Skip to main content

Posts

Showing posts from August, 2017

ကာလုံခေါ်သင့်မခေါ်သင့်

၂၀၁၇ သြဂုတ်လ ၂၉ ရက်နေ့  နေပြည်တော်မှာရှိတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ဘုရင့်နောင်ဧည့်ရိပ်သာ)မှာကျင်းပတဲ့ရခိုင်အရေးသတင်းစာရှင်းလင်းပွဲမှာဒုတိယတပ်မတော်စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ်ဗိုလ်ချုပ်သန်းထွဋ်သိန်းကအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (ကာ/လုံ )ခေါ် ယူပြီးလိုအပ်သလိုညှိနှိုင်းလုပ်ဆောင်သွားရမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ အဲဒိမတိုင်မီကလည်း ပြည်ခိုင်ဖြိုးပါတီနဲ့ မိတ်ဘက်ပါတီများကကာ/လုံအစည်းအဝေးခေါ်ယူပေးဖို့ လက်ရှိအစိုးရကိုတောင်းဆိုခဲ့ပါသေးတယ်။  တပ်မတော်ဘက်ကထောက်ပြတာကတော့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အုပ်ချုပ်ရေးယန္တယားပျက်နေပြီးပိုမိုပြင်းထန်လာပါကအနောက်တံခါးကျိုးပေါက်နိုင်ပြီးဘင်္ဂလီအကြမ်းဖက်အဖွဲ့ရဲ့ရည်မှန်းချက်ဖြစ် တဲ့ လွတ်မြောက်နယ်မြေဖြစ်သွားနိုင်တဲ့အတွက် ကာ/လုံအစည်းအဝေးခေါ်ယူပြီးညှိနှိုင်းလုပ်ဆောင်သွားရမယ်လို့ဆိုပါတယ်။ ကာလုံဟာလူပြောသူပြောများတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ ကွယ်လွန်သူ ဦးကိုနီအပါအ၀င် နိုင်ငံရေးလေ့လာ သူတော်တော်များများကလည်းကာလုံဆိုတဲ့အဖွဲ့မှာတပ်မတော်ကအင်အား၆ မဲရှိတာကြောင့် အင်အား ၅ မဲပဲရှိတဲ့အရပ်သားအိုးရအပေါ်မှာတပ်မတော်ကအသာစီးရအောင် တမင်လုပ်ထား

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ရခိုင်အရေး ဆွေးနွေးရန် ဗြိတိန်တောင်းဆိုမှုကို တရုတ်ကန့်ကွက်ခဲ့ ဟုဆို

ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် မြန်မာနိုင်ငံ၏ ရခိုင်အရေးဆွေးနွေးရန် ဗြိတိန်က တောင်းဆိုခဲ့သော်လည်း တရုတ်နိုင်ငံက လုံခြုံရေးကောင်စီမှာ မြန်မာအရေး ဆွေးနွေးမည့်ကိစ္စကို အခိုင်အမာ ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြောင်း AFP သတင်းဖော်ပြချက်အရ သိရသည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် လတ်တလောအခြေအနေ၊ အကျပ်အတည်းများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေး ကောင်စီအစည်းအဝေးခေါ်ယူ ဆွေးနွေးရန် ဗြိတိန်က တောင်းဆိုခဲ့ခြင်းဖြစ်ပြီး တရုတ်က ကန့်ကွက်ခဲ့သော်လည်း သြဂုတ် ၃၀ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဖွဲ့ဝင် ၁၅ ဦးပါဝင်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ် အစည်းအဝေးနှင့် ပတ်သက်၍ တရားဝင် ထုတ်ပြန်ချက် ထုတ်ပြန်ခြင်း မရှိခဲ့သော်လည်း ပဋိပက္ခအရှိန်လျှော့ချရေးအတွက် အဖွဲ့ဝင်များမှ တောင်းဆိုမှုတွေ ရှိခဲ့ကြောင်း ကုလသမဂ္ဂ၏ ဗြိတိန်သံအမတ် မက်သယူးရိုင်းခရော့ခ်က ပြောကြားခဲ့သည်။ “ကျွန်တော်တို့ အကြမ်းဖက်မှုတွေကို ရှုတ်ချတယ်။ ပဋိပက္ခအရှိန်လျှော့ချဖို့ကိုတော့ အဖွဲ့အားလုံးကို တောင်းဆိုပါတယ်” ဟု ရိုင်းခရော့ဖ်က သတင်းထောက်များအား ပြောကြားခဲ့သည်။ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အေ

ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်မစောကြစေချင်"

Do not be too quick to condemn Aung San Suu Kyi ဆာဂျွန်ဂျန်ကင်း Saturday 26 August 2017 လွန်ခဲ့တဲ့ ၁၅ နှစ်က ဗြိတိသျှသံအမတ် တစ်ယောက်အနေဖြင့် ရှည်လျား ကွေ့ကောက်သော မြစ်ကြောင်း အတိုင်း ရှေးဟောင်း ဗုဒ္ဓဘာသာ ရခိုင် မင်းနေပြည်တော် မြောက်ဦးမြို့သို့ ခရီသွားခဲ့သည်ကို အမှတ်ရမိသည်။ ခေတ်သစ်မြန်မာပြည် အစောပိုင်းကာလရှိ ထူးခြားသော လူမျိုးစုတစ်ခု၏ အင်အားနှင့် စည်ပင်မှုကို ထင်ထင်ရှားရှား မြင်ရသော အံ့ဖွယ်ခရီးတစ်ခု ဖြစ်ခဲ့သည်။ ရခိုင် သို့မဟုတ် အာရကန် ဆိုသည်မှာ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း အဓိကကျသော စစ်ပွဲများ ဖြစ်ခဲ့ရာနေရာဖြစ်ပြီး ကျွန်တော်၏ ဦးလေးဖြစ်သူပင် ဗြိတိသျှ တော်ဝင်ရေတပ်နှင့်အတူ ရောက်ဖူးခဲ့လေသည်။ ယခုတော့ ရခိုင်ကို အခြားအကြောင်းတစ်ခုဖြင့် လူသိများသည်။ နှစ်ပေါင်း ငါးဆယ်ကျော်ကြာ စစ်အာဏာရှင် စနစ်မှ ရုန်းထွက်ပြီး ပြန်လည်ထူထောင်နေရသော မြန်မာအစိုးရ က တစ်ဘက်၊ ရိုဟင်ဂျာဟု လူသိများပြီး ငြင်းဆန်သူများလည်း ရှိနေသော ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂလီစကားပြော မူဆလင် လူစုတွင်းမှ အစွန်းရောက်သူ အဖွဲ့အစည်းများ က တစ်ဘက် ပဋိပက္ခ ဖြစ်နေသော ဒေသ ဖြစ်လာခဲ့သည်။ တစ်ဘက်ဘက်ကို ဘက်လိုက်ဖို့က လွယ်ကူသည်။ ဆိုးဝါး

ပြည်ခိုင်ဖြိုးတောခိုတော့မည်လော

ပြည်ခိုင်ဖြိုးတောခိုတော့မည်လော *********************** အစိုးရသစ်သက်တမ်းနှစ်နှစ်မပြည့်သေးမီ လတာအတွင်းပြည်ခိုင်ဖြိုးပါတီသည် မီးလောင်လျှင်ပျော်သည် ရေကြီးလျှင်ပျော်သည်ဒေါ်လာဈေးတတ်လျှင်ပျော်သည် မုဒိမ်းမှုဖြစ်လျှင်ပျော်သည်။ ဘာပြဿနာဖြစ်ဖြစ်သူတို့လုပ်တတ်သည်မှာ ၁၃ ပါတီ၁၄ပါတီပါတီ၂၀စု၍ကာလုံခေါ်ခိုင်း ခြင်းဖြစ်သည်။ တကယ်တမ်းစဉ်းစားကြည့်လျှင် ပါတီ၏အာ ဘော်မှာ သူပုန်အာဘော်သာဖြစ်နေသည်။ တိုင်းပြည်မကောင်းတာဖြစ်သမျှပျော်တာသူပုန်သာဖြစ်ပေလိမ့်မည်။ မိမိတို့ကိုယ်ပိုင်မည်သည့်ဝါဒနှင့်မျှမရပ်တည်ပေ။လူမျိုးရေးဆိုလဲပြေး ဘာသာရေးဆိုလဲပြေး မုဒိမ်းမှုဆိုလဲပြေး- ကူညီတာတော့မဟုတ်အမြတ်ထုတ်ဖို့။ ကိုယ်ပိုင်ဘာလမ်းစဉ်မှမရှိတော့ ဟိုဟာပြေးကပ် ဒီဟာပြေးးကပ် ။စစ်တပ်ကို တိုင်းရင်းသားအတုတွေနဲ့ထောက်ခံပြီးပြေးကပ်တော့လည်းမျက်နှာမရ။မရဆိုရှမ်းပျိုဖြူ တွေကိုသိက္ခာချလို့ချ ရခိုင်ကိုယ်စားပြုတဲ့သူက ရခိုင်စကားမတတ် ကချင်ကလဲလှမ်းကန့့််ကွက်ဟားးး။ ဘုန်းကြီးကိုပြေးကပ်တော့လဲ မဘသ ဥက္ကဋ္ဌ ရွာမဆရာတော်ကြီးကိုယ်တိုင် ဘင်္ဂလီအရေး ဒေါ်စုကိုထောက်ခံထားတော့ အခက်တွေ့။လူမိုက်ခေါင်းဆောင်ဝီရသူနဲ့ကျတော့လည်းအဆင်မပြေ လူမုန်းကများများ။ ယောင်ခြေ

ရခိုင်ပြဿနာနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီဦးဆောင်၍ 28ပါတီ သဘောထားထုတ်ပြန်

ရခိုင်ပြဿနာနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီဦးဆောင်၍ 28ပါတီ သဘောထားထုတ်ပြန်

မွတ်ဆလင်လူငယ်များ သမ္မဂ္ဂ သိစေရန်။

မွတ်ဆလင်လူငယ်များ သမ္မဂ္ဂ သိစေရန်။ အသင်တို့သည် မည်သည့်မျိုးနွယ်မှ ဆင်းသက်လာသည်ဖြစ်စေ မည်သည့် ဘာသာကိုးကွယ်သည်ဖြစ်စေ အဓိက ပြောချင်သည်မှာ ရိုဟင်ဂျာအရေးအတွက် သင်တို့တောင်းဆိုပိုင်ခွင့်မရှိသလို သင်တို့နှင့်လည်းမသက်ဆိုင်ပေ။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးဆိုသောအမည်ကို လုံးဝလက်မခံပေ။ ဥပမာဆိုရလျှင် မြန်မာပြည်တွင် နိုင်ငံသားဖြစ်ခွင့်ရပြီးသောသူများတွင် တရုတ်၊ ဘင်္ဂါလီ၊ အိန္ဒိယ၊ ဂျူး၊ ဂျပန်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ပေါ်တူဂီ၊ ထိုင်း အစရှိသည့် တိုင်းခြားနွယ်ဖွား များလည်း မြောက်များစွာရှိကြပေသည်။ ထိုသူတို့သည်လည်း မြန်မာနိုင်ငံသားအဖြစ်ကို ရရှိပြီးသောကြောင့် မြန်မာနိုင်ငံသားဖြစ်ကြ သော်လည်း မြန်မာတိုင်းရင်းသားအဖြစ်ကား ဘယ်သောအခါမှ မရနိုင်ပေ။ ထပ်မံ၍ ဥပမာဆောင်ရလျှင် အမေရိကန်တွင်နိုင်ငံသားဖြစ်ခွင့်ရပြီးနေထိုင်ကြ သော မြန်မာတိုင်းရင်းသားတို့သည် နိုင်ငံသားဖြစ် သော်ငြားလည်း တိုင်းရင်းသား အမေရိကန်လူမျိုး အဖြစ်ကိုကား ဘယ်သောအခါမှ မရနိုင်ပေ။ တောင်းဆိုခွင့်လည်း မရှိပေ။ ထို့ပြင် ထိုင်းနိုင်ငံ၌ နိုင်ငံသားဖြစ်ခွင့်ရပြီးသော မြန်မာတိုင်းရင်းသား ခုနှစ်သိန်းကျော်ရှိသော်လည်း ထိုသူတို့သည် ထိုင်းနိုင်ငံဥပဒေအ

ဦးရွှေမောင် (သိုမဟုတ်) ကြံခိုင်ရေးပါတီရဲ့ ပြည်ဖျက်အမတ်တဦး

============================ = ဦးရွှေမောင် ခေါ် အဒူရော်ဇာတ်ရဲ့ မိဘနှယောက်လုံးဟာ ခိုးဝင်ဘင်္ဂါလီများသာဖြစ်ကြ .... = ၁၉၉၁ နောက်ပိုင်း ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့၊ သို့သော် ဘူးသီးတောင်မှ ရန်ကုန်မြို့သို့ပြောင်းရွှေ့ရာတွင် ပုံစံ(၁၀)ဖြင့် တရားဝင်ပြောင်းရွှေ့ထားခြင်းမရှိ ... = သူကိုင်ဆောင်ခဲ့တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ် ၁၂/ ပဇတ(နိုင်)၀၃၆၃၀၆ကို အကြံဖန်လုပ်၍ ရယူထား ... (ပုဇွန်တောင်မြို့နယ်လဝကများ လာဘ်ယူ၍ပေးခဲ့ခြင်းဖြစ်နိုင်) ... = ၂၀၁၀ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ပုဇွန်တောင်လဝကရုံးမှ ပုံစံ(၁၀)ကို ၂၃-၈-၂၀၁၀ ရက်စွဲဖြင့်ထုတ်ယူခဲ့ပြီး ဘူးသီးတောင် မြို့မရပ်ကွက်တွင် နေထိုင်ခဲ့ ... = ၎င်းပုံစံ (၁၀) တွင် လူမျိုးအမည်ကို ဘင်္ဂါလီ-ကမန်-ရခိုင်-ဗမာဟု ခေါ်ပြခဲ့ ... = ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီအမတ်ဖြစ်ဖြင့် မောင်တောမဲဆန္ဒနယ်မှ ရွေးကောက်ပွဲအနိုင်ရပြီး ကြံခိုင်ရေးပါတီ၏ ဘင်္ဂါလီအမတ်သုံးဦးအနက် တဦးဖြစ်လာ .... = ၂၀၁၅ ရွေးကောက်ပွဲတွင်မူ ANPပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စာလှယ်လောင်း ဦးအောင်သောင်းရွှေရဲ့ ကန့်ကွက်မှုကြောင့် ကေ

တိုင်းပြည် ဒေဝါလီခံရနိုင်ဖွယ်ရှိသည့်အခြေအနေမှ NLD အစိုးရ ကယ်တင်ခဲ့ရ

တိုင်းပြည် ဒေဝါလီခံရနိုင်ဖွယ်ရှိသည့်အခြေအနေမှ NLD အစိုးရ ကယ်တင်ခဲ့ရ ——————————————————————————— သောမတ်စ်ကင်းန်, Frontier BurmaDemocracy, 29 August 2017 သောမတ်စ်ကင်းန် ရေးသားသည်။ ဦးသိန်းစိန်အစိုးရသက်တမ်း၏ နောက်ပိုင်းကာလများအတွင်း အလွန်အကျွံ သုံးစွဲခဲ့မှုများက နိုင်ငံကို ဒေဝါလီခံရနိုင်သည့် အခြေအနေအထိ ခြိမ်းခြောက်ခဲ့သောကြောင့် လက်ရှိအစိုးရက နိုင်ငံစီးပွားရေးကို တည်ငြိမ်အောင် ထိန်းသိမ်းနေရသည်ဟု ထိပ်တန်းစီးပွားရေးအကြံပေးတစ်ဦးက ပြောကြားလိုက်သည်။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာက ငွေဖောင်းပွနှုန်း ၁၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည့် အန္တရာယ်ကြီးလှသော ဘဏ္ဍာရေးအခြေအနေတစ်ခုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက အမွေဆက်ခံခဲ့ရသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးဆိုင်ရာ အထူးအကြံပေးဖြစ်သူ မစ္စတာ ရှောင်တားနဲလ်က ပြောကြားသည်။ အစိုးရအသုံးစရိတ်တွင် ဖြုန်းတီးမှုများမြင့်မားခြင်းကြောင့် ဘတ်ဂျက်လိုငွေမှာ ဂျီဒီပီ၏ ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိလာခဲ့ပြီး လိုအပ်သည့်ငွေကြေးကို ငွေစက္ကူရိုက်နှိပ်ခြင်းဖြင့် ဖြည့်တင်းခဲ့မှုကြောင့် ငွေကြေးဖောင်းပွမှုမှာ ပိုမို မြင့်မားလာ

ရခိုင်ပြည်နယ်အကြမ်းဖက်တိုက်ခိုက်မှု နိုင်ငံတကာ ပြင်းထန်စွာရှုတ်ချ 29 August 2017

မောင်တောမြို့အတွင်းအကြမ်းဖက်မှုကြောင့် မီးလောင်မှုဖြစ်ပွားနေစဉ် (Myanmar State Counsellor Office) မြန်မာနိုင်ငံဖက်ကထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို Bangladesh နိုင်ငံထဲမှာ လုံခြုံစွာ ခိုလှုံခွင့်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres က Bangladesh အာဏာပိုင်တွေကို ပန်ကြားလိုက်ပါတယ်။ ရခိုင်ပြည်နယ်ထဲက လုံခြုံရေးဆောင်ရွက်မှုတွေအတွင်း အရပ်သားတွေ အသတ်ခံနေရတယ်ဆိုတဲ့ သတင်းတွေအပေါ် အတွင်းရေးမှူးချုပ်အနေနဲ့ အင်မတန်စိုးရိမ်တယ်လို့ အတွင်းရေးမှူးချုပ်ပြောခွင့်ရသူ Stéphane Dujarric က တနင်္လာနေ့က ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ သြဂုတ် လ ၂၅ ရက်နေ့က လုံခြုံရေးကင်းစခန်းတွေအပေါ် တိုက်ခိုက်ခဲ့မှုတွေအပေါ်လည်းကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ အကြမ်းဖက်မှုတွေဖြစ်နေရတဲ့ ပြဿနာအရင်းအမြစ်ကို ဖြေရှင်းဖို့အရေးကြီးကြောင်းနဲ့ လုံခြုံရေးအကာအကွယ်နဲ့ ကူညီထောက်ပံ့မှုလိုအပ်နေသူတွေကို အကူအညီပေးဖို့ မြန်မာအစိုးရမှာ တာဝန်ရှိတယ်လို့လည်း ကြေညာချက်ထဲမှာ ထပ်ပြီး ပြောကြားထားပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာထဲက အကြ

ပိတ်မိနေသူတွေကို အချိန်မီကယ်ဆယ်ဖို့ ပြည်နယ်လွှတ်တော်မှာ အရေးကြီးအဆိုတင် 29 August 2017

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေမှာ အကြမ်းဖက် တိုက်ခိုက်ခံရ မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူတွေ၊ ပိတ်မိနေတဲ့ဒေသခံတွေကို အချိန်မီကယ်ဆယ်ရေးနဲ့ အခြေခံ လိုအပ်ချက်တွေကို အဆောတလျင်ဆောင်ရွက်ပေးဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အရေးကြီး အဆိုကို ဒီနေ့ ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးမှာ တင်သွင်းလိုက်ပါတယ်။ အဲဒီအရေးကြီးအဆိုကို တင်သွင်းခဲ့တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ ပိတ်မိနေတဲ့ ကျေးရွာပေါင်း ၈၀ ကျော်ရှိတယ်လို့ ပြောပါတယ်။ တချို့ကျေးရွာတွေမှာ လုံခြုံရေးအချို့ရှိပေမယ့် အစွန်းရောက်အကြမ်းဖက်သမားတွေက လူအင်အားအများအပြားနဲ့ လာရောက်တိုက်ခိုက်နေတာကြောင့် အင်အားမမျှတတဲ့အတွက် ဘယ်ကိုမှထွက်မရဘဲ ပိတ်မိနေတာဖြစ်တယ် လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။ အဲဒီအဆိုကို ကန့်ကွက်မယ့်သူမရှိတာကြောင့် ဆက်လက်ဆွေးနွေးဖို့ ရခိုင်ပြည်နယ်လွှတ်တော်က ဆုံးဖြတ် ခဲ့ပါတယ်။ ရခိုင်ပြည်နယ် မောင်တောဒေသမှာ သြဂုတ်လ ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာ အစွန်းရောက် အကြမ်းဖက်သမားတွေ က လက်လုပ်မိုင်း ၄၅ လံ

ARSA အစွန်းရောက် အကြမ်းဖက်သမားများ လှုပ်ရှားလျက်ရှိသည့် နယ်မြေ၌ ARSA အစွန်းရောက် အကြမ်းဖက်သမားများ လှုပ်ရှားလျက်ရှိသည့် နယ်မြေ၌ နိုင်ငံတကာအဖွဲ့အစည်း များက ထောက်ပံ့ထားသည့် ပစ္စည်းများအပါအဝင် မိုင်းများ တွေ့ရှိ 29 August 2017

သြဂုတ် ၂၉ ၊ ၂၀၁၇ လုံခြံရေးတပ်ဖွဲ့ဝင်များသည် သြဂုတ် ၂၈ ရက် နံနက် ၃ နာရီခန့်တွင် ကျီးကျွန်းကင်းစခန်း၏ တောင်ဘက် ၂ မိုင်ခန့်အကွာ၌ ဓာတ်မီးရောင်များ တွေ့ရှိပြီး ARSA အစွန်းရောက် အကြမ်းဖက်သမား များ၏ အော်ဟစ်သံများ ကြားရသဖြင့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ စခန်းမြောက်ဘက် မီတာ ၁၅၀၀ ခန့်အကွာရှိ ပုစွန်ကန်စောင့်အလုပ်သမားများ နေထိုင်ခဲ့သည့် တဲငယ် ၆ လုံးကို တွေ့ရှိရပြီး ၎င်းတဲများတွင် ARSA အစွန်းရောက် အကြမ်းဖက်သမားများ ၀င်ရောက်နေထိုင်ခဲ့သည့် အနေအထား များ၊ WFP မှ ထောက်ပံ့ပေးသည့် စွမ်းအားပြည့် ဘီစကစ်မုန့်ခွံနှင့် မုန့်ဖာခွံများ၊ အချိုရည်ဘူးခွံများ တွေ့ရှိရကြောင်း၊ ပုစွန်ကန်ဘေး ခြုံအတွင်းမှ လောင်းလှေငယ်နှစ်စီးအား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နံနက် ၁၁ နာရီတွင် ရသေ့တောင်မြို့နယ် ၊ ကိုးတန်ကောက် ကျေးရွာ အုပ်စု ၊ ကိုးတန်ကောက်ကျေးရွာ အပြင်ဘက် တောင်ခြေအနီး မသင်္ကာ၍ နယ်မြေရှင်းလင်းခဲ့ရာ ချုံပုတ်များ အတွင်း၌ ARSA အစွန်းရောက် အကြမ်းဖက်သမားများ ဝှက်ထားသော ဆာလာအိတ်ထုပ်များအား တွေ့ရှိခဲ့သည်။ တွေ့ရှိသည့် ပစ္စည်းများမှာ ဆေးဝါးမျိုးစုံ ၇

အကြမ်းဖက်သမားတွေရဲ့ ရည်မှန်းချက်ဟာ နယ်မြေပိုင်ဆိုင်မှုဖြစ် 29 August 2017

တပ်မတော်က သြဂုတ်လ ၂၉ ရက်နေ့က နေပြည်တော်မှာ သတင်းစာရှင်းလင်းစဉ်။ Photo: Win Ko Ko Latt/RFA ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်နေတဲ့ အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ ရည်မှန်းချက်ဟာ နယ်မြေပိုင်ဆိုင်မှုဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဌဗိုလ်ချုပ် အောင်ရဲဝင်း က ပြောပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ဘုရင့်နောင်ခန်းမမှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြား တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်က ရဲကင်းစခန်းတွေတိုက်ခိုက်ခံရမှုဟာ လုံခြုံရေးစည်းကျိုးပေါက်လို့ မဟုတ်ဘူး လို့လည်း စစ်ဖက်ရေးရာနဲ့ လုံခြုံရေး ဒုတိယအရာရှိချုပ် ဗိုလ်ချုပ် သန်းထွဋ်သိန်း က ပြောပါတယ်။ ဒါ့အပြင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က တပ်မတော်ကို ရဟတ်ယာဉ်တွေ သုံးစွဲဖို့ခွင့်ပြုထားတဲ့အကြောင်း လည်း ဗိုလ်ချုပ် သန်းထွဋ်သိန်းကပြောပါတယ်။ ဒါ့အပြင် အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီ ခေါ်ယူရေး အဆုံးအဖြတ်ကို နိုင်ငံတော်သမ္မတက သာ ဆောင်ရွက်ရတာဖြစ်ကြောင်းနဲ့ အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီကို ခေါ်ယူပြီး လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ဖို့ရှိကြောင်းလည်း ဗိုလ်ချုပ် သန်းထွဋ်သိန်

ရိုဟင်ဂျာ တိုင်းရင်းသား မရှိဘူးလို့ ပြည်ထဲရေးဝန်ကြီး ပြော 29 August 2017

အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်း၊ ပြည်ထဲရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေ ရန်ကုန်မြို့က NRPC မှာ သြဂုတ်လ ၂၉ ရက်နေ့က ရခိုင်အရေး သတင်းစာရှင်းလင်းစဉ်။ Photo: Kyaw Htet Kyaw/RFA မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ တိုင်းရင်းသား လုံးဝမရှိဘူးလို့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ က ဒီနေ့ ပြောကြားလိုက်ပါတယ်။ အစိုးရရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်း၊ ပြည်ထဲရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတွေက တာဝန် ရှိသူတွေဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ က အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC  မှာ သံတမန်တွေနဲ့ တွေ့ဆုံစဉ် ပြောကြား ခဲ့တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ အစွန်းရောက် အကြမ်းဖက်သမားတွေက နယ်မြေသိမ်းပိုက်မှုတွေ လုပ်ဆောင်ချင်တာကြောင့် အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ကြောင်း၊ တုတ် ဓား စတဲ့လက်နက်တွေ လက်လုပ်မိုင်းတွေ ထောင် တာတွေ ပြုလုပ်ခဲ့တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မဖြစ်မနေ ပစ်ခတ်တားဆီးရတာတွေရှိတယ်လို့လည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ အကြမ်းဖက်သမားတွေဟာ လုံခြုံရေး

အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားသူ ၈၉ ဦးကို ခွင့်ပြု 29 August 2017

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတဲ့ ခရီးသည်တွေကို တွေ့ရစဉ်။ Photo: RFA နိုင်ငံခြားသား အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားသူ ၈၉ ဦးကို အမြဲတမ်းနေထိုင်ခွင့်ကတ်ထုတ်ပေးဖို့ လက်ရှိ အစိုးရလက်ထက်မှာ ပထမဆုံးအကြိမ် ခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ မိသားစုအပါအဝင် ၈၉ ဦးကို ခွင့်ပြုထားတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော် က ပြောပါတယ်။ "လက်ရှိခွင့်ပြုထားတာ ယခင်အစိုးရလက်ထက်မှာ ၂၆၂ ယောက်ခွင့်ပြုထားတယ်။ အခုအစိုးရလက်ထက် မှာတော့ မိသားစုအပါအဝင် ၈၉ ယောက် ခွင့်ပြုထားတယ်" နိုင်ငံခြားသား အမြဲတမ်းနေထိုင်ခွင့်ကို မြန်မာနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်တဲ့ နိုင်ငံခြားကျွမ်းကျင်ပညာရှင် ၊ မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံသူ၊ ပြည်ပကိုအကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာသွားရတဲ့ မြန်မာနိုင်ငံ သားဟောင်း၊ မြန်မာနိုင်ငံသား သို့မဟုတ် နိုင်ငံသူနဲ့ အိမ်ထောင်ပြုထားတဲ့ ဆက်စပ်နိုင်ငံခြားသား စတဲ့ သူတွေ လျှောက်ထားနိုင်တာဖြစ်ပါတယ်။ လက်ရှိလျှောက်ထားကြသူတွေထဲမှာ အမေရိကန်မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားဟောင်း၊ စင်္ကာ

ရခိုင်အရေး စစ်တပ်ကကိုင်တွယ်ဖို့ အစိုးရအဆုံးအဖြတ်အတိုင်း ဆောင်ရွက်နေဟု တပ်မတော်ရှင်းလင်း

ရခိုင်ပြည်နယ် မောင်တော ဒေသ အကြမ်းဖက်မှုတွေကို စစ်တပ်ဘက်က ကိုင်တွယ်တဲ့ နေရာမှာ အစိုးရရဲ့ အဆုံးအဖြတ်ကို ရယူဆောင်ရွက်ရတာ ဖြစ်တယ်လို့ တပ်မတော်ဘက်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖို့ တပ်မတော်ဘက်က နိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာ အမြင့်ဆုံးဖြစ်တဲ့ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူလိုပေမယ့် အဓိက အဆုံးအဖြတ်ကတော့ သမ္မတ ပေါ်မှာ မူတည်တယ်လို့လည်း ပြောဆိုသွားပါတယ်။ "ကျနော်တို့တပ်မတော်ရဲ့အနေအထားပေါ့နော်၊ ကျနော်တို့တပ်မတော်ရဲ့အနေအထားကတော့ ကျနော်တို့ပြောသွားတဲ့အထဲမှာ ကျနော်တို့သည်နိုင်ငံတော်အစိုးရရဲ့ ကွပ်ကဲမှုအောက်မှာပဲ နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။ တခုခုလုပ်မယ်ဆိုရင်လည်း ကျနော်တို့သည် အဆုံးအဖြတ်ကိုယူရပါတယ် နိုင်ငံတော်အစိုးရကိုတင်ပြီး အဆုံးအဖြတ်ကိုယူရပါတယ်။ ဆိုတော့ ကျနော်တို့တပ်မတော်ပိုင်းကနေပြီးတော့မှ ကာကွယ်ရေးဝန်ကြီးတို့ ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဒုတိယတပ်မတော်ချုပ်တို့ ကလည်း နိုင်ငံတော်အစိုးရနဲ့ တွေ့တဲ့အခါမှာ ယခုရခိုင်ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့မှ ဖြစ်နေတဲ့အနေအထားတွေ ၊ ပြီးသွား
အခုတော့လည်း အသံတိတ်တိတ်နေကြပါလား ©©©©©©©©©©©©©©©©©©©© မှန်လိုက်လေ ကိုမင်းလွင်-C ကိုဖီအာနန်ဟာ အပွင့်ကြီးကြီး ဆွဲဖဲတချပ်နဲ့တူတယ်။ ကိုဖီအာနန်ကိုခေါ်လိုက်တုန်းက ANP, USDP,မဘသ နဲ့ Eleven media မကျန် ဝိုင်းဆော်ကြတာမှတ်မိသေးတယ်။ ရခိုင်လူမျိုးတွေနဲ့ကိုက်ညီပါ့မလား ပြည်တွင်းအရေးမို့ ဒီလူကိုခေါ်စရာမလို ..ဘာ..ညာ..ပွက်ပွက်ညံနေတဲ့ကြားက အာနန်ကော်မရှင်ဟာ အသင့်လျော်ဆုံး အစီရင်ခံစာ တစောင်ကိုတင်သွင်းနိုင်ခဲ့တယ်။ "(၁၉၈၂)နိုင်ငံသားဖြစ်ခွင့်ဥပဒေနဲ့ စိစစ်သွားဖို့"ဆိုတာအလွန်ဆုံး ရေးသားထားပြီး"ရိုအင်ဂျာ"ဆိုတာ တလုံးမှ မပါဘူး။ Indigenous People (ဌာနေတိုင်းရင်းသား) ဆိုတာ ဝေလာ..ဝေး... ကျနော်ဖတ်ဖူးသလောက် countryless people အင်အားဟာ အခုလို(၁၀)သိန်းလောက်မရှိရင်တောင် ဘယ်နိုင်ငံမှလက်မခံတဲ့အခါ ကုလရဲ့rules and regulations အရ ရောက်ရှိနေတဲ့နိုင်ငံဟာ လက်ခံရစမြဲ... ကစားပွဲဟာ ပြောင်းပြန်ဖြစ်သွားတယ်... ဆွဲဖဲကို အပွင့်ကြီးမှန်းရိပ်မိလိုက်တဲ့ "ရို" လော်ဘီတွေဟာပြေးပေါက်ပိတ်ပြီး terrorism ဆိုတဲ့ ဖဲ ခိုးလိုက်ကာမှ ကစားပွဲကနေ အပယ်ပါခံရတော့တယ်

ဘင်္ဂါလီ အကြမ်းဖက်အုပ်စုများကို နှစ်နိုင်ငံ ပူးတွဲစစ်ဆင်ရေးဖြင့် နှိမ်နင်းရန် မြန်မာနိုင်ငံကို ဘင်္ဂလားဒေ့ရှ် ကမ်းလှမ်း

ရခိုင်ပြည်နယ်ရှိ ဒေသခံ တိုင်းရင်းသားများကို တိုက်ခိုက်မှုများ ပြုလုပ်နေသည့် ဘင်္ဂါလီ အကြမ်းဖက် သောင်းကျန်းသူများကို နှိမ်နင်းရာတွင် စစ်ရေးအကူအညီပေးရန် မြန်မာနိုင်ငံကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဆိုပြု ကမ်းလှမ်းလိုက်ကြောင်း သတင်းဌာနက ရေးသားဖော်ပြသည်။ဘင်္ဂါလီ စစ်သွေးကြွ အကြမ်းဖက် သောင်းကျန်းသူများကို နှစ်နိုင်ငံ ပူးတွဲစစ်ဆင်ရေးများဖြင့် တိုက်ခိုက်နှိမ်နင်းသွားရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ယနေ့တွင် အဆိုပြုလိုက်ခြင်း ဖြစ်သည်။မြို့တော်ဒါကာ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ သံရုံးယာယီတာဝန်ခံနှင့် တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထိပ်တန်းအရာရှိတစ်ဦးက နှစ်နိုင်ငံ နယ်စပ်ဒေသရှိ ဘင်္ဂါလီ စစ်သွေးကြွများကို ပူးတွဲစစ်ဆင်ရေးများ ပြုလုပ်ကာ တိုက်ခိုက်နှိမ်နင်းသွားရန် အဆိုပြုခဲ့သည်။“တကယ်လို့ မြန်မာဘက်က ဆန္ဒရှိမယ်ဆိုရင် နှစ်နိုင်ငံ တပ်ဖွဲ့တွေ ပူးပေါင်းပြီး နယ်စပ်ဒေသတစ်လျှောက်မှာရှိတဲ့ စစ်သွေးကြွတွေကို တိုက်ခိုက်နှိမ်နင်းနိုင်ပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောကြားသည်။အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံသံရုံး ယာယီတာဝန်ခံဘက်က မည်သည့်သုံးသပ်ထင်မြင်ချ