============================
= ဦးရွှေမောင် ခေါ် အဒူရော်ဇာတ်ရဲ့ မိဘနှယောက်လုံးဟာ ခိုးဝင်ဘင်္ဂါလီများသာဖြစ်ကြ ....
= ၁၉၉၁ နောက်ပိုင်း ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့၊ သို့သော်
ဘူးသီးတောင်မှ ရန်ကုန်မြို့သို့ပြောင်းရွှေ့ရာတွင် ပုံစံ(၁၀)ဖြင့်
တရားဝင်ပြောင်းရွှေ့ထားခြင်းမရှိ ...
= သူကိုင်ဆောင်ခဲ့တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ် ၁၂/ ပဇတ(နိုင်)၀၃၆၃၀၆ကို အကြံဖန်လုပ်၍ ရယူထား ...
(ပုဇွန်တောင်မြို့နယ်လဝကများ လာဘ်ယူ၍ပေးခဲ့ခြင်းဖြစ်နိုင်) ...
= ၂၀၁၀ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ပုဇွန်တောင်လဝကရုံးမှ ပုံစံ(၁၀)ကို ၂၃-၈-၂၀၁၀ ရက်စွဲဖြင့်ထုတ်ယူခဲ့ပြီး ဘူးသီးတောင် မြို့မရပ်ကွက်တွင် နေထိုင်ခဲ့ ...
= ၎င်းပုံစံ (၁၀) တွင် လူမျိုးအမည်ကို ဘင်္ဂါလီ-ကမန်-ရခိုင်-ဗမာဟု ခေါ်ပြခဲ့ ...
= ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီအမတ်ဖြစ်ဖြင့် မောင်တောမဲဆန္ဒနယ်မှ ရွေးကောက်ပွဲအနိုင်ရပြီး ကြံခိုင်ရေးပါတီ၏ ဘင်္ဂါလီအမတ်သုံးဦးအနက် တဦးဖြစ်လာ ....
= ၂၀၁၅ ရွေးကောက်ပွဲတွင်မူ ANPပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စာလှယ်လောင်း ဦးအောင်သောင်းရွှေရဲ့ ကန့်ကွက်မှုကြောင့် ကော်မရှင်မှ အမတ်အဖြစ်ဖြင့် စာရင်းပေးမှုပယ်ချခံရ ...
= ဦးရွှေမောင်ဟာ အမတ်ဖြစ်နေစဉ်အတွင်း ရခိုင်-ဘင်္ဂါလီအရေးအခင်းအတော်များများတွင် ဘင်္ဂါလီများကို ကာကွယ်ပေးခဲ့ပြီး၊ ရဲတပ်ဖွဲ့နှင့် တပ်မတော်ကိုရှုတ်ချ၍ နိုင်ငံခြားမီဒီယာများကို ပြောကြားခဲ့လို့ နိုင်ငံအတွက် များစွာသိက္ခာကျခဲ့ရ ...
= ထင်ရှားသည့်တခုမှာ၂၀၁၄ ခုနှစ်တွင်ဖြစ်ပွားတဲ့ ဒုချီးရားတန်း (အနောက်) ရွာမီးရှို့မှုတွင် ရဲတပ်ဖွဲ့ပါဝင်ခဲ့တယ်လို့ DVBကို ပြောကြားခဲ့မှုပါ၊ ထိုအမှုကြောင့် အတိုင်ခံရသော်လည်း အရေးယူမခံခဲ့ရပေ၊ မိခင်ပါတီမှလဲ တစုံတရာအရေးယူခြင်းမရှိခဲ့ပေ ...
= ဦးရွှေမောင်ဟာ ငွေသိန်း ၃၅၀ လိမ်ညာမှုဖြင့် ဦးစိုးနိုင်မှ မင်္ဂလာတောင်ညွန့်ရဲစခန်းတွင် အမှုဖွင့်တရားစွဲခံထားရသော်လဲ အမှုကို လာရောက်ရင်ဆိုင်ခြင်းမရှိသောကြောင့် တရားခံပြေးအဖြစ် ကြေညာခြင်းခံထားရ ...
= ယခုအခါ သူသည် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီတွင် နေထိုင်လျှက်ရှိ ...
= မဘသနဲ့ ဝီရသူတို့လိုမျိုးချစ်အမည်ခံ အရိုးမျှော်ဝါဒီတို့က သူတို့ကိုမထောက်ပံ့တဲ့NLDမှ ဦးကိုနီကို ပြည်ဖျက်တယောက်အဖြစ် ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြသော်လဲ၊ သူတို့ကိုထောက်ပံ့ထားတဲ့ကြံ့ခိုင်ရေးပါတီရဲ့ ယခုပြည်ဖျက်အမတ်တယောက်အကြောင်းကိုတော့ မည်သို့သောဝေဖန်မှုကိုမျှ မတွေ့ရ ...
Stray Bird

Comments
Post a Comment