Skip to main content

ရခိုင်အရေး စစ်တပ်ကကိုင်တွယ်ဖို့ အစိုးရအဆုံးအဖြတ်အတိုင်း ဆောင်ရွက်နေဟု တပ်မတော်ရှင်းလင်း



ရခိုင်ပြည်နယ် မောင်တော ဒေသ အကြမ်းဖက်မှုတွေကို စစ်တပ်ဘက်က ကိုင်တွယ်တဲ့ နေရာမှာ အစိုးရရဲ့ အဆုံးအဖြတ်ကို ရယူဆောင်ရွက်ရတာ ဖြစ်တယ်လို့ တပ်မတော်ဘက်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖို့ တပ်မတော်ဘက်က နိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာ အမြင့်ဆုံးဖြစ်တဲ့ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူလိုပေမယ့် အဓိက အဆုံးအဖြတ်ကတော့ သမ္မတ ပေါ်မှာ မူတည်တယ်လို့လည်း ပြောဆိုသွားပါတယ်။

"ကျနော်တို့တပ်မတော်ရဲ့အနေအထားပေါ့နော်၊ ကျနော်တို့တပ်မတော်ရဲ့အနေအထားကတော့ ကျနော်တို့ပြောသွားတဲ့အထဲမှာ ကျနော်တို့သည်နိုင်ငံတော်အစိုးရရဲ့ ကွပ်ကဲမှုအောက်မှာပဲ နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။ တခုခုလုပ်မယ်ဆိုရင်လည်း ကျနော်တို့သည် အဆုံးအဖြတ်ကိုယူရပါတယ် နိုင်ငံတော်အစိုးရကိုတင်ပြီး အဆုံးအဖြတ်ကိုယူရပါတယ်။ ဆိုတော့ ကျနော်တို့တပ်မတော်ပိုင်းကနေပြီးတော့မှ ကာကွယ်ရေးဝန်ကြီးတို့ ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဒုတိယတပ်မတော်ချုပ်တို့ ကလည်း နိုင်ငံတော်အစိုးရနဲ့ တွေ့တဲ့အခါမှာ ယခုရခိုင်ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့မှ ဖြစ်နေတဲ့အနေအထားတွေ ၊ ပြီးသွားရင် ဖြစ်သင့်တဲ့အနေအထားတွေ ၊ ပြီးသွားတော့ ကျနော်တို့တပ်မတော်ဖြစ်ချင်တဲ့အနေအထားတွေ ဒီ၃ခုလုံး ကျနော်တို့ ဆွေးနွေးပါတယ်။

သာမန်အားဖြင့်တော့ ကျနော်တို့ ဖြစ်နေတဲ့အနေအထားကတော့ လက်ရှိအနေအထား ပါ။ ဒါကတော့ လူမှုကွန်ယက်မှာရော၊ printed media တွေမှာရော ကျနော်တို့အပေါ်မှာ မြင်နေတဲ့သဘောထားက ကာလုံရဲ့သဘောတရားမှာ တပ်မတော်က ၆ မဲပါတယ်၊ အရပ်ဘက်က ၅ မဲပါတယ်။ ကာလုံကိုခေါ်ပြီးတော့ ဆုံးဖြတ်မယ်ဆိုရင်တော့ တပ်မတော်လုပ်ချင်တာလုပ်မယ်ဆိုပြီးတော့ မြင်နေတာတွေအများကြီးရှိပါတယ်။ တကယ်ကတော့ ကျနော်တို့ ခုနကတင်ပြခဲ့သလိုပါပဲ၊ ဘယ်လိုပဲဆွေးနွေးဆွေးနွေးနောက်ဆုံးအဆုံးအဖြတ်ကတော့ သမ္မတကြီးရဲ့ အဆုံးအဖြတ်ပါပဲ။"

တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်အောင်ရဲဝင်း ပြောဆိုခဲ့တာပါ။

ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ တပ်မတော် သတင်းစာ ရှင်းလင်းပွဲမှာတော့ မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံတကာ စစ်သံမှူးတွေ၊ သတင်းမီဒီယာတွေ တက်ရောက် မေးမြန်း ဆွေးနွေးခဲ့ပါတယ်။ မောင်တော ဒေသ အကြမ်းဖက်မှုတွေကို ကိုင်တွယ် ရှင်းလင်းတဲ့ နေရာမှာ တပ်မတော် အနေနဲ့ နယ်မြေ ဒေသ အခြေအနေကို ကြည့်ပြီး စစ်တပ်အင်အားနဲ့ ရဲတပ်ဖွဲ့ အင်အားကို အသုံးပြုနေတယ်လို့လည်း ပြောဆိုသွားပါတယ်။

နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချက်တွေမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးမှုတွေကြောင့် ဒေသခံတွေ အနေနဲ့ မြန်မာ အစိုးရက အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာထားတဲ့ ARSA -အဖွဲ့နဲ့ ပူးပေါင်းသွားတာမျိုးလည်း ဖြစ်နိုင်ကြောင်း နိုင်ငံတကာ စစ်သံမှူး တဦးက ဆွေးနွေးပါတယ်။ ဘင်္ဂလားဒေရှ့် နယ်စပ် မြန်မာဘက်ခြမ်းက အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ သတင်းအချက်အလက်တွေကို ဘင်္ဂလားဒေရှ့် အစိုးရကို မျှဝေပေးဖို့ကိုလည်း ဘင်္ဂလားဒေရှ့် စစ်သံမှူးက တောင်းဆိုပါတယ်။ ဒီကနေ့ နေပြည်တော် ဘုရင့်နောင် ရိပ်သာမှာ ပြုလုပ်တဲ့ ရခိုင် အကြမ်းဖက်မှု အရေး သတင်းစာ ရှင်းလင်းပွဲမှာတော့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ ဥက္ကဌ ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဒုတိယ ဥက္ကဌ ဗိုလ်ချုပ် အောင်ရဲဝင်းနဲ့ စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ ဒုတိယ အရာရှိချုပ် ဗိုလ်ချုပ် သန်းထွဋ်သိန်းတို့က ရှင်းလင်းခဲ့ကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...