Skip to main content

Posts

Showing posts from August, 2018

BIMSTEC ထိပ်သီးဆွေးနွေးပွဲ သမ္မတဦးဝင်းမြင့်တက်ရောက်

31 August 2018 BIMSTEC ထိပ်သီးဆွေးနွေးပွဲ သမ္မတဦးဝင်းမြင့်တက်ရောက်(Myanmar President Office) နီပေါလ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ နည်းပညာနှင့် စီးပွားရေး ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဘင်္ဂလား ပင်လယ်အော်အစီအစဉ်လို့ဆိုရမယ့် BIMSTEC ထိပ်သီးအစည်းအဝေးကို ခတ္တမန်ဒူမြို့တော်မှာ ကြာသပတေးနေ့ကစပြီး နှစ်ရက် ကြာ ကျင်းပနေပါတယ်။ အစည်းအဝေးအတွင်း စီးပွားရေးဆိုင်ရာ ပိုပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ ခေါင်းဆောင်တွေ ဆွေးနွေးဖို့ရှိသလို ဒေသတွင်း လျှပ်စစ် ဓာတ်အားလိုင်း ချိတ်ဆက်မှုဆိုင်ရာ သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးဖို့ရှိပါတယ်။ ဒီသဘောတူညီချက်အရဆိုရင် သက်ဆိုင်ရာနိုင်ငံတွေကြားမှာ စွမ်းအင် အရောင်းအဝယ်လုပ်ဖို့ လမ်းပွင့်သွားမှာပါ။ ဒါ့အပြင် ရာဇဝတ်ပြစ်မှုဆိုင်ရာ၊ လူမှောင်ခိုကူးမှုဆိုင်ရာနဲ့ အကြမ်းဖက်ဝါဒဆိုင်ရာတွေကိုလည်း ခေါင်းဆောင်တွေ ဆွေးနွေးကြ မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီထိပ်သီးအစည်းအဝေးမှာ မြန်မာသမ္မတ ဦးဝင်းမြင့်နဲ့အတူ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Shiekh Hasina ၊ ဘူတန် ကြားဖြတ်အစိုးရ အဖွဲ့အကြီးအကဲ Lyonpo Tshering Wangchuk ၊ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ၊ သီရိလင်္က

စွန့်ပစ်သင်္ဘောသောင်တင်မှု လုံခြုံရေးသတိရှိသင့်

31 August 2018 (Yangon Police Facebook) ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ မုတ္တမပင်လယ်ကွေ့မှာ ရောက်နေတဲ့ နိုင်ငံခြား ကုန်တင်သင်္ဘောကြီးဟာ အမြင်အရ ဟောင်းနွမ်းနေပြီ ဖြစ်တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ သံတိုသံစအဖြစ် ထုခွဲ ဖျက်ဆီးပစ်ဖို့ သယ်လာတာ ဖြစ်နိုင်ကြောင်း ရေကြောင်းဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။ သင်္ဘောပေါ်မှာ လူတဦးမှ ပါမလာပေမယ့် အခုလို သောင်တင်တဲ့အချိန်အထိ ဘယ်သူမှ မသိလိုက်တဲ့ ဖြစ်ရပ်ကြောင့် လုံခြုံရေးအရ သတိထားသင့်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။ သုံးခွမြို့နယ်၊ သမစိတ္တကျေးရွာအနီး မုတ္တမ ပင်လယ်ကွေ့မှာ သြဂုတ်လ ၂၉ ရက်နေ့က သောင်တင်နေတဲ့ Sam Ratulangi ဆိုတဲ့ သင်္ဘောဟာ သင်္ဘောပျက်၊ သင်္ဘောဟောင်းတွေကို ဖျက်ဆီးတဲ့လုပ်ငန်းတွေ အများဆုံး ပြုလုပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအသွား ဆွဲသင်္ဘောက ကြိုးပြတ်ပြီး အခုလို သုံးခွမှာ သောင်လာတင်တာ ဖြစ်နိုင်ကြောင်း မဟာနဒီ Maritime ကုမ္ပဏီက မန်းနေးဂျင်း ဒါရိုက်တာလည်းဖြစ်၊ ၀ါရင့် သင်္ဘော ကပ္ပတိန် တဦးလည်းဖြစ်တဲ့ ဟန်နရီ ခင်မောင်က ဗွီအိုအေကို ရှင်းပြပါတယ်။ "သဘောင်္က ဘင်္ဂလားဒေ့ရှ်ကို သွားဖို့အတွက် တို

ANP မဲဆွယ်ဟောပြာချက်စာတမ်း ကို ပြင်ဆင်မှာမဟုတ်

30 August 2018 ရခိုင်အမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်ကို တွေ့ရစဉ် Photo: Tun Aung Kyaw/ Facebook အစိုးရပိုင် ရုပ်မြင်သံကြားနဲ့ ရေဒီယိုမှာ ထုတ်လွှင့်မယ့် ရခိုင်အမျိုးသားပါတီ ANP ရဲ့ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်ဟောပြောချက်စာတမ်းကို ပြန်လည်ပြင်ဆင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောထားပေမယ့် ပါတီဘက်ကတော့ ပြန်လည်ပြင်ဆင်ပေးမှာ မဟုတ်ကြောင်း ANP ပါတီခေါင်းဆောင်တစ်ဦးက ပြောလိုက်ပါတယ်။ မပြင်ပေးနိုင်တဲ့အတွက် ကော်မရှင်က ခွင့်မပြုဘူးဆိုရင်လည်း ရုပ်မြင်သံကြားမှာ ဟောပြောမှာ မဟုတ်ဘူးလို့ ရခိုင်အမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော် က ပြောပါတယ်။ “လူမျိုးကိုအခြေခံတဲ့ ပြည်နယ်များနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုပေါ်ပေါက်ရေး ဆိုတဲ့စာသားကို အဲဒါဟာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ မကိုက်ညီတဲ့အတွက် အဲဒီစာသားကို ပြန်ပြင်ဖို့ဆိုပြီးတော့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားလာပါတယ်။ ပါတီရဲ့မူဝါဒကို အလွယ်တကူပြုပြင်ပြောင်း လဲလို့ မရနိုင်ပါဘူး။ ပြုပြင်ပြောင်းလဲမှုမလုပ်လို့ ကျနော်တို့ကို ခွင့်မပြုရင် ကျနော်တို့က ရုပ်မြင်သံကြား မှာ မပြောရုံပဲရ

ရှမ်းမြောက် မူဆယ်မြို့နယ်တွင် အစိုးရတပ်နှင့် မြောက်ပိုင်းမဟာမိတ် တိုက်ပွဲ ဖြစ်

30 August 2018 မုန်းကိုးမြို့ပြင် လမ်းဘေး မိုင်းရှင်းနေတဲ့ မြန်မာအစိုးရ စစ်သားများ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် နမ်အွမ် ကျေးရွာ အနီး မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု နှင့် မြန်မာအစိုးရတပ် တို့ သြဂုတ် (၂၉) ယမန်နေ့ တိုက်ပွဲကြောင့် ဒေသခံများ တောင်ယာ လုပ်ကိုင်ရန် စိုးရိမ်မှုများ ရှိနေကြပါသည်။ တိုက်ပွဲ ဖြစ်ပွားရာ နေရာ Bum Pri Bum နယ်မြေသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း (၉) နယ်မြေ ဖြစ်ပြီး Northern Alliance-Burma တိုင်းရင်းသား တော်လှန်ရေး တပ်ပေါင်းစု တပ်ဖွဲ့များ ရှိရာသို့ အစိုးရတပ် စစ်ကြောင်းများ ဝင်ရောက်လာကြောင့် တိုက်ပွဲ ဖြစ်ပွားရသည်ဟု ဒေသခံ တစ်ဦး ကချင်သတင်းဌာန KNG ကို ယခုလိုပြောသည်။ “တိုက်ပွဲ ဖြစ်တာတော့ မကြာဘူး။ မနေ့က မနက်ပိုင်း ၈ နာရီလောက်မှာ ၁ကြိမ်၊ မွန်းလွဲပိုင်း ၃ နာရီ လောက်မှာ ၁ ကြိမ် ပြန်တိုက်ကြတယ်။ မြန်မာအစိုးရတပ် ဖက် က လက်နက်ကြီး ပစ်ခတ်သံတွေလည်း ကြားနေရတယ်။” ယနေ့ တိုက်ပွဲ မကြားရသော်လည်း ပြန်လည် ဖြစ်ပွားလာမည်ကို ဒေသခံ ပြည်သူများ တောင်ယာ လုပ်ကိုင်ရန် စိုးရိမ်နေကြပါသည်။ Kachinnews

ကုလစုံစမ်းရေးတွေ့ရှိချက် မပြည်စုံနိုင်ဟု Stimson Center သုတေသီသုံးသပ်

31 August 2018 Stimson Center ရဲ့ အရှေ့အာရှရေးရှာ အစီအစဉ်ရဲ့ တွဲဖက် ညွှန်ကြားရေးမှူး၊ တရုတ်ဆိုင်ရာ အစီအစဉ်ရဲ့ ညွှန်ကြားရေးမှူး Yun Sun လူမျိုးတုံးရှင်းလင်းရေး ရည်ရွယ်ချက်နဲ့ ရိုဟင်ဂျာ မူဆလင်တွေကို ရှင်းလင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာ စစ်တပ် တာဝန်ရှိသူတွေကို စွဲချက်တင်ဖို့ ကုလသမဂ္ဂ အချက်အလက်ရှာ အဖွဲ့ရဲ့ အစီရင်ခံစာကို မြန်မာ အစိုးရက လက်မခံ ပယ်ချခဲ့ပါတယ်။ မြန်မာနိုင်ငံထဲကို ၀င်ရောက်ခွင့် မရဘဲ ဘင်္ဂလားဒေရှ့်မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံမေးမြန်းပြီး ထုတ်ပြန်လိုက်တဲ့ ကုလ အစီရင်ခံစာက မပြည့်စုံဘူးလို့ အမေရိကန် အခြေစိုက် Stimson Center ရဲ့ အရှေ့အာရှရေးရှာ အစီအစဉ်ရဲ့ တွဲဖက် ညွှန်ကြားရေးမှူး၊ တရုတ်ဆိုင်ရာ အစီအစဉ်ရဲ့ ညွှန်ကြားရေးမှူး Yun Sun က သုံးသပ်ပါတယ်။ CCTV သတင်းတပုဒ်ကို မသိင်္ဂီထိုက် ပြန်ပြောပြမှာပါ။ ရခိုင်ပြည်နယ်တွင်းကနေ ရိုဟင်ဂျာ ဒုက္ခသည် သိန်းနဲ့ချီပြီး ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးခဲ့ကြရတာက မြန်မာ စစ်တပ်ရဲ့ အင်အားအလွန်အကျွံသုံး နယ်မြေ ရှင်းလင်းမှုတွေကြောင့်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်က ဖွဲ့စည်းတဲ့ မြန်မာ ဆိုင်ရာ အချက်အလက်ရှာ အဖွဲ့က အစီရင်ခံစ

ဆီးရီးယား မှာ စစ်မုန်တိုင်း ကြီး တိုက်တော့မလား

31 August 2018 အရပ်သားတွေ ကယ်ထုတ် ဖို့ ကုလ တောင်းဆို ဆီးရီးယား နိုင်ငံ အနောက်မြောက်ပိုင်း က သူပုန် တွေ ထိန်း ချုပ်ထားတဲ့ အဒ်လစ် ပြည်နယ် ကို အစိုးရ စစ်တပ် က ထိုးစစ်ဆင် တိုက်ခိုက်ဖို့ လုပ် ဆောင် နေပါတယ်။ အဲဒီ ပြည်နယ် မှာ စစ်မုန်တိုင်းကြီး တခု ဖြစ်လာ နိုင်ကြောင်း ကုသမဂ္ဂ အဖွဲ့ကြီး က လည်း သတိပေးနေပါတယ်။ ဒီနေရာဟာ ဆီးရီးယား သူပုန်တွေ ရဲ့ အခိုင်အမာ နောက်ဆုံး ထိန်းချုပ် ထားတဲ့ ဒေသ ဖြစ်တာ ကြောင့် အစိုးရ စစ်တပ်အနေနဲ့ ထိုးစစ်ကြီး တခု ဆင်နွှဲပြီး သိမ်းပိုက် လိုတာ ဖြစ်ပါတယ်။ ဒီကိစ္စ နဲ့ ပတ်သက်လို့ ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီး ဝါလစ် အယ်မိုလန် က အဒ်လစ် ကို ထိန်းချုပ် ထားတဲ့ အယ်လ်နူစရာ တပ် ကို ချေမှုန်းဖို့ လုပ်ဆောင် တာပါ။ နည်းလမ်းပေါင်းစုံ သုံးပြီးတော့ တိုက်ခိုက်သွားမှာပါ။ ဒါပေမယ့် အရပ် သားတွေ အထိအခိုက် မရှိအောင်တော့ ဆောင်ရွက် ထားပါတယ် လို့ ပြောဆို ပါတယ်။ ရုရှား စစ်သင်္ဘောတွေ ဆိုက်ရောက်လာနေ ဆီးရီးယား သမ္မတ အာဆတ် အစိုးရ ကို ထောက်ခံမှု ပေးနေတဲ့ ရုရှား ဘက်ကလည်း အဒ်လစ် က အကြမ်းဖက် သမားတွေ ကို တိုက်ထုတ် မယ်လို့ ပြောဆို နေပါတယ်။ သူတို့ဟာ အရပ်သား တွေ ကို လူသား အကာအကွယ် အဖြစ် အသ

တပ်ချုပ်ကို Facebook မှ ဖယ်ရှားခြင်းသည် အပြီးအပိုင်ဖယ်ရှားခြင်းဟု ကုမ္ပဏီ ပြော

Myanmar Now (ရန်ကုန်) – အမေရိကန်နိုင်ငံအခြေစိုက် လူမှုကွန်ရက်ဖေ့စ်ဘွတ်ကုမ္ပဏီက ၎င်းတို့၏အွန်လိုင်းစာမျက်နှာတွင် မြန်မာနိုင်ငံ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကို သြဂုတ်လ ၂၇ ရက်နေ့မှစ၍ ဖယ်ရှားလိုက်ခြင်းသည် အပြီးအပိုင်ဖယ်ရှားလိုက်ခြင်းဖြစ်ကြောင်း ကုမ္ပဏီ၏ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်သည်။ “ခုလို ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကို ပိတ်ပင်လိုက်တာ အပြီးအပိုင် ထာဝရ ပိတ်ပင်လိုက်တာပါ။ ဖေ့စ်ဘွတ်ပေါ်မှာ သူ့ကို ဆက်လက်ရှိနေဖို့ ခွင့်မပြုတော့ပါဘူး” ဟု ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး Ruchika Budhraja က Myanmar Now ကို ပြောသည်။ သြဂုတ် ၂၇ တွင် ဖေ့စ်ဘွတ်ကပိတ်ပင်သည်ဟု ကြေညာသည့်စာရင်းတွင် တပ်ချုပ်၏ ဖေ့စ်ဘွတ်စာမျက်နှာအပြင် တပ်မတော်ပိုင် မြဝတီသတင်းဌာနနှင့် ထိပ်တန်းတပ်မတော်အရာရှိကြီးများ၏ ဖေ့စ်ဘွတ်စာမျက်နှာများလည်း ပါဝင်သည်။ ပိတ်ပင်ခံရသောသူများနှင့် အဖွဲ့များ၏ စာရင်းအား ဖေ့စ်ဘွတ်ကုမ္ပဏီအား Myanmar Now က အီးမေးလ်ဖြင့်တောင်းခံရာ ပြန်လည်ပေးပို့ခဲ့သောစာရင်းတွင် အောက်ပါနာမည်များ ပါဝင်သည်ကို တွေ.ရသည်။ ၁။ တပ်မတော်ကာကွယ်ရေ

NLD အစိုးရ ဘဏ်လုပ်ငန်းပြုပြင်ပြောင်းလဲမှု

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်   ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ လွှတ်တော်ဟာ အစိုးရကို ညှာနေရတဲ့ပုံစံ ဖြစ်နေတယ်လို့ ဖွံ့ဖြိုးတိုးတက်မှုကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင် ပြောပါတယ်။ ဘဏ်လုပ်ငန်းပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအပါအဝင် အစိုးရရဲ့ လွှတ်တော်တွင်း ဆောင်ရွက်မှုတွေနဲ့ပါတ်သက်လို့ မစုမြတ်မွန်က ဆက်သွယ်မေးမြန်းထားပါတယ်။ မစုမြတ်မွန် ။ ။ ဒေါ်သက်သက်ခိုင် အခုလို VOA ကို အချိန်ပေးပြီးတော့ အင်တာဗျူး ဖြေတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။ ဒေါ်သက်သက်ခိုင် ။ ။ ကျမလည်း VOA ကို ကျေးဇူးတင်ပါတယ်။ မစုမြတ်မွန် ။ ။ ဒေါ်သက်သက်ခိုင် က ဘဏ်များနဲ့ ငွေရေးကြေးရေးဆိုင်ရာ ဖွံ့ဖြိုးမှုကော်မတီရဲ့  ကော်မတီဝင်တယောက်လည်း ဖြစ်ပါတယ်။ ဆိုတော့ ပထမဦးဆုံး မေးချင်တာကတော့ မြန်မာနိုင်ငံရဲ့  စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အထူးသဖြင့် အသေးစား နဲ့ အလတ်စား စီးပွားရေး တိုးတက်ဖို့အတွက်ကို ဘဏ်လုပ်ငန်းတွေဘက်ကနေ ဘယ်လောက်အထိ ပံ့ပိုးကူညီမှု ပေးနိုင်ပြီလို့ ပြောလို့ရပါသလဲရှင့်။ ဒေါ်သက်သက်ခိုင် ။ ။ ကျမတို့ကတော့ တဖြည်းဖြည်းစနေတာပေါ့။

ဒီချုပ်အမတ် ဒေါ်သက်သက်ခိုင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို လူမှန်နေရာမှန် မရွေးနိုင်သူ၊ တစ်ကွင်းလုံး ပတ်ပြေးနေသူအဖြစ် ပုံဖော် ပြောဆိုတာ နှစ်ခါ ရှိသွားပါပြီ။

ဘောလုံး ဝါသနာပါလှတဲ့ ဒီချုပ်အမတ် ဒေါ်သက်သက်ခိုင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို လူမှန်နေရာမှန် မရွေးနိုင်သူ၊ တစ်ကွင်းလုံး ပတ်ပြေးနေသူအဖြစ် ပုံဖော် ပြောဆိုတာ နှစ်ခါ ရှိသွားပါပြီ။ ပထမတစ်ခါက ဒီချုပ်အစိုးရ တက်ခါစက ဖြစ်ပြီး ဒုတိယတစ်ခါကတော့ ဒီရက်ပိုင်း ရန်ကုန်ခေတ်သစ် မီဒီယာက လုပ်တဲ့ အင်တာဗျူးမှာ ပြောသွားတာပါ။ အဲဒီ မီဒီယာက မေးပြီး သူဖြေသွားတဲ့အထဲမှာ စီးပွါးရေးနဲ့ဆိုင်တဲ့ အကြောင်းအရာအချို့ဟာ လက်ခံနိုင်လောက်စရာ ဖြစ်ပေမဲ့... ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တာတွေကတော့ ရှုထောင့်တစ်ခုတည်းကနေ ပြောနေတဲ့ စကားတွေ ဖြစ်နေတာမို့ ပြန်ရှင်းဖို့ လိုပါတယ်။ . . . ဒီလို ရှင်းရာမှာ သူပိုနားလည်အောင် သူကြိုက်တဲ့ ဘောလုံး ဥပမာကိုပဲ သုံးပါမယ်။ ဒေါ်သက်သက်ခိုင်ရဲ့ ဘောလုံးဥပမာကို ဖွင့်ဆိုရရင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေရာတကာ ဝင်ပါနေပြီး အစိုးရ အဖွဲ့ဝင်တွေကို လုပ်ပိုင်ခွင့် မပေးဘူးလို့ ဆိုလိုရာ ရောက်ပါတယ်။ ဘောလုံးအသင်းတစ်ခုမှာ အရေးအကြီးဆုံးက နည်းပြ ဖြစ်ပေမဲ့ တကယ် ကွင်းထဲမှာ ကန်တာက ကစားသမားတွေ ဖြစ်တယ် ဆိုတာဟာ အပေါ်ယံသဘောအရ ဒေါ်သက်သက်ခိုင် ပြောတာ မှန်သလိုလို ဖြစ်ပေမဲ့ ဒါဟာ သူက ဘောလုံးလောကအကြောင်းကို တကယ်တမ်း သေချာနားမ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် ဇနီး ဒေါ်ချိုချို နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိ

ကတ္တမန္ဒူး၊ သြဂုတ် ၂၈ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့သည် နီပေါဖက်ဒရယ် ဒီမိုကရက် တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ၏ ဖိတ်ကြားချက်အရ နီပေါ ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ ကျင်းပသည့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန်နှင့် တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်ရန် ယနေ့မွန်းလွဲ ၁ နာရီတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ထွက်ခွာ သည်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါ ဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံရုံးယာယီတာဝန်ခံ Mr. Raju K.C နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြ သည်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချ

မြန်မာအစိုးရဆောင်ရွက်ချက်တွေအပေါ် ICG အဖွဲ့ သုံးသပ်အစီရင်ခံ

29 August 2018 ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ၂ဝ၁၇ နိုဝင်ဘာလ ၁၃ ရက်နေ့ကကျင်းပသည့် ကုလသမဂ္ဂ- အာစီယံ ထိပ်သီးဆွေးနွေးပွဲသို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်- နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စဉ်။ (Photo: Linus Escandor II/Pool/ AFP) ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရ သက်တမ်းတစ်ဝက်အတွင်း ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ သုံးသပ်ထားတဲ့ အစီရင်ခံစာတစ်စောင်ကို နိုင်ငံတကာ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) က သြဂုတ်လ ၂၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ အစိုးရ ၅ နှစ်သက်တမ်း ထက်ဝက်ကျိုးလာချိန်မှာ မြန်မာနိုင်ငံဟာ လမ်းဆုံလမ်းခွကို ရောက်နေပြီး၊ စစ်တပ်ရဲ့ ရက်စက်တဲ့ စစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးသွားရတဲ့ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ ကြီးမားတဲ့ဝေဖန်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ အစီရင်ခံစာက သုံးသပ်ထားပါတယ်။ နိုင်ငံရေးမှာတင်မက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကစလို့ စီးပွားရေးကဏ္ဍအထိ ဆောင်ရွက်ချက်တွေကို ကြည့်မယ်ဆိုရင် အစိုးရဟာ မဟာဗျူဟာချမှတ်ရာမှာပဲဖြစ်ဖြစ်၊ မူဝါဒ အကောင်အထည်ဖော်ရာမ

ရခိုင်အရေး ဒေါ်စုကို အပြစ်မဖို့ဖို့ Mitch McConnell ပြောဆို

29 August 2018 မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ ကြမ်းကြုတ်ရက်စက်မှုတွေကို ကျူးလွန်ခဲ့ကြတဲ့ မြန်မာ့စစ်တပ်ရဲ့ လုပ်ရပ်တွေကို ဟန့်တားနိုင်တဲ့ အာဏာတွေ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှာ မရှိတဲ့အတွက် အဲဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး သူ့ကို အပြစ်တင်လို့မရဘူးလို့ အမေရိကန်အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell က မနေ့ အင်္ဂါနေ့မှာ ပြောပါတယ်။ ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာတွေ ဟာကြမ်းကြုတ်ရက်စက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်ဆိုတာ သံသယမရှိဘူးလို့လည်း ရိုက်တာသတင်းထောက် တယောက်ရဲ့အမေးကို Mitch McConnellကဖြေကြား သွားပါတယ်။ လုံခြုံရေးကောင်စီမှာ မနေ့ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ တံခါးဖွင့်ဆွေးနွေးပွဲ မှာလည်း ရိုဟင်ဂျာ အရေး အမေရိကန်နိုင်ငံခြားရေးဌာနက စုံစမ်းစစ်ဆေးရေးမှူးတွေ ရဲ့ တွေ့ရှိချက်တွေဟာ ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ ဒီသီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့တဲ့ တွေ့ရှိချက်အစီရင်ခံစာနဲ့ ကိုက်ညီမှုရှိတယ်လို့လည်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟေလီက ပြောပါတယ်။ မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ်(genocidal intent) လူမျိုးတုန်းလောက်

ဗိုလ်ချုပ်ကြီးတွေကို အရေးယူရေး ကုလအတွင်းရေးမှူးချုပ် ပြော

29 August 2018 ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres ကို တွေ့ရစဉ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres အန်တိုနီယို ဂွတ်တားရက်ဇ် က ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြခဲ့တဲ့ မြန်မာတပ်ဖွဲ့တွေရဲ့ အစုအပြုံလိုက် သတ်ဖြတ်မှုတွေ၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုတွေနဲ့ အဲဒီလို လုပ်ဆောင်ခဲ့မှုတွေအတွက် တာဝန်ရှိတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တခြား ဗိုလ်ချုပ်ကြီး ၅ ဦး ကို စွဲချက်တင်စစ်ဆေးရန် အကြံပေးချက်တွေကို အဖွဲဝင်နိုင် ငံတွေ လေးလေးနက်နက် စဉ်းစားကြဖို့ လုံခြုံရေးကောင်စီမှာ မနေ့က ပြောကြားလိုက်ပါတယ်။ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ ၂၇ ရက်နေ့ ထုတ်ပြန်ချက်မှာ မြန်မာတပ်ဖွဲ့တွေဟာ ရိုဟင်ဂျာတွေကို “Genocidal intent” လူမျိုးတုံး သတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိရှိ ဆုံးဖြတ်လုပ်ဆောင်ခဲ့တယ်လို့ ဖေါ်ပြထားပေမယ့် ကုလ အတွင်းရေးမှူးချုပ်က အဲဒီ စကားလုံးကို ရှောင်ကွင်းပြီး အစီရင်ခံစာမှာ ပါဝင်တဲ့အတိုင်း မြန်မာတပ်ဖွဲ့တွေရဲ့ လူအခွင့်အရေးချိုးဖေါက်မှု လက္ခဏာတွေဟာ နိုင်ငံတကာ ဥပဒေတွေအရ အင်မတန်ကြီးမားတဲ့ ရာဇဝတ်မှုတွေကို ကျယ်ကျယ်ပျံ့ပျံ့ ကျူးလွန်ခဲ့ြေ

မြန်မာကိုကာကွယ်တဲ့ တရုတ်နဲ့ ရုရှားကို Yang-hee Lee ဝေဖန်

30 August 2018 လူ့အခွင့်အရေးကောင်စီတွင် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ တင်သွင်းနေသည့် ပါမောက္ခ Yang-hee Lee ။ ၁၂ မတ် ၂၀၁၈။ မြန်မာ စစ်ခေါင်းဆောင်တွေကို ICC နိုင်ငံတကာ ရာဇ၀တ်ခုံရုံးတင်ဖို့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေကို ကန့်ကွက်ခဲ့တဲ့ လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် တရုတ်နဲ့ ရုရှားရဲ့လုပ်ရပ်ဟာ ပိုပြီး အပြစ်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က ပြောကြားလိုက်ပါတယ်။ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။ တနင်္လာနေ့ကထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို အတင်းအကျပ် မောင်းထုတ်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးမှာ စစ်တပ်ခေါင်းဆောင်တွေမှာ တာဝန်ရှိကြောင်းနဲ့ သူတို့ကို ICC ခုံရုံးတင် တရားစွဲဖို့ အကြံပြုထားပါတယ်။ ဒီအချက်နဲ့ပတ်သက်လို့ အင်္ဂါနေ့က လုံခြုံရေးကောင်စီမှာ ကျင်းပတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံအနက် တရုတ်နဲ့ ရုရှားကပဲ ကန့်ကွက်ခဲ့တဲ့အပေါ်မှာ Yanghee Lee က စီအန်န်အန်န်သတင်းဌာနနဲ့

စစ်​ဗိုလ်​ချုပ်​​တွေရဲ့ဘဝကို ပြည်​သူ​တွေdeleteလို့ရရင်​ သိပ်​​ကောင်းမှာပဲ

ဖေ့စ်​ဘွတ်​ဖွင့်​​တော့လည်း ​ဖေ့စ်​ဘွတ်​စည်းမျဉ်းနဲ့အညီမသုံးဘူး ဆင်းကဒ်​ထုတ်​​တော့လည်း ပြိုင်​ဘက်​​အော်​ပ​ရေတာ​တွေကြားထဲ မျှမျှတတယှဉ်​ပြိုင်​ချင်​တဲ့စီးပွား​ရေးEthicမရှိဘူး ဦးပိုင်​​ကုမ္ပဏီ​ထောင်​​တော့လည်း တိုင်းပြည်​ကိုအခွန်​မ​ဆောင်​ဘူး လွှတ်​​တော်​ထဲဝင်​ထိုင်​​တော့လည်း ပြည်​သူ့ကိုယ်​စားလှယ်​​တွေကို ကန့်​လန့်​တိုက်​ဖို့ကလွဲပြီးအခြားဘာမှမလုပ်​ဘူး ကမ္ဘာမှာ"လူပါးဝပြိုင်​ပွဲ"ရှိရင်​... မြန်​မာစစ်​တပ်​ကလွဲပြီး ဘယ်​သူမှ နံပါတ်​၁ မချိတ်​ဘူး ပွင့်​ပွင့်​လင်းလင်း​ပြောရရင်​ စစ်​တပ်​ဟာ ​ဖေ့စ်​ဘွတ်​စည်းမျဉ်းနဲ့တင်​ မညီတာမဟုတ်​ဘူး စစ်​တပ်​စည်းမျဉ်းနဲ့လည်းမညီဘူး စစ်​တပ်​ဟာ လူ့စည်းမျဉ်းနဲ့​တောင်​မညီဘူး စစ်​တပ်​ဟာ ဘာစည်းမျဉ်းနဲ့မှကိုမညီဘူး စစ်​တပ်​ဟာ စနစ်​တကျပရမ်းပတာဖြစ်​​နေတဲ့ အဖွဲ့အစည်းပဲ ကမ္ဘာမှာဘယ်​စစ်​တပ်​မှမြန်​မာ့စစ်​တပ်​လို စီးပွား​ရေးမ​သောင်းကျန်းဘူး ယုတ်​စွအဆုံး ငယ်​သား​တွေ​ရှေ့တန်းမှာ ငှက်​​ပျောအူစားရပြီး ​ခေါင်း​ဆောင်​​တွေ​ နောက်​တန်းမှာ ဘီလျံနာ ဖြစ်​​နေတဲ့ စစ်​တပ်မျိုးကမ္ဘာမှာမရှိဘူး ကမ္ဘာမှာဘယ်​စစ်​တပ်​မှမြန်​မာ့စစ်​တပ်​လ

ခိုးဝင်ဘင်္ဂလီတွေကို လူမျိုးတုံးသတ်ဖြတ်နေတယ်လို့ မဆုံးဖြတ်နိုင်

ခိုးဝင်ဘင်္ဂလီတွေနဲ့ ဘင်္ဂလီလော်ဘီတွေက အမေရိကန်အစိုးရကို အတင်းကပ်ပြီး မြန်မာပြည်က ခိုးဝင်ဘင်္ဂလီတွေကို လူမျိုးတုံးသတ်ဖြတ်နေတယ်လို့ငိုယိုနေကြပေမဲ့၊ အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဟယ်သာနော့အာ့တ် ကတော့ "လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့စကားဟာ ဥပဒေကြောင်းအရတိတိကျကျ သေသေချာချာသတ်မှတ်သုံးစွဲရတဲ့စကားဖြစ်ကြာင်း၊ လက်ရှိမှာ အမေရိကားက မြန်မာအစိုးရတပ်တွေက ခိုးဝင်ဘင်္ဂလီတွေကို လူမျိုးတုံးသတ်ဖြတ်ဘို့ရည်ရွယ်ချက်နဲ့ သတ်ဖြတ်ခဲ့ပါတယ်လို့ ဥပဒေကြောင်းအရ သတ်မှတ်ထားခြင်းမရှိကြောင်း" ပြောကြားခဲ့ပါတယ်။ Source: Washington Post