Kyaw Swar Myintစောင့်ကြည့်ရန်
ရခိုင်လူမျိုး သုံးဦးက ဘင်္ဂါလီလူမျိုး သုံးဦးအား အခကြေးငွေယူ၍
သယ်ဆောင်လာစဉ် ဖမ်းဆီးရမိ
===========================================
နေပြည်တော် ဇန်နဝါရီ ၂၅

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ပဲပဒုံပူးပေါင်း စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး
တာဝန် ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၄ ရက် နံနက် ၂ နာရီခွဲ
ခန့်တွင် အမ်းမြို့မှ မင်းဘူးမြို့ဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်သုံးစီးအား
ရပ်တန့်စစ်ဆေးရာ ရခိုင်လူမျိုးများ ဖြစ်သည့် သန်းဌေး(ဘ) ဦးလှဖြူစံ၊ လှဝင်း
(ဘ)ဦးစိန်လှသာနှင့် သန်းအေးမောင်(ဘ)ဦးကျော်စိုးလွင် တို့က ဘင်္ဂါလီ
လူမျိုးများ ဖြစ်သည့် နူရူလာမာရ်(ဘ) အဒူမာကျော်ချစ်၊ အဘူမာဟာမောက်(ဘ)
အဘူကာရှိန်းနှင့် ဝါးရက်စ်(ဘ)ဘာဆယ်တို့အား တင်ဆောင်လာကြောင်း တွေ့ရှိ
ဖမ်းဆီး ရမိခဲ့သည်။
၎င်းတို့အား စစ်ဆေးမေးမြန်းချက်အရ ရခိုင်လူမျိုးသုံးဦးက ဘင်္ဂါလီလူမျိုး သုံးဦး
အား ကျောက်တော်မြို့နယ်မှ ရန်ကုန်မြို့အထိ တစ်ဦးလျှင် ငွေကျပ် ၁၇ သိန်း
နှုန်းဖြင့် အခကြေးငွေယူ၍ သယ်ဆောင်လာကြောင်း သိရှိ ရသည်။
အဆိုပါ ဖမ်းဆီးရမိသူများနှင့် ဆိုင်ကယ်များအား အမ်းမြို့မရဲစခန်းတွင် တရား
ဥပဒေ အရ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်း
ရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Comments
Post a Comment