အခုတလော ရခိုင်ပြည်နယ် နယ်စပ် ဘူးသီးတောင် မောင်တော ဒေသ မှာ ဖြစ်ပွါးနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှု တွေကို အကြောင်းပြုလို့ အစိုးရကို ကာလုံ အစည်းအဝေး မခေါ်ရ ကောင်းလား ဆိုပြီး ပြောဆို ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ တဆက်ထဲမှာပဲ မကြာသေးမီက သမ္မတ ဦးထင်ကျော် ဦးဆောင် ပြီး ကာကွယ်ရေး ဦးစီးချုပ် နဲ့ အခြား ဝန်ကြီးတွေ ပါဝင် ကျင်းပ ခဲ့ တဲ့ ရခိုင် ကိစ္စ အပါအဝင် အမျိုးသား ကာကွယ်ရေး နဲ့ လုံခြုံရေး ကိစ္စတွေ နဲ့ ပတ်သက်တဲ့ အဆင့်မြင့် အစည်းအဝေး တရပ်ကို ကာလုံ အစည်းအဝေး ရယ်လို့ ထင်မြင်ယူဆ ပြောဆိုနေတာမျိုးတွေလည်း တွေ့ရပါတယ် ။ ဒါကြောင့် လူအများ စိတ်ဝင်တစား ပြောဆို တောင့်တ နေကြ တဲ့ ကာလုံ ဆိုတာ ဘာလဲ လို့ ကျွန်တော်လေ့လာကြည့်ပါတယ် ။ ပထမဆုံး ကာလုံ အစည်းအဝေး ခေါ်သင့်တယ်လို့ လိုလားပြောဆိုနေကြတဲ့ သဘောကို လေ့လာကြည့်တဲ့ အခါ အများစုက ကာလုံ ကို ဘယ်လို