Skip to main content

မုဆိုးမကာတဲ့ ခြံစည်းရိုး!

အုန်း မြင့် ေဌးစောင့်ကြည့်ရန် ကြည့်​ထား..
အဲ့ဒါ.....မုဆိုးမကာတဲ့ ခြံစည်းရိုး!
ချွေးခံအိတ်​ထဲက
တစ်​ပြားနှုတ်​ နှစ်​ပြားနှုတ်
ခြစ်​ခြစ်​ကုတ်​ကုတ်​ နှိုက်​ထုတ်​ပြီး
လုံ​အောင်​ကာတဲ့ ခြံစည်းရိုး။

ကြည့်​ထား..
အဲ့ဒါ.....မုဆိုးမကာတဲ့ ခြံစည်းရိုး!
တစ်​​ပေ နှစ်​သိန်းခွဲ
ဆယ်​​ပေ သိန်းအစိတ်​နှုန်းနဲ့
ခွေးတိုး​ပေါက်​ချန်​ထားခဲ့တဲ့ လူ့ဗာလာနံ​တွေ
ကာတဲ့ စည်းရိုးမဟုတ်​ဘူး။
ကြည့်​ထား..
အဲ့ဒါ.....မုဆိုးမကာတဲ့ ခြံစည်းရိုး!
သံဆူးကြိုး​တွေ ၊ကွန်​ကရစ်​​တွေနဲ့
ရွှေ​ချောင်း ​သေတ္တာလိုက်​ကို
မိသားစုဆယ်​သက်​စာ ဖူလုံ​အောင်​လဲစား။
ငါ့​မြေစည်းရိုး လုံခြုံဖို့ထက်
ငါ့မိသားစု ကုံလုံဖို့ အားထုတ်​သွားတဲ့
လောဘသမား​တွေကာတဲ့ စည်းရိုးမဟုတ်​ဘူး။
ကြည့်​ထား..
အဲ့ဒါ.....မုဆိုးမ​ကာတဲ့ ခြံစည်းရိုး!
ဘီလျံ _ ၁၉၀ ကို အိပ်​ကပ်​ထဲသိပ်​ထည့်
စတိသ​ဘော​လောက်​ပဲ ကာခဲ့လို့
စည်းရိုးပုခက်​တိုင်​ ဖြစ်​သွားရ​အောင်​ရိုးတဲ့
အ​ဖေရိုး အ​မေရိုးနဲ့
ဘုရားဒကာ လူရိုးကြီးကာတဲ့ က​ချော်​ကချဲ့
စည်းရိုး မဟုတ်​ဘူး။
ကြည့်​ထား..
အဲ့ဒါ.....မုဆိုးမကာတဲ့ ခြံစည်းရိုး!
ဒို့​မြေ လက်​နဲ့
တစ်​လက်​မမှ အထိမခံဘူး​ဟေ့!
မဏ္ဍပ်​တိုင်​ ကားယားခွ
တ​ကြော်​​ကြော်​ဟစ်​​အော်​ရင်း ပဏာယူ ...
ခြေ​ထောက်​နဲ့ စစ်​တလင်းဖြစ်​​အောင်
နင်းချင်​တိုင်း နင်းသွားကြဖို့
ကြမ္မာဖန်​တီး​ပေးခဲ့သူ​တွေ ကာတဲ့
ရှေ့ဖုံး ​နောက်​လွတ်
ရိုးတိုင်​ကျွတ်​ စည်းရိုးမဟုတ်ဘူး။
ကြည့်​ထား..
အဲ့ဒါ.....မုဆိုးမကာတဲ့ ခြံစည်းရိုး!
ဆန်​​ပေးလို့ ဆီပြန်​ယူ
ဘေးအိမ်​ကကူတာ လက်​မခံဘူး။
တစ်​ကမ္ဘာလုံးနဲ့ တစ်​​ယောက်
ဘယ်​မျက်​နှာ​တွေမှ မ​ထောက်​ထားပဲ....
ကိုယ့်​အိမ်​လုံဖို့
ခပ်​​မောက်​​မောက်​နဲ့ကာပြတဲ့ စည်းရိုး။
ကြည့်​ထား..
အဲ့ဒါ.....မုဆိုးမကာတဲ့ ခြံစည်းရိုး!
ဘီလျံတစ်​ရာ ​လျှော့သုံးပြီး
ဆယ်​ဆမက လန်​ထွက်​​နေ​အောင်
ခိုင်​ခိုင်​ခံ့ခံ့ကာတဲ့ စည်းရိုး။
ကြည့်​ထား..
အဲ့ဒါ.....မုဆိုးမကာတဲ့ ခြံစည်းရိုး!
မိန်းမဖျက်​ ပြည်​ပျက်​သတဲ့
တကယ်​တမ်း...
ပြည်​ဖျက်​ခဲ့တဲ့ အ​တောင်​နှစ်​ဆယ်​ဝတ်​​တွေ
လက်​ညိုးတစ်​ထိုးထိုးနဲ့ ယိုးစွတ်​​နေချိန်
ပြည်​မဖျက်​ရပဲ
ပြည်​အတွက်​ ရတက်​​ပွေ​နေရတဲ့
မုဆိုးမအိုကြီးက ...
ယိုင်​​နေတဲ့အိမ်​အတွက်​ ​ဒေါက်​တိုင်​ထူတယ်​။
မလုံခြုံတဲ့ စည်းရိုးအတွက်
တစ်​ပါးရန်​ မဝင်​​အောင်​......
ထမီ​တောင်း​တောင်းဝတ်​ စည်းရိုးကာတယ်​။
ကြည့်​ထား..
အဲ့ဒါ.....မုဆိုးမကာတဲ့ ခြံစည်းရိုး!
မျက်​​တောင်​​မွှေးတစ်​ဆုံး အမြင်​နဲ့
လောဘ တသက်​သက်
ခြံစည်းရိုးနဲ့ တစ်​နပ်​စာ လဲစားရက်​ခဲ့သူ​တွေ
ရှက်​တတ်​​လာစေဖို့....
မုဆိုးမကာတဲ့ ခြံစည်းရိုးကြီးက
သင်​ပြ​ပေး​နေတယ်​။
တဒင်္ဂ​လောက်​ဖြစ်​ဖြစ်​ ရှက်​ကြစမ်း​စေ။ ။
.
Wai Yan Lin Thet
.
ခရက်​ဒစ်​ Wai Gyi

Comments