ဆရာ ဆရာမများ သမဂ္ဂ နှင့် ရတနာပုံတက္ကသိုလ် ဆရာ ဆရာမများ အစည်းအရုံး ကကျောင်းသားများ၏ ဆန္ဒပြတောင်းဆိုမှုကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ
မန္တလေး ၊ ဇန်နဝါရီလ ၂၃၊ ၂၀၁၈ မန္တလေးရတနာပုံတက္ကသိုလ်အတွင်း ကျောင်းသားများ၏ ဆန္ဒပြတောင်းဆို မှုကို ပြင်းထန်စွာကန့်ကွက်ရှုံ့ချကြောင်း မန္တလေးတက္ကသိုလ် ဆရာ ဆရာမများ သမဂ္ဂ နှင့် ရတနာပုံတက္ကသိုလ် ဆရာ ဆရာမများ အစည်းအရုံး က ယနေ့တွင် ထုတ်ပြန်ခဲ့သည်။ ရတနာပုံတက္ကသိုလ်တွင် ဇန်နဝါရီလ ၂၂ ရက်နေ့ နှင့် ၂၃ ရက်နေ့တို့က ပညာရေးအသုံးစရိတ်တိုးမြှင့်ရေးအတွက် ကျောင်းသားသမဂ္ဂ (၂၀) ကျော် က ပူးပေါင်းတောင်းဆိုခဲ့ပြီး ကျောင်းအတွင်း လှည့်လည်ဆန္ဒဖော် ထုတ်ခဲ့ သည်။ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် တရားဥပဒေစိုးမိုးရေး တို့ကို အရေးတကြီးဖော်ဆောင်နေသည့်အချိန်တွင် ဥပဒေနှင့်မညီသော စုရုံးဆန္ဒပြမှုများကို မန္တလေးတက္ကသိုလ် ဆရာ ဆရာမများ သမဂ္ဂ နှင့် ရတနာပုံတက္ကသိုလ် ဆရာ ဆရာမများ အစည်းအရုံးက ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ထားသည်။ ``ဆရာမတို့အနေနဲ့ က ပညာရေးအသုံးစရိတ်တိုးတောင်းတာကိုတော့ လက်ခံတယ် ။ ဒါပေမယ့် တောင်းဆိုတဲ့ နည်းလမ်းလွဲနေတယ် ။ တကယ်က လွှတ်တော်ကနေတစ်ဆင့်သွားမှ အဆင်ပြေမယ် ။´´ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများ သမဂ္ဂ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်ပပစိန် က ပြောသည်။ ဆန္ဒပြပွဲတွင် အသံချဲ့စက်မျာ