Skip to main content

ဆရာ ဆရာမများ သမဂ္ဂ နှင့် ရတနာပုံတက္ကသိုလ် ဆရာ ဆရာမများ အစည်းအရုံး ကကျောင်းသားများ၏ ဆန္ဒပြတောင်းဆိုမှုကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ


Moe Zaw ၏ ဓာတ်ပုံမႏၲေလး ၊ ဇန္နဝါရီလ ၂၃၊ ၂၀၁၈
မန္တလေးရတနာပုံတက္ကသိုလ်အတွင်း ကျောင်းသားများ၏ ဆန္ဒပြတောင်းဆို မှုကို ပြင်းထန်စွာကန့်ကွက်ရှုံ့ချကြောင်း မန္တလေးတက္ကသိုလ် ဆရာ ဆရာမများ သမဂ္ဂ နှင့် ရတနာပုံတက္ကသိုလ် ဆရာ ဆရာမများ အစည်းအရုံး က ယနေ့တွင် ထုတ်ပြန်ခဲ့သည်။
ရတနာပုံတက္ကသိုလ်တွင် ဇန်နဝါရီလ ၂၂ ရက်နေ့ နှင့် ၂၃ ရက်နေ့တို့က ပညာရေးအသုံးစရိတ်တိုးမြှင့်ရေးအတွက် ကျောင်းသားသမဂ္ဂ (၂၀) ကျော် က ပူးပေါင်းတောင်းဆိုခဲ့ပြီး ကျောင်းအတွင်း လှည့်လည်ဆန္ဒဖော် ထုတ်ခဲ့ သည်။
မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် တရားဥပဒေစိုးမိုးရေး တို့ကို အရေးတကြီးဖော်ဆောင်နေသည့်အချိန်တွင် ဥပဒေနှင့်မညီသော စုရုံးဆန္ဒပြမှုများကို မန္တလေးတက္ကသိုလ် ဆရာ ဆရာမများ သမဂ္ဂ နှင့် ရတနာပုံတက္ကသိုလ် ဆရာ ဆရာမများ အစည်းအရုံးက ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ထားသည်။
``ဆရာမတို့အနေနဲ့ က ပညာရေးအသုံးစရိတ်တိုးတောင်းတာကိုတော့ လက်ခံတယ် ။ ဒါပေမယ့် တောင်းဆိုတဲ့ နည်းလမ်းလွဲနေတယ် ။ တကယ်က လွှတ်တော်ကနေတစ်ဆင့်သွားမှ အဆင်ပြေမယ် ။´´ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများ သမဂ္ဂ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်ပပစိန် က ပြောသည်။
ဆန္ဒပြပွဲတွင် အသံချဲ့စက်များအသုံးပြု၍ သီချင်းများဖွင့်ခြင်း ၊ ဟောပြော မှုများ ပြုလုပ်ခြင်း ၊ တက္ကသိုလ်ပရဝုဏ်အတွင်း လှည့်လည်ကြွေးကြော်ခြင်း တို့ကြောင့် ကျောင်းသား ကျောင်းသူများ ၏ စာပေသင်ယူမှု နှင့် သွားလာမှု တို့ကို အနှောက်အယှက်ဖြစ်စေကြောင်း ထုတ်ပြန်ထားသည်။
``ကျွန်တော့ကျောင်းထဲမှာ ဒီလိုတွေ ဖြစ်နေတာ ပြည်သူတွေအားလုံးက လက်ခံပေးမလား။ ကျောင်းထဲမှာ ဆန္ဒပြတယ် ။ လော်စပီကာတွေနဲ့ အော်တယ် ။ ကျောင်းသူ ကျောင်းသားမိဘဆိုရင် လက်ခံပေးမလား ။ ကျောင်းသူ ကျောင်းသား ကရော လက်ခံနိုင်ပါ့မလား ။ ဒါကို စဉ်းစားရမယ် ။ ကျွန်တော်တို့က ဘယ်သူ့ကိုမှ ထိခိုက်နစ်နာမှုမရှိစေချင်ဘူး ။´´ ဟု ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်က ပြောသည်။
ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးရေးတောင်းဆိုမှုသည် နိုင်ငံတော် အစိုးအရအတွက် အကြပ်အတည်းဖြစ်စေလိုတဲ့ ဆန္ဒကြောင့်မဟုတ်ပဲ လက်ရှိပညာရေးအခြေအနေ နှင့် ကျောင်းသား ကျောင်သူများ၏ လိုအပ်ချက်ကြောင့် ဖြစ်ကာ မြန်မာ့ပညာရေးလောကအတွက် ဖြစ်ကြောင်း သိရသည်။
နိုင်လင်းဦး
The fifth wave
Nurhad
ညီလေး
အာဏာရှင်ဟာ
ကျောင်းတံခါးတွေပိတ်ပြီး
ထောင်တံခါးတွေဖွင့်လိုက်တယ်သိလား။
အဲဒိတုန်းက
မင်းငယ်သေးတယ်ညီလေး
မွေးချင်မှတောင်မွေးအုံးမယ်။

အဲဒိအာဏာရှင်ဟာ
ကျောင်းတွေကို
မြို့ နဲ့ဝေးရာပို့ပစ်လိုက်တယ်။
ရလဒ်ကတော့
တို့တိုင်းပြည်ပညာရေး
ချွတ်ခြုံ ကျသွားတယ်။
အဲဒိတုန်းကမင်းငယ်သေးတယ်ညီလေး။
ညီလေးရေ
လက်ရှိအစိုးရကတော့
ရွာပြင်ရောက်နေတဲ့ပညာရေးကို
မြို့အတွင်းပြန်ရောက်အောင်
ကြိုးစားနေတယ်။
မူလတန်းအဆင့်ကစပြီး
သေချာတည်ဆောက်နေတယ်။
မင်းသိလားညီလေး
မင်းတို့အခုဆန္ဒပြနေတဲ့
အစိုးရဆိုတာကလည်း
တင်းပြည့်ကျပ်ပြည့်အစိုးရစစ်စစ်
မဟုတ်ပါဘူး
လုပ်ပိုင်ခွင့်အပြည့်အဝမရတဲ့
ရွှေရည်စိမ်အစိုးရပါ။
ရွှေရည်စိမ်ဒီမိုကရေစီပါ။
တင်းပြည့်ဒီမိုကရေစီအစိုးရဖြစ်ဖို့
သူတို့ကြိုးစားနေတယ်။
မင်းကြားဘူးပါတယ်။
ရက်စက်တဲ့သူ အုပ်ချုပ်တော့
ညည်းညူ တယ်။
ထက်မြက်တဲ့သူ အုပ်ချုပ်တော့
ဂျီးထူတယ် ဆိုတာလေ
ညီလေး မင်း
တခုပဲသိထားကွာ
ကျောင်းသားသမဂ္ဂဆိုတဲ့စကားနဲ့
ခွပ်ဒေါင်းအလံကိုတော့
လူတွေမျက်မုန်းကျိုးအောင်
မလုပ်ပါနဲ့။
သမိုင်းအစဉ်အလာကြီးလွန်းလို့ပါ။
ခွန်ထွန်း ဝင်း(ခွပ်ဒေါင်းအို)
credit Moe Zet Aung
ပြန်လည်မျှဝေပါသည်။
နေဘုန်းလူ

NLD အစိုးရတက်​လာပြီး​တဲ့နောက်
ကျောင်းသား​တွေနဲ့ပတ်​သက်​ပြီး
ပထမဆုံးလုပ်​​ဆောင်​ခဲ့တာက
ဦးသိန်းစိန်​လက်​ထက်​က ပညာ​ရေးပြုပြင်​​ပြောင်းလဲ​ရေးအတွက်​ ဆန္ဒပြလို့ ဖမ်းဆီးချုပ်​​နှောင်​ခံခဲ့ကြရတဲ့ ​ကျောင်းသူ​ကျောင်းသား​တွေကို ပြန်​လွှတ်​​ပေးတဲ့ကိစ္စပါပဲ
အဲဒီသတင်း​ကြောင့်
လက်​သန်းမှင်​စွန်းခဲ့ကြတဲ့ပြည်​သူ​တွေမှာလည်း ​ပြုံးလို့ပျော်​လို့ ​ကျေနပ်​လို့​ပေါ့
ဒါ​ပေမယ့်​ အ​ပျော်​က ခဏပဲခံတယ်
အချုပ်​အ​နှောင်​က လွတ်​လွတ်​ချင်း ​ပြောလိုက်​တဲ့​​ကျောင်းသား​တွေရဲ့စကား​ကြောင့်​ ​​ပျော်​​နေတဲ့မျက်​နှာ​တွေ ရုတ်​တရက်​ မဲ့ကုန်​တယ်
"ကျ​နော်​တို့ဟာ အပြစ်​ရှိလို့ အဖမ်းခံခဲ့ကြရတာမဟုတ်​တဲ့အတွက်​ ပြန်​လွှတ်​​ပေးတာကိုလည်း ​ကျေးဇူးတင်​စရာမရှိပါဘူး"တဲ့....
သေ​ရော...
လက်​ပံတန်းအ​ရေးအခင်းမှာ
သူတို့​တွေ ရိုက်​ခံထိတုန်းက
စိတ်​မ​ကောင်းဝမ်းနည်းဖြစ်​ခဲ့ရသမျှ
အဲဒီစကားတစ်​ခွန်း​ကြောင့်
ဝင်​ရိုက်​တဲ့အထဲ ကိုယ်​တိုင်​ကိုယ်​ကျ မပါလိုက်​ရတာကိုပဲ စိတ်​မ​ကောင်းဖြစ်​မိ​နေ​တော့တယ်
စိတ်​ထဲမှာလည်း
"ကြိုးဖြည်​​ပေးတဲ့လက်​ကိုမှ
ပြန်​ကိုက်​ရက်​​လေခြင်းလို့"..
ပြောရရင်​ 
ကျောင်းသားသမဂ္ဂအလံဆိုတာ အဲဒီက စပြီး 
တော်​​တော်​များမျာရဲ့
မျက်​စိထဲ ခ​ရော့စ်​ စတင်
ပေါ်​လာ​တော့တာပါပဲ
အခု
ပညာ​ရေးအသုံးစရိတ်​ တိုးမြှင့်​ဖို့
သပိတ်​စခန်းဖွင့်​တယ်
အစာငတ်​ခံဆန္ဒပြတယ်
ကောင်း​ကောင်းမွန်​မွန်​အိမ်​ပြန်​ပို့​တော့လည်း လုံထိန်း​တွေပါသ​လေး
နံပါတ်​​တုတ်​​တွေကိုင်​ထားသ​လေးနဲ့ သူတို့ကိုဘာမှ
မတို့ရ မထိရတဲ့အရာ​တွေကို ကြံဖန်​အပြစ်​တင်​တယ်
ဆရာ ဆရာမ​တွေလည်းမ​နေရ
ပိုစ့်​တင်​​စော်​ကားခံထိတယ်
တကယ်​​တော့ ဒီတိုင်းပြည်​မှာ
ပညာ​ရေးရယ်​မှ မဟုတ်​ပါဘူး
အဖက်​ဖက်​က လိုအပ်​ချက်​​တွေရှိ​နေပါတယ်
ပညာ​ရေး
ကျန်းမာ​ရေး
စီးပွား​ရေး
လူမှုဖူလုံ​ရေး
ဘာတစ်​ခုမှမ​ပြေလည်​ဘူး
စစ်​တပ်​တစ်​တပ်​ကလွဲပြီး
ဘယ်​သတ္တဝါမှ ဒီတိုင်းပြည်​ထဲ မ​ပြေလည်​ဘူး
အစိုးရကိုယ်​တိုင်​​တောင်
အစိုးရလုပ်​ရတာ မ​ပြေလည်​ဘူး
ဘယ်​​ပြေလည်​မလဲ
ပိုက်​ဆံမှမရှိတာ
ငမွဲအစိုးရဖြစ်​​နေတာ
ကြံ့ဖွတ်​သူ​တော်​​ကောင်း​တွေချန်​ရစ်​​ပေးခဲ့တဲ့ 
စောက်​​ကြွေး​နွံထဲ စုံးစုံးမြှုပ်​နစ်​​နေတာ
အဲဒါကိုကျမမြင်​ဘူး
အဲဒါကိုကျ မြင်​​အောင်​မကြည့်​ဘူး
မြင်​​အောင်​မကြည့်​နိုင်​ရ​အောင်​ ဘယ်​အဘတစ်​​ယောက်​ရဲ့ ​ဘော ကွယ်​​နေမှန်းလဲမသိဘူး
မြေ​ခွေးအိုကြီးခင်​ညွှန့်​ကို ဂါရဝပြုရာက​နေ ​ဂွေးတစ်​လုံးနဖူးမှာတန်းလန်း ချိတ်​ပါလာကြလို့ အမြင်​​တွေ​ဝေဝါး​ထွေပြား​နေကြတာဆိုရင်​​တော့
မင်းတို့သမိုင်းနဲ့မင်းတို့​ပေါ့
Soe Paing Oo
cp cd-Moe Zaw.
Moe Zaw ၏ ဓာတ်ပုံ
Moe Zaw ၏ ဓာတ်ပုံ

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...