Skip to main content

အကြမ်းဖက်သမားတွေရဲ့ ရည်မှန်းချက်ဟာ နယ်မြေပိုင်ဆိုင်မှုဖြစ် 29 August 2017

တပ်မတော်က သြဂုတ်လ ၂၉ ရက်နေ့က နေပြည်တော်မှာ သတင်းစာရှင်းလင်းစဉ်။ Photo: Win Ko Ko Latt/RFA
ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်နေတဲ့ အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ ရည်မှန်းချက်ဟာ နယ်မြေပိုင်ဆိုင်မှုဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဌဗိုလ်ချုပ် အောင်ရဲဝင်း က ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ဘုရင့်နောင်ခန်းမမှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြား တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်က ရဲကင်းစခန်းတွေတိုက်ခိုက်ခံရမှုဟာ လုံခြုံရေးစည်းကျိုးပေါက်လို့ မဟုတ်ဘူး လို့လည်း စစ်ဖက်ရေးရာနဲ့ လုံခြုံရေး ဒုတိယအရာရှိချုပ် ဗိုလ်ချုပ် သန်းထွဋ်သိန်း က ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က တပ်မတော်ကို ရဟတ်ယာဉ်တွေ သုံးစွဲဖို့ခွင့်ပြုထားတဲ့အကြောင်း လည်း ဗိုလ်ချုပ် သန်းထွဋ်သိန်းကပြောပါတယ်။

ဒါ့အပြင် အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီ ခေါ်ယူရေး အဆုံးအဖြတ်ကို နိုင်ငံတော်သမ္မတက သာ ဆောင်ရွက်ရတာဖြစ်ကြောင်းနဲ့ အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီကို ခေါ်ယူပြီး လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ဖို့ရှိကြောင်းလည်း ဗိုလ်ချုပ် သန်းထွဋ်သိန်း က ပြောပါတယ်။

ဒီကနေ့ သတင်းစာရှင်းလင်းပွဲကို ပြည်တွင်း ပြည်ပသတင်းထောက်တွေ၊ အမေရိကန်၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် စတဲ့ နိုင်ငံတွေက စစ်သံမှူးတွေ တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese

Comments