Skip to main content

လားရှိုး တပ်မတော်ထောက်ခံပွဲတွင် ပါဝင်သူတဦးကျပ် ငါးထောင်အထိ ပါတီကြီးတခုက ပေးသည်ဟုဆို

27 November 2018 11:04(+0630) (၁ ရက် ခန့်က)

Photo by SHAN / နိုဝင်ဘာလ ၂၅ ရက် လားရှိုးမြို့တွင်ပြုလုပ်သော တပ်မတော်ထောက်ခံပွဲမြင်ကွင်းတချို့
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် တနင်္ဂနွေနေ့က တပ်မတော်ထောက်ခံပွဲ တရပ်ပြုလုပ်ခဲ့ရာ ပါဝင်တက်ရောက်လာသူ ၁၀၀၀ ကျော်ရှိကြောင်းသိရသည်။

နိုဝင်ဘာလ ၂၅ ရက် မနက်ပိုင်း ၉ နာရီက လားရှိုး၊ မိုင်းရယ်၊ သိန္နီ ၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင် အပြင် မြို့နယ်တော်တော်များများက ဒေသခံ ၁၀၀၀ ကျော်မှာ တပ်မတော်ထောက်ခံပွဲ လမ်းလျှောက်ချီတက်ပွဲအတွက် လားရှိုးမြို့ စစ်မှုထမ်းဟောင်းအဖွဲ့နှင့် အားဖြည့်ပူးပေါင်းရန်  တဦးကျပ် ငါးထောင်အထိ ပါတီကြီးတခုက  ပေးသည်ဟု သိရသည်။

လမ်းလျှောက်ချီတက်ပွဲတွင်ပါဝင်သောမိုင်းရယ်ဒေသခံတဦးက – “ကျမ မိုင်းရယ်ဒေသခံပါ။ ကြံ့ခိုင်ရေးပါတီက ဆင့်ခေါ်လိုက်တာပါ။ သူများအော်တာလိုက်အော်ရင်ရပြီဆိုပြီး လမ်းစရိတ်ကို ကြံ့ခိုင်ရေးပါတီက တယောက် ၅၀၀၀ ထွက်ပေးတယ်။” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

အလားတူ သိန္နီမှလာသော ဒေသခံအမျိုးသမီးတဦးကလည်း-“ ဒို့အရေး အော်ဖို့ခေါ်လာတာ။ လမ်းစရိတ် ၂၀၀၀ ပေးတယ်။ ရွာမှာတုန်းက တယောက် ၅၀၀၀ ပေးတယ်။ ကြံ့ခိုင်ရေးပါတီက ခေါ်လာတာ”- ဟု ပြောသည်။

လားရှိုးမြို့တော်ခန်းမ မှလားရှိုးကြီးဘော်လုံးကွင်းအထိ တပ်မတော်ထောက်ခံခြင်း လမ်းလျှောက်ချီတက် ခဲ့ကြပြီး အများစုမှာ စစ်မှုထမ်းဟောင်းမိသားစုဝင်များနှင့် စစ်တပ်မိသားစုဝင်များ ဖြစ်ကြကြောင်းသိရသည်။
Photo by SHAN / နိုဝင်ဘာလ ၂၅ ရက် လားရှိုးမြို့တွင်ပြုလုပ်သော တပ်မတော်ထောက်ခံပွဲမြင်ကွင်းတချို့
တပ်မတော်ထောက်ခံသူများမှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး ဒို့အရေး၊ မြန်မာနိုင်ငံစစ်မှု ထမ်း ဟောင်းအဖွဲ့၊ စစ်မှုထမ်းဟောင်းများ၏ တပ်မတော်ကိုထောက်ခံခြင်းနှင့် ပြင်ပ စွက်ဖက်လုပ်ဆောင်မှုများအား ဆန့်ကျင်သည့်ဆန္ဒဖော်ထုတ်ပွဲ – အစရှိ ဗီနိုင်းများ ကိုင်ဆောင်ကာ ဒို့တာဝန်အရေးသုံးပါးကို အော်ဟစ်ကြွေးကြော်ခဲ့ကြကြောင်းသိရသည်။

နိုဝင်ဘာလဆန်းပိုင်းကစပြီး တပ်မတော်ထောက်ခံပွဲများကို သျှမ်းပြည်တွင်း မြို့တော်တောင်ကြီးအပါအဝင် ကျိုင်းတုံ၊ နမ့်စန် နှင့်တခြားမြို့တို့တွင်ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

သျှမ်းသံတော်ဆင့်၊ဟွမ်ဟိန်း

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...