by Good Health Journal ဂေါက်ရောဂါဆိုတာက ဇီဝရုပ်ဖြစ်စဉ်ချို့ယွင်းမှုကြော င့် ဖြစ်ပေါ်လာတဲ့ အဆစ် ရောင်ရမ်းပြီး နာကျင်တဲ့ဝေဒနာခံစားရတာပါ။ အဆစ်ရည်အတွင်း ယူရစ်အက်စစ်တွေ စုဆောင်းမှုများလာတာကြောင့် ဒါမှမဟုတ် ယူရစ်အက်စစ်ပုံဆောင်ခဲတွေ ဖြစ်ပေါ် လာတာကြောင့်ဖြစ်တာပါ။ အဆစ်ရည်ဆိုတာက အဆစ်အတွင်းမှာရှိတဲ့ အရည်တစ် မျိုးဖြစ်ပြီး အဆစ်လှုပ်ရှားမှုကောင်းမွန်အောင် ချောဆီအဖြစ် ပြုလုပ်ပေးပါတယ်။ ယူ ရစ်အက်စစ်ဆိုတာကတော့ ဓာတုပစ္စည်းပျူရင်းရဲ့ စွန့်ထုတ်ကုန်ဖြစ်ပါတယ်။ ကျောက် ကပ်က စွန့်ထုတ်ကုန်တွေကို ထိထိရောက်ရောက်မဖယ်ရှားနိုင်တဲ့ အခါမှာ ယူရစ်အက် စစ်တွေ စုဆောင်းမှုများလာပါတယ်။ တချို့တလေမှာလည်း ယူရစ်အက်စစ်ကို ဖြိုခွဲ နိုင်ဖို့အတွက် အင်ဇိုင်းတွေကို ခန္ဓာကိုယ်က လုံလုံလောက်လောက် ထုတ်မပေးနိုင်တာ ကြောင့် ဂေါက်ရောဂါရရှိနိုင်ပါတယ်။ အဆစ်အတွင်း ယူရစ်အက်စစ်တွေ စုပုံနေတာ ကြောင့် အဆစ်ရည်က အဆစ်ကို ချောဆီအဖြစ် ထိထိရောက်ရောက်မလုပ်ပေးနိုင် တော့တဲ့အတွက် အဆစ်ရောင်ရမ်းလာပြီး မခံမရပ်နိုင်အောင် နာကျင်လာရတာ