Skip to main content

ကာလုံခေါ်သင့်မခေါ်သင့်

၂၀၁၇ သြဂုတ်လ ၂၉ ရက်နေ့  နေပြည်တော်မှာရှိတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ဘုရင့်နောင်ဧည့်ရိပ်သာ)မှာကျင်းပတဲ့ရခိုင်အရေးသတင်းစာရှင်းလင်းပွဲမှာဒုတိယတပ်မတော်စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ်ဗိုလ်ချုပ်သန်းထွဋ်သိန်းကအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (ကာ/လုံ )ခေါ် ယူပြီးလိုအပ်သလိုညှိနှိုင်းလုပ်ဆောင်သွားရမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ အဲဒိမတိုင်မီကလည်း ပြည်ခိုင်ဖြိုးပါတီနဲ့ မိတ်ဘက်ပါတီများကကာ/လုံအစည်းအဝေးခေါ်ယူပေးဖို့ လက်ရှိအစိုးရကိုတောင်းဆိုခဲ့ပါသေးတယ်။

 တပ်မတော်ဘက်ကထောက်ပြတာကတော့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အုပ်ချုပ်ရေးယန္တယားပျက်နေပြီးပိုမိုပြင်းထန်လာပါကအနောက်တံခါးကျိုးပေါက်နိုင်ပြီးဘင်္ဂလီအကြမ်းဖက်အဖွဲ့ရဲ့ရည်မှန်းချက်ဖြစ် တဲ့ လွတ်မြောက်နယ်မြေဖြစ်သွားနိုင်တဲ့အတွက် ကာ/လုံအစည်းအဝေးခေါ်ယူပြီးညှိနှိုင်းလုပ်ဆောင်သွားရမယ်လို့ဆိုပါတယ်။ ကာလုံဟာလူပြောသူပြောများတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ ကွယ်လွန်သူ ဦးကိုနီအပါအ၀င် နိုင်ငံရေးလေ့လာ သူတော်တော်များများကလည်းကာလုံဆိုတဲ့အဖွဲ့မှာတပ်မတော်ကအင်အား၆ မဲရှိတာကြောင့် အင်အား ၅ မဲပဲရှိတဲ့အရပ်သားအိုးရအပေါ်မှာတပ်မတော်ကအသာစီးရအောင် တမင်လုပ်ထားတယ်လို့ တောက်လျှောက် ပြောဆိုဝေဖန်မှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီတခါထူးခြားတာကဆွေးနွေးချက်တွေကိုမဲခွဲဆုံးဖြတ် တာမျိုးမဟုတ်ပဲဘယ်လိုပဲဆွေးနွေးဆွေးနွေး နောက်ဆုံးအဆုံးအဖြတ်ကတော့ သမ္မတကြီးအဆုံးအဖြတ်ပဲဖြစ်တယ်လို့ တပ်မတော်ဘက်က တရားဝင်ထုတ်ပြောလာတာပဲဖြစ်တယ်။ ဒါကတော့အင်မတန်ထူးခြားတဲ့ကမ်းလှမ်းချက်ဖြစ်ပါတယ်။

ကာလုံအစည်းအဝေးခေါ်မယ်။ ရခိုင်ပြည်နယ်လုံခြုံရေးကိစ္စဆွေးနွေးမယ်။ဆုံးဖြတ်ချက်ကိုတော့ သမ္မတကြီးဆုံးဖြတ်တာကိုတပ်ချုပ်နဲ့တကွ တပ်ဘက်ကကိုယ်စားပြုသူ ၆ ဦးကလက်ခံပါမယ်လို့ သတင်းစာရှင်းလင်းပွဲမှာပြောကြားခြင်းဟာတပ်ချုပ်ကြီးဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင် သဘောမတူဘဲလွယ်လွယ်ထုတ်ပြောခွင့်မရှိပါဘူး။အထက်ကခွင့်ပြုလို့ ဗိုလ်ချုပ်သန်းထွဋ်သိန်းတို့ပြောတာဖြစ်မှာပါ။ တပ်ဘက်ကသဘောထားပြောင်းလာပြီ (ဒါမှမဟုတ် ပျော့ပြောင်းလာပြီ)လို့ပြောလို့ရတဲ့အနေအထားမှာဆုံးဖြတ်ချက်ဟာ NLD အစိုးရကချမှတ်ရတော့မှာပါ။ ဒီကိစ္စဟာပါတီတခုကိစ္စ၊ နိုင်ငံရေးကိစ္စမဟုတ်ဘဲအမျိုးသားအကျိုးစီးပွားကိစ္စဖြစ်လာပါပြီ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဘင်္ဂါလီအကြမ်းဖက်သမား ( ARSA) ကိုတိုက်တဲ့ကိစ္စမှာစစ်တပ်မပါဘဲမပြီးနိုင်တာလက်ရှိအမှန်တရားပါ။ စစ်တပ်မှာလဲကာကွယ်ရေးဦးစီးချုပ်ကအခရာပါ ။ အဲဒီကာကွယ်ရေးဦးစီးချုပ်ကိုတွေ့ဆုံပြီးစစ်ရေး၊ နိုင်ငံရေး၊သံတမန်ရေးကိစ္စတွေဆွေးနွေးမယ် ဆိုတဲ့ကိစ္စဟာကောင်းတဲ့ကိစ္စဖြစ်ပါတယ်။ ဒီတချီတော့လုပ်သင့်တဲ့ကိစ္စ၊လုပ်သင့်တဲ့အချိန်လို့ မြင်ပါတယ်။အရေးကြီးပြီမို့ သွေးနီးကြရပါတော့မယ်။ ၂၀၀၈ အခြေခံဥပဒေနဲ့ ကာ/လုံ ကိုရောထွေးကြောက်ရွံ့နေရမယ့်အချိန်မဟုတ်တော့ဘူးလို့မြင်ပါတယ်။

 ကာလုံအစည်းအဝေးဆိုတာတကယ်တော့ကာချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရယ်၊သမ္မတဦးထင်ကျော်ရယ်၊ နိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်ရယ် သုံးပွင်းဆိုင်တွေ့ဆုံပွဲပါပဲ။ကျန်တဲ့ ၈ ယောက်ကအရံတွေပါပဲ။ အဓိက ကြီးသုံးကြီးကသူတို့ပါ။ အဲဒီအစည်းအဝေးဟာ နိုင်ငံရေးကစားပွဲမဟုတ်လို့ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အတွက် ဘာမှအရှုံးမရှိနိုင်ပါဘူး။ ဘယ်လိုပဲဆွေးနွေးဆွေးနွေး နောက်ဆုံးအဆုံးအဖြတ်ကတော့ သမ္မတကြီးရဲ့အဆုံးအဖြတ်ပါပဲလို့ တပ်မတော်ဘက်ကကြိုတင်ကတိပေးထားတာမို့ တွေ့လိုက်တာအရှုံးမရှိဘူး။ နိုင်ငံ့အတွက် အမြတ်ပဲထွက်နိုင်ပါတယ်။ အမြတ်ကဘာလဲဆိုတော့ အခုရင်ဆိုင်နေရတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကိုတပ်မတော်ကစစ်ရေးအရဘယ်လိုကိုင်တွယ်မယ်။ တချိန်တည်းမှာပဲနိုင်ငံ့တကာဆက်ဆံရေးအတွက် ဒေါ်အောင်ဆန်းစုကြည်တို့ကသံတမန်ရေးအရဘယ်လိုကိုင်တွယ်မယ်။ ပြည်တွင်းပြည်ပအုပ်ချုပ်ရေးပိုင်း၊ထောက်ပံ့ရေးပိုင်း၊ ညှိနှိုင်းဆောင်ရွက်ပံ့ပိုးရေးပိုင်းအတွက် သမ္မတကြီးကဘယ်လိုကိုင်တွယ်မယ်ဆိုတာတွေကို မြန်မာနိုင်ငံရဲ့အရေးအပါဆုံးခေါင်းဆောင်သုံးဦး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအကျိုးအတွက် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးခွင့်ရတာအလွန်ကောင်းမွန်တဲ့အခွင့်အရေးပါ။လုပ်လဲလုပ်သင့်ပါတယ်။

 ၂၀၀၈ ဖွဲ့စည်းပုံမှာအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဆိုတာမရှုပ်မရှင်းရေးထားတာပါ။ ဖွဲ့စည်းပုံဥပဒေပုဒ်မ ၂၀၁ မှာကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကိုဘယ်သူတွေနဲ့ ဖွဲ့စည်းမယ်လို့သာရေးထားပြီး ဘယ်အချိန်တွေမှာအစည်းအဝေးခေါ်ရမယ်လို့ သတ်သတ်မှတ်မှတ်ပြဌာန်းမထားပါဘူး။ ကာလုံအစည်းအဝေးဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်ရမယ်လို့လဲရေးမထားပါဘူး။ ဒါ့ကြောင့် ခေါ်ချင်လဲခေါ်လို့ရသလိုမခေါ်ချင်လဲမခေါ်ဘဲနေခွင့်ရှိပါတယ်။ ခေါ်မိရင်စစ်တပ်ကအမြတ်ထုတ်သွားလိမ့်မယ်လို့ ဒီမိုကရေစီဘက်တော်သားတွေကအစဉ်အဆက်စိုးရိမ်ခဲ့တာပါ။ အခုတော့ သတင်းစာရှင်းလင်းပွဲမှာတပ်မတော်ဘက်ကအဲဒီလိုစိုးရိမ်စရာမရှိဘူး။ သမ္မတကြီးအဆုံးအဖြတ်ဟာနောက်ဆုံးအပြီးသတ်ဖြစ်ပြီးမဲခွဲဆုံးဖြတ်တာတွေဘာတွေရှိမှာမဟုတ်တဲ့အကြောင်းကိုဖွင့်ပြောပြီးလမ်းဖွင့်ပေလိုက်ပါပြီ။ အခြေအနေရောအချိန်အခါရောနိုင်ငံကအရမ်းအရေးကြီးနေပါတယ်။ ပြည်ပမှာစစ်ရေးသင်တန်းတွေတက်ထားတဲ့ အစွန်းရောက်မူဆလင်အကြမ်းဖက်စစ်သွေးကြွတွေကခေါင်းဆောင်ပြီး မြန်မ့ာအနောက်ဘက်တံခါးကိုတိုက်နေတဲ့အချိန်ပါ။ ကာလုံအစည်းအဝေးခေါ်လို့  NLD အတွက်ရောတိုင်းပြည်အတွက်ပါ အရှုံးမရှိနိုင်ဘူး။

 မြန်မာ့သမိုင်းမှာတပ်နဲ့အရပ်ဘက်မညီညွတ်တာတွေများခဲ့တဲ့အတိတ်ကိုခ၀ါချပြီးဒီတကြိမ်တော့ တိုင်းပြည်မှာတကယ်လိုအပ်နေတာမို့ သမ္မတကြီးက ကာလုံအစည်းအဝေးပထမဆုံးအကြိမ်ခေါ်ပြီးဘင်္ဂလီအရေးကိုတင်းတင်းကြပ်ကြပ်ဖိဖိစီးစီးလုပ်ဆောင်သင့်ပါတယ်လို့နိုင်ငံသားတယောက်အနေနဲ့ ရိုးရိုးသားယုံကြည်မိကြောင်းပါ။



သရ၀ဏ်(ပြည်)

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video