ့ နေရာ ၄ နေရာကို အာဏာ ၃ ရပ် ရယူထားတဲ့ ကာကွယ်ရေး ဦးစီးချုပ်က အသစ်ခန့်အပ်ထားမယ့် အရေးပေါ်ကာလ အစိုးရ အဖွဲ့ က ဝန်ကြီးတွေ နဲ့ အစားထိုး ဖွဲ့စည်းရမယ်ဆိုတဲ့ သဘောလည်း ထည့်သွင်း ပြဋ္ဌန်းထားခြင်းလည်း မရှိတာကို တွေ့ရပါတယ်။
အကယ်၍ များ ကာလုံ ဟာ အရေးပေါ်ကာလ မှာ ၇ ယောက်ပဲ ကျန်ရှိတဲ့ အနေအထား နဲ့ ဖွဲ့စည်း တည်ရှိမယ် ဆိုရင်တော့ ပြည်သူတင်တဲ့ သမ္မတ ၂ယောက် ၊ ပြည်သူ က ရွေးချယ်ထားတဲ့ လွှတ်တော် ဥက္ကဋ္ဌ ၂ ယောက် ပေါင်း ၄ ယောက်ဖြစ်ပြီး ကျန် စစ်တပ်က ရွေးချယ်ထားတဲ့ သမ္မတ တစ်ဦး နဲ့ ကာကွယ်ရေး ဦးစီးချုပ် ၂ ယောက် ပေါင်း စစ်တပ်ကိုယ်စားပြု ၃ ယောက်ဖြစ်နေတာကြောင့် ကာလုံ အာဏာရှယ်ယာ ပိုင်ဆိုင်မှု အချိုး ဟာ ပြည်သူ ၅၇: စစ်တပ် ၄၃ ဖြစ်ပါလိမ့်မယ်လို့ မှတ်ယူကြရမယ်ဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေ အခြေခံ ဥပဒေ ရဲ့ ပြဋ္ဌန်းထားချက် အရ ကာလုံ အား ဦးဆောင် ရမည့်သူမှာ လက်ရှိ ရွေးချယ် ထားတဲ့ သမ္မတ သာဖြစ် သည် ဆိုတဲ့ အချက်ကိုလည်း သတိပြု မှတ်သားထားရမှာဖြစ်ပါတယ်။
ကဲ .... ဒီလိုဆိုတော့ ကျွန်တော် တို့ နိုင်ငံရဲ့ အမြင့်ဆုံး အဏာ ပိုင် အဖြစ်နဲ့ ကာလုံ ဆိုတဲ့ အဖွဲ အစည်း တည်ရှိခြင်း မတည်ရှိခြင်း ကို လူကြီးမင်းတို့ ဘယ်လို သဘောထားကြမလဲ ?? ။
မှတ်ချက် ။ အထက်ပါ နိုင်ငံတော်မှာ တည်ရှိနေတဲ့ ကာလုံ အဖွဲ့ ရဲ့ အခန်းကဏ္ဍ ကို အခြေခံ ဥပဒေ မှာ ဖေါ်ပြ ပါရှိ ချက်များ အပေါ် အခြေခံပြီး အရပ်သား တစ်ယောက် အနေနဲ့ ကျွန်တော် နားလည် သဘောပေါက် သလောက် ရေးသား တင်ပြထားတာဖြစ်ပါတယ် ။ ဥပဒေ ဆိုင်ရာ အရေး အသားတွေ ကို အခုလို အဓိပ္ပါယ်ကောက် အနက်ဖွင့်ဆို ရေးသား ရာမှ အထက်ပါ ကျွန်တော် ၏ ရေးသား ဖွင့်ဆိုချက်များ နဲ့ ဆန့်ကျင် ကွဲလွဲစွာ နားလည် သဘောပေါက်၍ မိတ်ဆွေတို့ အနေနဲ့ ငြင်းဆိုချက်များ ရှိပါက ကျေးဇူးပြုပြီး ဝေဖန် ထောက်ပြပေး ကြပါရန် ဖိတ်ခေါ်အပ်ပါတယ်။
Thiha Thwe
Via...လှိုင်ထိပ်ထား
Khant Naing

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video