အခုဘဏ္ဍာနှစ်ကစပြီး
သက်ကြီးရွယ်အိုပင်စင်ကို အသက် ၈၅ နှစ်အထိ လျော့ချပေးအပ်သွားဖို့
လွှတ်တော်က ခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ ပြည်သူ့ငွေစာရင်း
ပူးပေါင်းကော်မတီက ပြောပါတယ်။
ဇန်နဝါရီ ၂၅ ရက်နေ့ ပြည်သူ့လွှတ်တော် ခေတ္တအနားပေးချိန်မှာ သတင်းမီဒီယာတွေရဲ့ သက်ကြီးရွယ်အိုပင်စင်အတွက် ခွင့်ပြုထားတဲ့ ငွေစာရင်းနဲ့ပတ်သက်ပြီး မေးမြန်းချက်အပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းက ပြောဆိုလိုက်တာပါ။
“ဒီနှစ်ဆိုရင် သက်ကြီးရွယ်အို ပင်စင်ကို အသက် ၈၅ နှစ်ကနေစပြီး ပေးသွားမှာပါ။ အရင်က အသက် ၉၀ ကျော်တွေကိုပဲပေးတာ။ ဒါကနိုင်ငံတော်ဘတ်ဂျက်ပေါ်မူတည်ပြီး တဖြည်းဖြည်း တိုးမြင့်ပေးသွားမှာပါ။”
သက်ကြီးရွယ်အိုပင်စင်ပေးအပ်မှုကိုတော့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက တာဝန်ယူပေးအပ်နေတာဖြစ်ပြီး တဦးကို လစဉ် တစ်သောင်းကျပ်တိတိ ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။
သတင်း – အောင်စိုးမိုး

Comments
Post a Comment