Skip to main content

ဂေါက်ရောဂါရှိသူများ စားသင့်/ ရှောင်သင့်သော အစားအစာများ

by Good Health Journal
ဂေါက်ရောဂါဆိုတာက ဇီဝရုပ်ဖြစ်စဉ်ချို့ယွင်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အဆစ် ရောင်ရမ်းပြီး နာကျင်တဲ့ဝေဒနာခံစားရတာပါ။ အဆစ်ရည်အတွင်း ယူရစ်အက်စစ်တွေ စုဆောင်းမှုများလာတာကြောင့် ဒါမှမဟုတ် ယူရစ်အက်စစ်ပုံဆောင်ခဲတွေ ဖြစ်ပေါ် လာတာကြောင့်ဖြစ်တာပါ။ အဆစ်ရည်ဆိုတာက အဆစ်အတွင်းမှာရှိတဲ့ အရည်တစ် မျိုးဖြစ်ပြီး အဆစ်လှုပ်ရှားမှုကောင်းမွန်အောင် ချောဆီအဖြစ် ပြုလုပ်ပေးပါတယ်။ ယူ ရစ်အက်စစ်ဆိုတာကတော့ ဓာတုပစ္စည်းပျူရင်းရဲ့ စွန့်ထုတ်ကုန်ဖြစ်ပါတယ်။ ကျောက် ကပ်က စွန့်ထုတ်ကုန်တွေကို ထိထိရောက်ရောက်မဖယ်ရှားနိုင်တဲ့အခါမှာ ယူရစ်အက် စစ်တွေ စုဆောင်းမှုများလာပါတယ်။ တချို့တလေမှာလည်း ယူရစ်အက်စစ်ကို ဖြိုခွဲ နိုင်ဖို့အတွက် အင်ဇိုင်းတွေကို ခန္ဓာကိုယ်က လုံလုံလောက်လောက် ထုတ်မပေးနိုင်တာ ကြောင့် ဂေါက်ရောဂါရရှိနိုင်ပါတယ်။ အဆစ်အတွင်း ယူရစ်အက်စစ်တွေ စုပုံနေတာ ကြောင့် အဆစ်ရည်က အဆစ်ကို ချောဆီအဖြစ် ထိထိရောက်ရောက်မလုပ်ပေးနိုင် တော့တဲ့အတွက် အဆစ်ရောင်ရမ်းလာပြီး မခံမရပ်နိုင်အောင် နာကျင်လာရတာဖြစ်ပါတယ်။
ယူရစ်အက်စစ်ဆိုတာက ပျူရင်း(ပင်လယ်စာ၊ အသား၊ ဘီယာ အစရှိတဲ့ အစား အစာတွေမှာ ပါဝင်ပါတယ်)ရဲ့ စွန့်ပစ်ပစ္စည်းဖြစ်တဲ့အတွက် ပျူရင်းပါဝင်မှုနည်းတဲ့ အစားအစာကို စားသုံးပါမှ ဂေါက်ရောဂါမဖြစ်အောင် ကာကွယ်နိုင်တဲ့အပြင် ဂေါက် ရောဂါရှိပြီးသူတွေမှာလည်း ရောဂါပိုမဆိုးအောင် ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
ဂေါက်ရောဂါရှိသူများ စားသုံးသင့်သည့် အစားအစာ
ဟင်းသီးဟင်းရွက် ► ဟင်းနုနယ်၊ ကညွတ်၊ ပန်းဂေါ်ဖီ၊ အစိမ်းရောင်ပန်းဂေါ်ဖီ၊ မုန် လာဥနီ၊ ပဲစိမ်း၊ အာလူး။
သစ်သီး ► ချယ်ရီသီး၊ စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး၊ သံပရာသီး၊ ရှောက် သီး၊ ဂရိတ်ဖရု၊ လိမ္မော်၊ နာနတ်၊ ပန်းသစ်တော်သီး။
ပရိုတင်း ► မှို၊ ပဲအမျိုးမျိုး
ကာဗိုဟိုက်ဒရိတ် ► ဂျုံဖြူ၊ ပေါင်မုန့်
အစေ့အဆန် ► ဆန်၊ ပဲ
ဖျော်ရည် ► ရေ၊ သံပရာရည်၊ ချယ်ရီဖျော်ရည်၊ လက်ဖက်ရည်၊ ကော်ဖီ
တခြားအစားအစာများ ► Nuts ၊ နံနံပင်၊ ပန်းသီးရှလကာရည်
အသင့်အတင့်စားသုံးနိုင်သည့် အစားအစာများ
ဟင်းသီးဟင်းရွက်နဲ့ သစ်သီး ► ခရမ်းချဉ်သီး
ပရိုတင်း ► ကြက်သား၊ ဆယ်လ်မွန်ငါး
အစေ့အဆန် ► အုတ်စပါး
နို့ ► အဆီပါဝင်မှုနည်းတဲ့ နွားနို့၊ အဆီပါဝင်မှုနည်းတဲ့ ဒိန်ချဉ်၊ ဥအမျိုးမျိုး
အဆီ ► မြေပဲထောပတ်၊ သံလွင်ဆီ
ရှောင်သင့်သော အစားအစာများ
ပရိုတင်း ► ငါးသေတ္တာ၊ ငါးသလောက်၊ ငါးကွမ်းရှပ်၊ တူနာ၊ အမဲသား၊ ၀က်သား၊ ၀က်ပေါင်ခြောက်၊ ၀က်ပေါင်သား၊ ငါးရှဥ့်၊ အသည်းနဲ့ ကလီစာ၊ ခုံးကောင်၊ ဘဲသား၊ ကြက်ဆင်၊ ပုစွန်ထုပ်ကြီး၊ ကဏန်း၊ ပုစွန်၊ ကမာ၊ တိုဟူး။
ကာဗိုဟိုက်ဒရိတ် ► ကိတ်မုန့်
ဖျော်ရည် ► အယ်လ်ကိုဟောနဲ့ ထုပ်ပိုးထားတဲ့ သစ်သီးဖျော်ရည်။
အဆီ ► တိရစ္ဆာန်အဆီ၊ မရောနိစ်၊ ထောပတ်
တခြားအစားအစာများ ► ကြက်၊ ငါး၊ အသားစွပ်ပြုတ်၊ ဖရူးတို့စ်ပါဝင်မှုများတဲ့ ပြောင်းဖူးအချိုရည်
♦ ဂေါက်ရောဂါရှိသူတွေအနေနဲ့ မနက်အိပ်ရာထထချင်း ပန်းသီးရှလကာရည်တစ် ဇွန်းကို ရေတစ်ခွက်ထဲ ထည့်သောက်သင့်ပါတယ်။ ဒါမှမဟုတ် ရေတစ်ဖန်ခွက်ထဲ ရှောက်ရည်၊ သံပရာရည်ညှစ်ပြီးတော့လည်း သောက်နိုင်ပါတယ်။
ပန်းသီးရှလကာရည်၊ ရှောက်ရည်၊ သံပရာရည်တွေမှာ ဗီတာမင် စီ တွေ များ စွာပါဝင်တာကြောင့် ဂေါက်ရောဂါရှိသူတွေအတွက် အလွန်အသုံးဝင်ပါတယ်။ အဲဒီဖျော်ရည်တွေဟာ ဇီဝရုပ်ဖြစ်စဉ်နှုန်းနဲ့ ခုခံအားစနစ်ကိုလည်း မြှင့်တင်ပေးပါ တယ်။
♦ အဆာပြေစာအဖြစ် စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ချယ်ရီသီးတစ်မျိုးမျိုးကို စားသုံးသင့်ပါတယ်။
♦ Green Tea ဟာလည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပြီး ရောင်ရမ်းမှု ဖြစ်စဉ်ကို လျှော့ချပေးနိုင်တဲ့အတွက် သောက်သုံးသင့်တဲ့ ဖျော်ရည်ပါ။ Green Tea ကြိုက်သူတွေအနေနဲ့ နာနတ်သီးဖျော်ရည်သောက်သုံးနိုင်ပါတယ်။
♦ ဂေါက်ရောဂါရှိသူတွေအနေနဲ့ လေ့ကျင့်ခန်းကို မဖြစ်မနေပြုလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းမပြုလုပ်တာကြောင့် ဂေါက်အခြေအနေ ပိုမိုဆိုးရွားနိုင်ပါတယ်။ စက်ဘီး စီးတာ၊ လမ်းလျှောက်တာ၊ ရေကူးတာ၊ လှေကားတက်တာ၊ ကခုန်တာ၊ ဆွဲဆန့်လေ့ကျင့် ခန်းနဲ့ ယောဂကျင့်စဉ်ပြုလုပ်တာတွေလိုမျိုး လေ့ကျင့်ခန်းတွေက ဂေါက်ရောဂါရှိသူ တွေအတွက် အထူး သင့်တော်ပါတယ်။
♦ ဂေါက်ရောဂါရှိသူတွေအနေနဲ့ ဗီတာမင် စီ၊ ကွာစီတင်၊ ဖောလစ်အက်စစ်အစရှိတဲ့ အားဖြည့်ဆေးတွေ မှီဝဲဖို့ လိုအပ်ပါတယ်။
◘ ဒေါက်တာခင်မိုးမိုး

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...