ပြည်ခိုင်ဖြိုးတောခိုတော့မည်လော
***********************
အစိုးရသစ်သက်တမ်းနှစ်နှစ်မပြည့်သေးမီ လတာအတွင်းပြည်ခိုင်ဖြိုးပါတီသည် မီးလောင်လျှင်ပျော်သည် ရေကြီးလျှင်ပျော်
်သည်ဒေါ်လာဈေးတတ်လျှင်ပျော်သည် မုဒိမ်းမှုဖြစ်လျှင်ပျော်သည်။
ဘာပြဿနာဖြစ်ဖြစ်သူတို့လုပ်တတ်သည်မှာ ၁၃ ပါတီ၁၄ပါတီပါတီ၂၀စု၍ကာလုံခေါ်ခိုင်း
ခြင်းဖြစ်သည်။
တကယ်တမ်းစဉ်းစားကြည့်လျှင် ပါတီ၏အာ
ဘော်မှာ သူပုန်အာဘော်သာဖြစ်နေသည်။
တိုင်းပြည်မကောင်းတာဖြစ်သမျှပျော်တာသူပုန်သာဖြစ်ပေလိမ့်မည်။
မိမိတို့ကိုယ်ပိုင်မည်သည့်ဝါဒနှင့်မျှမရပ်တည်ပေ။လူမျိုးရေးဆိုလဲပြေး ဘာသာရေးဆိုလဲပြေး မုဒိမ်းမှုဆိုလဲပြေး- ကူညီတာတော့မဟုတ်အမြတ်ထုတ်ဖို့။
ကိုယ်ပိုင်ဘာလမ်းစဉ်မှမရှိတော့ ဟိုဟာပြေးကပ် ဒီဟာပြေးးကပ် ။စစ်တပ်ကို တိုင်းရင်းသားအတုတွေနဲ့ထောက်ခံပြီးပြေးကပ်တော့လည်းမျက်နှာမရ။မရဆိုရှမ်းပျိုဖြူ တွေကိုသိက္ခာချလို့ချ ရခိုင်ကိုယ်စားပြုတဲ့သူက
ရခိုင်စကားမတတ် ကချင်ကလဲလှမ်းကန့်
့်ကွက်ဟားးး။ ဘုန်းကြီးကိုပြေးကပ်တော့လဲ မဘသ ဥက္ကဋ္ဌ ရွာမဆရာတော်ကြီးကိုယ်တိုင်
ဘင်္ဂလီအရေး ဒေါ်စုကိုထောက်ခံထားတော့ အခက်တွေ့။လူမိုက်ခေါင်းဆောင်ဝီရသူနဲ့ကျတော့လည်းအဆင်မပြေ လူမုန်းကများများ။ ယောင်ခြောက်ဆယ်ပါတီဟုခေါ်ရမလိုပင်ဖြစ်နေသည်။
ထရန့် သမ္မတဖြစ်လာတော့ ထရန့်ကပဲသူတို့နဲ့
ဘာလိုလို သက်ငယ်မုဒိမ်းမှုတွေဖြစ်လာတော့ ဒါကပဲသူတို့ပါတီနိုင်ငံရေးအမြတ်ထုတ်ဖို့ ကောက်ရိုးတမျှင်လိုလို လမ်းဘေးဈေးသည်
တွေရှင်းတော့ဒီကိစ္စကြောင့်ပဲပြည်သူတွေ
NLDကိုအကြောင်းသိသွားပြီသူတို့ဘက့်ပြန်လှည့်လာတော့မလိုလို M 150 အချိုရည်
ဘူးကြောင့်ပြည်သူတွေထိတ့်လန့်ပြီးအိပ်မပျော်တဲ့အခြေအနေရောက်နေလို့ အာဏာပြန်သိမ်း
ခိုင်းလို့ခိုင်း။
ပြောမယ်ဆို ရွာထဲကမိန်းကလေးတစ်ယောက်
ခိုးရာလိုက်တိုင်းသူနဲ့လိုက်တယ်ထင်အောင် စပါးပုတ်အောက်ဝင်ဝင်ပုန်းတဲ့ တွတ်ပီလိုဖြစ်နေပြီ ပြည်ခိုင်ဖြိုးရေ။
ရေစီးရေလာနဲ့ငါးရဲ့သဘောကိုမသိတော့ ငါးမျှားတံကိုင်ပြီး ဘယ်နေရာငါးထပွက်မလဲ
လိုက်ချောင်းနေတဲ့ကလေးလေးလိုဖြစ်နေပြီ။
၁၃ ပါတီစုပြီးကာလုံခေါ်ခိုင်းရင်ပြည်သူတွေ
ွဆူမှာ NLD အခက်တွေ့မှာထင်ပြီးလုပ်
်ကြည့်လိုက်တော့လဲ ကိုယ်နဲ့မဆိုင်တာ ဝင်ရှုပ်တဲ့ကလေးတွေလို ဦးဝင်းထိန် ခြောက်ခွန်းမှာစောက်ရူးသာဖြစ်ကျန်ခဲ့လေရဲ့။
၁၈ လတာအတွင်း မျိုးချစ်ဖြစ်လိုက် လမ်းဘေးဈေးသည်ဖြစ်လိုက် ဟိုလက်ပတ် ဟိုခေါင်းစီး ဟိုအလံ ဟိုဆောင်ပုဒ် တော်ကြာရခိုင်ရောက်လိုက် တော်ကြာကချင်ရောက်လိုက် ကိုဖီအာနန်ဆိုလဲလာထား ကွန်တိန်နာဆိုလဲလာထား ညဈေးတန်းဆိုလဲလာထား
သာဝန် ဆန္ဒပြဖို့ဆိုလဲလာထား
မနေမနားဆန္ဒတွေပြနေရ ထောက်ခံတဲ့ဟာလဲထောက်ခံရနဲ့ မနေမနားပြေးလွှားနေရတာ အညာကဘူတာရုံမှာရထားထွက်တော့ နောက်ကအပြေးလိုက်ပြီး မြေပဲပြုတ်ရောင်းတဲ့
ဲ့သူလို ခလုတ်တိုက်ချော်လဲပြန်ထ ပြန်လိုက် သူ့ဟာလဲဘယ်သူမှမဝယ်- မျက်နှာငယ်လေးနဲ့သနားဖို့တောင်ကောင်းနေပြီ။အနှီမြေပဲပြုတ်သယ်ကိုသနားပြီးဝယ်ရအောင်လည်း သူ့ဟာကပိုးထိုးနဲ့လောက်ကိုက် မှန်းသိတော့ခလုတ်တိုက်တာတောင်နည်းသေးလို့ပြောကြဆိုပဲ။
၁၈ လအတွင်းဆန္ဒပြသူတွေကလည်း သီဟတင်စိုးကားထဲကလို မြိတ် တနင်္သာရီ
ဘက်ကနေ ဂျပန်တွေဝင်လာတာဒါအကုန်ပဲ
လားမေးရလောက်အောင်ပါပဲ။ထုတ်လုပ်သူကငွေမတတ်နိုင်တော့ပုလိပ်အဖြစ်သေပြီးတဲ့ကောင် နောက်တစ်ခန်းမှာမျိုးချစ်ရဲဘော် စခန်းထမင်းချက်သူအဖြစ်ပြန်ပါလာရတာပေါ့ဗျာ။ပရိတ်သတ်ကဟိုကောင်ပဲဟလို့ထအော်လဲ ရှက်ရှက်နဲ့ နေ့တွက်မကိုက်လို့ တစ်ကားထဲမှာ
လေးငါးနေရာဝင် သရုပ်ဆောင်ရတာပါဗျာ
ဆိုပြီးနေရတာပေါ့ဗျာ။မကိုက်ဆို ဇာတ်ရံသရုပ်
်ဆောင်ဆိုတာ ဈေးနည်းတာကိုး။ဘူးလက် ခင်ဝိုင်းကြည် စွေစောင်း ဝီရသူ တို့လို့
အဓိကဇာတ်လိုက်ကြီးတွေကတော့ဘဏ်ထဲမှာ
ငွေတွေ နင့်နေအောင်ထည့်ထားပြီးအကယ်ဒမီ ငါးထပ်ကွမ်းလောက် ပေးခြင်းခံထားရတာဗျ။
နောက်ဆုံးအခုလက်ရှိ အစွန်းရောက်ဘင်္ဂလီ
အကြမ်းဖက်သူများထဲမှာလဲ သူတို့နဲ့မလွတ်
ပြည်ခိုင်ဖြိုးအမတ်ဟောင်း ရွှေမောင် ခေါ် အနူရာဇတ် ဆိုသူက မြန်မာ့ အစိုးရနှင့်
တပ်မတော်ကို အကြီးအကျယ်လှမ်းစော်ကား
နေပြန်ပါသည်။ပါတီကလည်း မရောင်ရာဆီလူး
ပါတီ ၂၀ ဆိုလားဘာဆိုလား သခွပ်ပင်က မီးတကျည်ကျည် လုပ်နေပြန်ပါသည်။
ပြောမယ်ဆို မီးလောင် ရေကြီး သင်္ဘောနစ် စစ်ဖြစ် ယဉ်ကြောပိတ် မုဒိမ်းမှု လူသတ်မှု ဓါးပြမှု ဒေါ်လာဈေးတတ် စပါးဈေးကျ ဘာဖြစ်ဖြစ် NLD အစိုးရအခက်တွေ့ပြီဆိုပြီး
သူတို့ပျော်ပျော်နေတော့ တိုင်းပြည်မကောင်း
တာဖြစ်တာဝမ်းသာနေတဲ့ခင်ဗျားတို့ဟာ
သူပုန်တွေ ဖြစ်နေပြီ။
အခုလဲ နှစ်တစ်ရာ ရို စီမံကိန်းကြီးကို
တစ်ခါထဲရိုက်ချိုးဖျက်စီး နေတဲ့အချိန်မှာ
အာနန်ကော်မရှင်ကို ဆန္ဒပြမလို့ဆိုပဲ။
ကိုဖီအာနန်က ရို မရှိကြောင်း အကြမ်းဖက်
သမားများအားရှုံ့ချကြောင်းကြေငြာထားတာကို
သူတို့က ဆန္ဒပြမယ်ဆိုတော့ပြည်ခိုင်ဖြိုးဆိုတာ
သူပုန်တွေပဲဖြစ်ရမယ်။
ဒီတော့ဗျာ ခင်ဗျားတို့ တောခိုပြီးပြောင်ပြောင်တင်းတင်းသူပုန်သာ
လုပ်ပါတော့။
crd-Aung Paing Phyo.

Comments
Post a Comment