နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် ဇနီး ဒေါ်ချိုချို နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိ
ကတ္တမန္ဒူး၊ သြဂုတ် ၂၈
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့သည် နီပေါဖက်ဒရယ်
ဒီမိုကရက် တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ၏ ဖိတ်ကြားချက်အရ
နီပေါ ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ ကျင်းပသည့် စတုတ္ထအကြိမ်မြောက်
ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန်နှင့်
တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်ရန် ယနေ့မွန်းလွဲ ၁ နာရီတွင်
အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ထွက်ခွာ သည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါ ဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံရုံးယာယီတာဝန်ခံ Mr. Raju K.C နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြ သည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့နှင့်အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံးဝန်ကြီး ဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် ဇနီး ဒေါ်ချိုချိုနှင့်အဖွဲ့ဝင်များသည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ ကတ္တမန္ဒူးမြို့ ထရီဗူဗန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိကြရာ နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး သီရိပျံချီ ဦးထွန်းနေလင်းနှင့် နီပေါ ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံတမန်ရေးရာဌာန အကြီးအကဲ Mr. Deepark Adikahi တို့က လေယာဉ်ပေါ်၌ ခရီးဦးကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် ထရီဗူဗန်အပြည်ပြည်ဆိုင်ရာလေဆိပ် ရှိ အလေးပြုခံစင်မြင့်သို့ရောက်ရှိရာ နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယ ၀န်ကြီးချုပ် Mr. Ishwor Pokhrel က ကြိုဆိုနှုတ်ဆက်ပြီး နိုင်ငံတော်သမ္မတနှင့် နီပေါ ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယ၀န်ကြီးချုပ်တို့သည် နီပေါဖက်ဒရယ်ဒီမို ကရက်တစ် သမ္မတနိုင်ငံဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ခေတ္တ တည်းခိုမည့် Soaltee Crown Palaza Hotel သို့ရောက်ရှိကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့သည် မော်တော် ယာဉ်များဖြင့် နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံမြန်မာသံရုံးသို့ ရောက်ရှိပြီး နီပေါ - မြန်မာ ချစ်ကြည်ရေးအသင်းနှင့် နီပေါ - မြန်မာ ကုန်သည်ကြီးများအသင်းတို့မှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ အားတွေ့ဆုံသည်။
ဆက်လက်၍ နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး ၀န်ထမ်းများ၊ မိသားစုဝင်များနှင့်တွေ့ဆုံပြီး လိုအပ်သည်များကိုမှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်မြင့်နှင့် ဇနီးဒေါ်ချိုချိုနှင့် အဖွဲ့သည် နီပေါ ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး သီရိပျံချီ ဦးထွန်းနေလင်း နှင့် ဇနီးတို့ကတည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်သည်။
MPO

Comments
Post a Comment