Skip to main content

ရခိုင်လူမျိုးတိုင်း ဖတ်စေချင်ပါတယ် ...


Thein Myint  ၏ ဓာတျပုံရခိုင်လူမျိုးကို ကျွန်လို့ သမုတ်တာ လက်မခံနိုင်ဘူးဆိုတဲ့
ဒေါက်တာဌေးလှိုင်နဲ့ သံတော်ဆင့်တို့ရဲ့ အင်တာဗျူးလေးပါ
"မြန်မာသံတော်ဆင့်ဂျာနယ်"ကမေးလို့ဖြေလိုက်ပါတယ်။
မေး ။ပထမဆုံးအနေနဲ့ ရခိုင်လူမျိုး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ရခိုင်လူမျိုးအားလုံးကို ကျွန်လို့သမုတ်တာ ရခိုင်လူမျိုးတစ်ဦးအနေနဲ့ ဘာများချေပပြောချင်ပါလဲခင်ဗျ။
ဖြေ ။လက်မခံနိုင်ပါဘူးလို့အရင်ပြောချင်ပါတယ်။လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဖြစ်lစာရေးဆရာဖြစ်ဖြစ်lဘယ်သူပဲဖြစ်ဖြစ်မပြောသင့်ဘူးလို့ထင်ပါတယ်။ခေတ်တွေပြောင်းနေပါပြီ။ဖက်ဒရယ်ပြည်ထောင်စုကိုသွားနေတဲ့ဒီခေတ်ကြီးမှာဒီလိုစကားတွေကိုရှောင်သင့်ပါတယ်။လွှတ်တော်နိုင်ငံရေးကိုသွားနေတဲ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ပိုတောင်မပြောသင့်ဘူးလို့ထင်ပါတယ်။ဒီလိုပြောနေတာဟာခေတ်နောက်ပြန်ဆွဲတဲ့အတွေးပါ။လူပြိန်းကြိုက်စကားလုံးတွေပါ။ဒေသခံတွေအပေါ်စေတနာမမှန်တဲ့စကားလုံးတွေပါ။
မေး ။ ရခိုင်လူမျိုးကို ရခိုင်လူမျိုး လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဒေါက်တာအေးမောင်ကဘာကြောင့်ပြောတယ်လို့ ဆရာသုံးသပ်မိလဲ။
ဖြေ ။သူတို့ကဒေသရဲ့ခေါင်းဆောင်တွေ။ဒီလိုပြောတာတွေ့တော့စိတ်မကောင်းဖြစ်ရပါတယ်။ဒီစကားတွေကအမုန်းတရားတွေကိုပွားစေတယ်။အမုန်းတရားနဲ့ပြည်နယ်ကိုတိုးတက်အောင်မလုပ်နိုင်။နိုင်ငံကိုတိုးတက်အောင်လည်းမလုပ်ပေးနိုင်။ဘာကြောင့်ဒီလိုပြောတယ်ဆိုတာတော့ဘာမှတ်ချက်မှမပေးလိုပါဘူး။ဒါပေမယ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်lကိုယ်ပိုင်စီမံခွင့်မရနိုင်သေးတာကိုရည်ညွှန်းတယ်လို့ပဲယူဆမိပါတယ်။ဒီလိုတွေးတယ်ဆိုရင်လည်းဒီမိုကရေစီမိတ်ဖက်တွေနဲ့အတူဖက်ဒရယ်ရအောင်ဝိုင်းဝန်းသင့်တာပေါ့။လက်ရှိဒီမိုကရေစီအစိုးရကိုကန့်လန့်တော့မတိုက်သင့်ပါဘူး။လက်ရှိဒီမိုကရေစီအစိုးရရဲ့လက်ရှိအခက်အခဲတွေကိုပိုနားလည်ပေးသင့်တာပေါ့။
သူကကျွန်တော့်ထက်အသက်၂၅နှစ်လောက်ကြီးပါတယ်။အဖေအရွယ်လောက်ရှိပါတယ်။ကျွန်တော့်အနေနဲ့အခုဒီစကားတွေပြောရတယ်ဆိုတာကလည်းပုဂ္ဂလိကခံစားချက်တွေမပါပါဘူး။ကိုယ့်ပြည်နယ်အကျိုးlကိုယ့်နိုင်ငံအကျိုးအတွက်ပြောရခြင်းပါ။
မေး ။အဲ့ဒိစကားဟာ နိုင်ငံရေးတိုက်စစ်လို့ယူဆပါသလား
ဖြေ ။နိုင်ငံရေးတိုက်စစ်ဆိုတာထက်အမျိုးသားရေးဝါဒကိုလွန်လွန်ကဲကဲအသုံးချလိုက်တယ်လို့မြင်ပါတယ်။ရခိုင်ပြည်နယ်မြောက်ပိုင်းရဲ့နိုင်ငံရေးရေချိန်ကအားနည်းပါတယ်။ကျွန်တော်ကိုယ်တိုင်ကရသေ့တောင်မြို့နယ်ကပါ။မကြာမကြာရောက်ဖြစ်နေလို့ပိုသိပါတယ်။စာဖတ်အားကလည်းအားမရပါ။ဒီတော့အမျိုးသားရေးမှိုင်းတိုက်ရတာအရမ်းလွယ်ကူပါတယ်။ဒါကိုကောင်းကောင်းအသုံးချသွားတယ်လို့မြင်ပါတယ်။မြန်မာတစ်နိုင်ငံလုံးမှာဒီလိုပြောပြီးနိုင်ငံရေးလုပ်နေတာတစ်ခြားဒေသတွေမှာတော့မတွေ့ရသလောက်ပါပဲ။
မေး ။ဒေါက်တာအေးမောင်ရဲ့အဲ့ဒိပြောဆိုမှုဟာ ရခိုင်လူထုအနေနဲ့ အထူးသဖြင့် ရခိုင်လူငယ်ထုအကြားမှာ ဘယ်လောက်ထိ ဂရက်ထသွားနိုင်လဲဆရာ။ သက်ရောက်မှုဘယ်လောက်ထိရှိမယ်လိုယူဆမိလဲ
ဖြေ ။အတော်လေးကိုသက်ရောက်မှုရှိပါတယ်။ဒေသခံပြည်သူတွေကလူပုဂ္ဂိုလ်အစွဲအလန်းကြီးတယ်။သူတို့ခေါင်းဆောင်ဘာပဲပြောပြောနားယောင်လွယ်ကြတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း၂၃၃နှစ်ကဗမာဘုရင်ကရခိုင်ပြည်ကိုသိမ်းယူခဲ့တဲ့သမိုင်းကိုပဲပြန်ပြန်ပြောတိုင်းအမုန်းတရားဖြစ်စေတယ်။တိုးတက်ရာတိုးတက်ကြောင်းအတွက်မစဉ်းစားနိုင်တော့ဘူးဆိုတာသတိထားသင့်တယ်။ပဒေသရာဇ်ခေတ်တုန်းကဟိုပြည်ဒီပြည်အပြန်အလှန်တိုက်ခဲ့ကြတာပဲ။ရခိုင်ကနိုင်တာရှိတယ်။ရှုံးတာလည်းရှိတယ်။ဒါတွေကိုပြန်စဉ်းစားပြီးဒေါသထွက်နေလို့မပြီးတော့ဘူး။အခုကပြည်ထောင်စုစိတ်ဓာတ်နဲ့ရှေ့ဆက်သွားရမယ့်အချိန်ပါ။မြန်မာ့နိုင်ငံရေးအခင်းအကျင်းကအတော်လှနေပြီ။ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းကိုလျှောက်နေပြီ။အတူပူးပေါင်းပါဝင်ကြပါ။ဖက်ဒရယ်ပြည်ထောင်စုကိုအတားအဆီးဖြစ်နေတာက၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပါ။လွှတ်တော်နိုင်ငံရေးလမ်းကြောင်းထဲကနေဒီဥပဒေကိုပြင်နိုင်ဖို့ပထမအဆင့်ကြိုးစားနေကြတယ်။ပြင်ပြီးဖက်ဒရယ်ပြည်ထောင်စုဖြစ်ပြီဆိုရင်တော့တိုင်းရင်းသားဒေသတွေကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြီ။ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရပြီ။ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပြီ။ကျွန်တော်တို့ရခိုင်ပြည်နယ်လည်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီ။လိုချင်တာဒါပဲလေ။နှစ်အကြာကြီးအာဏာရှင်ဒဏ်ကိုခံခဲ့ရပြီးပြီ။အခုနိုင်ငံကပြောင်းနေပါပြီ။ခဏတော့စောင့်ပေးကြပါ။
နှစ်ပေါင်း၂၃၃နှစ်ဗမာကျွန်ဖြစ်ခဲ့တဲ့ဆိုတဲ့အတွေးအခေါ်ဟောင်းကိုခေါင်းထဲကထုတ်ပစ်ပါ။ဘာသာတူယဉ်ကျေးမှုတူသူတွေချင်းနှစ်ပေါင်း၂၃၃နှစ်အတူနေထိုင်ခဲ့ကြတယ်။ဒုက္ခတွေအတူခံခဲ့ကြရတယ်။ကိုလိုနီကျွန်အတူဖြစ်ခဲ့တယ်။အာဏာရှင်တွေဒဏ်ကိုအတူခံခဲ့ကြတယ်။အခုလည်းဒီမိုကရေစီပန်းတိုင်ကိုအတူချီတက်နေကြတယ်ဆိုတာသိဖို့လိုပါတယ်။
မေး ။ အဲ့ဒိစကားဟာ အခြားတိုင်းရင်းသားတွေအပေါ်ကော သက်ရောက်မှုဘယ်လောက်ကြီးထွားနိုင်မယ်ထင်ပါသလဲခင်ဗျ။
ဖြေ ။အခြားတိုင်းရင်းသားတွေအပေါ်မှာသက်ရောက်မှုရှိနိုင်ပါတယ်။ကြီးတော့မကြီးနိုင်ပါဘူး။တခြားတိုင်းရင်းသားတွေရဲ့နိုင်ငံရေးရေရျိန်ကရခိုင်ပြည်မြောက်ပိုင်းထက်အများကြီးအားရစရာအခြေအနေရှိနေလို့ပါ။၂၀၁၅အထွေထွေရွေးကောက်ပွဲရလဒ်ကိုကြည့်ပြီးသိနိုင်ပါတယ်။အာဏာရှင်တွေလက်အောက်ကလွတ်ပြီးဒီမိုကရေစီလမ်းကြောင်းကိုသွားချင်တဲ့အတွက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုတစ်နိုင်ငံလုံးမဲပေးရွေးချယ်ကြတယ်။အများစုရဲ့အတွေးကဖက်ဒရယ်ပြည်ထောင်စုကိုသွားနေကြတာဆိုတော့နိုင်ငံအတွက်အတော်အားရစရာဖြစ်နေပါပြီ။မြန်မာနိုင်ငံကြီးတိုးတက်လာဖို့ပြည်ထောင်စုစိတ်ဓာတ်နဲ့ဝိုင်းဝန်းကြိုးစားသင့်ပါတယ်။(လက်ရှိစီမံအုပ်ချုပ်နေတဲ့အစိုးရကိုလည်းသတင်းပါးချင်ပါတယ်။ကျွန်တော်တို့ရခိုင်ပြည်မြောက်ပိုင်းကိုအထူးအရေးပေးကူညီကြပါ။ဖွံဖြိုးအောင်လုပ်ပေးကြပါ။)
မေး ။ ရခိုင်လူထု အထူးသဖြင့် ရခိုင်လူငယ်ထုကိုဘာများပြောချင်ပါသလဲ။
ဖြေ ။ရခိုင်လူငယ်တွေကိုပြောချင်တာကအတိတ်ထဲမှာပဲအိပ်ပျော်မနေကြပါနဲ့။အနာဂတ်ကိုရည်ရွယ်ပြီးကြိုးစားကြပါ။ကြိုးစားတဲ့သူအတွက်နေရာတွေအများကြီးရှိပါတယ်။အတိတ်သမိုင်းကိုသင်ခန်းစာပဲယူကြပါ။မှိုင်းလွတ်အောင်စာများများဖတ်ကြပါ။သူများပြောတိုင်းမယုံမိကြပါစေနဲ့။
အထူးပြောချင်တာကရခိုင်ဘုရင်မာရယူမင်းကစပြီးလွန်ခဲ့တဲ့၂၃၃နှစ်(၁၈ရာစု)မှာပဲဆုံးနေတဲ့ရခိုင်စာပေဟောပြောပွဲတချို့ကိုပြောင်းလဲနိုင်အောင်ကြိုးစားကြပါ။၂၁ရာစုလူငယ်တွေအဖြစ်နဲ့ဘဝကိုတိုးတက်အောင်ကြံဆောင်ကြပါလို့ပြောချင်ပါတယ်။
(အထူးမေတ္တာရပ်ခံချက်။ ။ကျနော်နဲ့အမြင်မတူတဲ့ရခိုင်ကအမျိုးတချို့တွေအနေနဲ့ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ဒါပေမယ့်ရိုင်းပြတဲ့စကားလုံးတွေသုံးပြီးတော့ကိုယ့်လူမျိုးကိုသိက္ခာမချမိပါစေနဲ့။)
Dr Htay Hlaing
ZN.H
ကြိုက်နောက်ထပ်တုံ့ပြန်မှုများကို ပြပါ
မှတ်ချက်ပေးရန်

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...